Tuesday, December 25, 2018

ဂ်ပန္ အလုပ္သင္အလုပ္အကိုင္ သတင္း....👍👍👍😍😍😍
.
လက္ရွိ သြားေန၊လုပ္ေနတဲ့ အလုပ္သင္ေတြ နဲ႔ ပတ္သက္ျပီး ၂၀၁၉ ခုႏွစ္ ၄ လပိုင္းကစျပီး အေခၚအေ၀ၚကအစအေျပာင္းအလဲေလးေတြရိွလာပါမယ္။
အလုပ္အမ်ိဳးအစားအသစ္ေတြတိုးသလို၊အုပ္စုလိုက္သတ္မွတ္မႈေတြအသစ္ျဖစ္လာမယ္လို႔ျမင္ရပါတယ္။
၂၀၁၇ ခုႏွစ္ ဒီဇင္ဘာလ ၆ ရက္မွာထုတ္ျပန္ထားတဲ့အလုပ္အမ်ိဳးအစားေတြအရ အလုပ္အကိုင္အုပ္စု ၇၇ မ်ိဳးမွာ အလုပ္အမ်ိဳးစားေပါင္း ၁၃၆ မ်ိဳး ရွိေနခဲ့ျပီးပါျပီ။အဲဒီထဲကမွ အသစ္အခ်ိဳ႕ ထပ္တိုးျပီး လာမယ့္ႏွစ္ ဧျပီ လကေန စတင္ စနစ္သစ္နဲ႔အေခၚအေ၀ၚအသစ္နဲ႔၊ဗီဇာအမ်ိဳးအစားအသစ္နဲ႔ စတင္ပါလိမ့္မယ္။လက္ရွိ လက္ခံေနတဲ့ အလုပ္ေတြကို ဆက္လက္လက္ခံရင္းနဲ႔ အုပ္စုခြဲတာေတြ ျပန္လုပ္ပါလိမ့္မယ္။လက္ရွိထုတ္ျပန္ျပီးသတင္းေတြအရ.....
၁) သက္ႀကီးရြယ္အိုေစာင့္ေရွာက္ေရး

၂) အေဆာက္အဦးအတြင္းသန္႔ရွင္းေရး
၃) သံထည္ပံုသြင္းလုပ္ငန္း
၄) အႀကီးစားစက္ပစၥည္းထုတ္လုပ္တဲ့လုပ္ငန္း
၅) လွ်ပ္စစ္နဲ႔ အီလက္ထရြန္နစ္ ပစၥည္းထုတ္လုပ္တဲ့လုပ္ငန္း
၆) ေဆာက္လုပ္ေရးလုပ္ငန္း
၇) သေဘၤာေဆာက္လုပ္ေရး
၈) ကားျပဳျပင္ေရးလုပ္ငန္း
၉)ေလဆိပ္နဲ႔ ေလေၾကာင္းလုပ္ငန္း
၁၀) ေဟာ္တယ္လုပ္ငန္း(အသစ္အေနျဖင့္ပါ၀င္လာ)
၁၁) စိုက္ပ်ိဳးေရး
၁၂) ငါးလုပ္ငန္း
၁၃) စားေသာက္ကုန္လုပ္ငန္း
၁၄) စားေသာက္ဆိုင္လုပ္ငန္း(အသစ္အေနျဖင့္ပါ၀င္လာ) ဆိုျပီးအုပ္စုေတြခြဲထားပါတယ္။
.
လက္ရွိအလုပ္သင္ေတြမွာေတာ့ ပထမ အေခါက္ ၃ ႏွစ္(၁ ႏွစ္+၂ ႏွစ္)သြားလုပ္လို႔ရပါတယ္။ စာေမးပြဲေတြေျဖေပးရပါတယ္၊ေအာင္လက္မွတ္ေတြယူထားရပါတယ္။၃ ႏွစ္ျပည့္ျပီးရင္ ျမန္မာျပည္ျပန္လာေပးရပါတယ္။တစ္လေလာက္နားလိုက္ျပီးမွအလုပ္ရွင္ကုမၸဏီနဲ႔အလုပ္သင္တို႔ ႏွစ္ဦးႏွစ္ဖက္ အဆင္ေျပျပီးဆက္ေခၚမယ္၊ဆက္လုပ္မယ္ ျဖစ္ၾကရင္ေတာ့ COE အသစ္ျပန္ေလ်ာက္ျပီး ေနာက္ထပ္ ၂ႏွစ္ ထပ္သြားလို႔ ရတယ္ဆိုတဲ့အေနအထားပါ။လက္ရွိမွာေတာ့ ရနိုင္တာ အလုပ္သင္ဗီဇာအမ်ိဳးအစားနဲ႔ (၁ႏွစ္+၂ႏွစ္)...တစ္လျပန္...ေနာက္ ၂ ႏွစ္ ျပန္သြားလုပ္=စုစုေပါင္း ၅ ႏွစ္ပါ။
.
၂၀၁၉ ၄ လပိုင္းကေနျပီးေတာ့ အေျပာင္းအလဲေလးေတြထပ္လုပ္မွာက အေခၚအေ၀ၚေလးေတြေျပာင္းမယ္၊အလုပ္အမ်ိဳးအစားသစ္ေတြထပ္တိုးမယ္။ေရွ႕မွာရွိေနလုပ္ေနတဲ့ အလုပ္သင္ေတြထဲကမွ သတ္မွတ္ခ်က္ျပည့္မွီတဲ့ ဆက္လုပ္ခ်င္တဲ့သူေတြ ကို အလုပ္သင္ဗီဇာမဟုတ္ေတာ့ဘဲ အထူးနည္းပညာကၽြမ္းက်င္ ဗီဇာနဲ႔ အမ်ားဆံုး ၅ ႏွစ္အထိ ထပ္လုပ္ခြင့္ျပဳမယ္ဆိုတဲ့ အေနအထားျဖစ္သြားပါျပီ။ေလာေလာဆယ္ေတာ့...
၆) ေဆာက္လုပ္ေရးလုပ္ငန္း နဲ႔
၇) သေဘၤာေဆာက္လုပ္ေရး အလုပ္အကိုင္အုပ္စုမွာခြင့္ျပဳမယ္လ်ာထားပါတယ္။ ျဖည္းျဖည္းျခင္းနဲ႔က်န္တဲ့အလုပ္အမ်ိဳးအစားအုပ္စုေတြလည္းခြင့္ျပဳလာပါလိမ့္မယ္။
.
ၾကိဳးစားသြားမယ္၊တရား၀င္ေဘာင္ထဲကေနလုပ္သြားကိုင္သြားမယ္ဆိုရင္ စုစုေပါင္း ၁၀ ႏွစ္ အထိ ဂ်ပန္မွာအလုပ္လုပ္ေငြရွာလို႔ရနိုင္မယ့္အခြင့္အေရးေတြရပါမယ္။ရလာပါလိမ့္မယ္္္္္္္္္္္္္္္္္။
.
အထူးနည္းပညာကၽြမ္းက်င္ ဗီဇာ နဲ႔ ရမယ့္ ၅ ႏွစ္ တာကာလမွာ ကိုယ့္မိသားစုေတြေခၚလို႔ရမယ့္ခြင့္ျပဳခ်က္ရွိေလေတာ့.....အဲဒီအခါက်ရင္ ကိုယ့္အိမ္ေထာင္ဖက္္္္္္္္္္္္္္္ ကိုေခၚသြားျပီး ဂ်ပန္မွာ PR တို႔ဘာတို႔၊စဥ္းစားဖို႔လမ္းေတြရွိလာျပီေပါ့။
.
စိတ္ကူးမွန္လမ္းမွန္ေလးေတြေရြးနိုင္ၾကပါေစ။🤓🤓🤓👍👍👍
.
KAZU
.
ဂျပန် အလုပ်သင်အလုပ်အကိုင် သတင်း....👍👍👍✊✊✊😍😍😍

.

လက်ရှိ သွားနေ၊လုပ်နေတဲ့ အလုပ်သင်တွေ နဲ့ ပတ်သက်ပြီး ၂၀၁၉ ခုနှစ် ၄ လပိုင်းကစပြီး အခေါ်အေ၀ါ်ကအစအပြောင်းအလဲလေးတွေရှိလာပါမယ်။

အလုပ်အမျိုးအစားအသစ်တွေတိုးသလို၊အုပ်စုလိုက်သတ်မှတ်မှုတွေအသစ်ဖြစ်လာမယ်လို့မြင်ရပါတယ်။

၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၆ ရက်မှာထုတ်ပြန်ထားတဲ့အလုပ်အမျိုးအစားတွေအရ အလုပ်အကိုင်အုပ်စု ၇၇ မျိုးမှာ အလုပ်အမျိုးစားပေါင်း ၁၃၆ မျိုး ရှိနေခဲ့ပြီးပါပြီ။အဲဒီထဲကမှ အသစ်အချို့ ထပ်တိုးပြီး လာမယ့်နှစ် ဧပြီ လကနေ စတင် စနစ်သစ်နဲ့အခေါ်အေ၀ါ်အသစ်နဲ့၊ဗီဇာအမျိုးအစားအသစ်နဲ့ စတင်ပါလိမ့်မယ်။လက်ရှိ လက်ခံနေတဲ့ အလုပ်တွေကို ဆက်လက်လက်ခံရင်းနဲ့ အုပ်စုခွဲတာတွေ ပြန်လုပ်ပါလိမ့်မယ်။လက်ရှိထုတ်ပြန်ပြီးသတင်းတွေအရ.....
၁) သက်ကြီးရွယ်အိုစောင့်ရှောက်ရေး

၂) အဆောက်အဦးအတွင်းသန့်ရှင်းရေး

၃) သံထည်ပုံသွင်းလုပ်ငန်း

၄) အကြီးစားစက်ပစ္စည်းထုတ်လုပ်တဲ့လုပ်ငန်း

၅) လျှပ်စစ်နဲ့ အီလက်ထရွန်နစ် ပစ္စည်းထုတ်လုပ်တဲ့လုပ်ငန်း

၆) ဆောက်လုပ်ရေးလုပ်ငန်း

၇) သငေ်္ဘာဆောက်လုပ်ရေး

၈) ကားပြုပြင်ရေးလုပ်ငန်း

၉)လေဆိပ်နဲ့ လေကြောင်းလုပ်ငန်း

၁၀) ဟော်တယ်လုပ်ငန်း(အသစ်အနေဖြင့်ပါ၀င်လာ)

၁၁) စိုက်ပျိုးရေး

၁၂) ငါးလုပ်ငန်း

၁၃) စားသောက်ကုန်လုပ်ငန်း

၁၄) စားသောက်ဆိုင်လုပ်ငန်း(အသစ်အနေဖြင့်ပါ၀င်လာ) ဆိုပြီးအုပ်စုတွေခွဲထားပါတယ်။

.

လက်ရှိအလုပ်သင်တွေမှာတော့ ပထမ အခေါက် ၃ နှစ်(၁ နှစ်+၂ နှစ်)သွားလုပ်လို့ရပါတယ်။ စာမေးပွဲတွေဖြေပေးရပါတယ်၊အောင်လက်မှတ်တွေယူထားရပါတယ်။၃ နှစ်ပြည့်ပြီးရင် မြန်မာပြည်ပြန်လာပေးရပါတယ်။တစ်လလောက်နားလိုက်ပြီးမှအလုပ်ရှင်ကုမ္ပဏီနဲ့အလုပ်သင်တို့ နှစ်ဦးနှစ်ဖက် အဆင်ပြေပြီးဆက်ခေါ်မယ်၊ဆက်လုပ်မယ် ဖြစ်ကြရင်တော့ COE အသစ်ပြန်လျောက်ပြီး နောက်ထပ် ၂နှစ် ထပ်သွားလို့ ရတယ်ဆိုတဲ့အနေအထားပါ။လက်ရှိမှာတော့ ရနိုင်တာ အလုပ်သင်ဗီဇာအမျိုးအစားနဲ့ (၁နှစ်+၂နှစ်)...တစ်လပြန်...နောက် ၂ နှစ် ပြန်သွားလုပ်=စုစုပေါင်း ၅ နှစ်ပါ။

.

၂၀၁၉ ၄ လပိုင်းကနေပြီးတော့ အပြောင်းအလဲလေးတွေထပ်လုပ်မှာက အခေါ်အေ၀ါ်လေးတွေပြောင်းမယ်၊အလုပ်အမျိုးအစားသစ်တွေထပ်တိုးမယ်။ရှေ့မှာရှိနေလုပ်နေတဲ့ အလုပ်သင်တွေထဲကမှ သတ်မှတ်ချက်ပြည့်မှီတဲ့ ဆက်လုပ်ချင်တဲ့သူတွေ ကို အလုပ်သင်ဗီဇာမဟုတ်တော့ဘဲ အထူးနည်းပညာကျွမ်းကျင် ဗီဇာနဲ့ အများဆုံး ၅ နှစ်အထိ ထပ်လုပ်ခွင့်ပြုမယ်ဆိုတဲ့ အနေအထားဖြစ်သွားပါပြီ။လောလောဆယ်တော့...

၆) ဆောက်လုပ်ရေးလုပ်ငန်း နဲ့

၇) သငေ်္ဘာဆောက်လုပ်ရေး အလုပ်အကိုင်အုပ်စုမှာခွင့်ပြုမယ်လျာထားပါတယ်။ ဖြည်းဖြည်းခြင်းနဲ့ကျန်တဲ့အလုပ်အမျိုးအစားအုပ်စုတွေလည်းခွင့်ပြုလာပါလိမ့်မယ်။

.

ကြိုးစားသွားမယ်၊တရား၀င်ဘောင်ထဲကနေလုပ်သွားကိုင်သွားမယ်ဆိုရင် စုစုပေါင်း ၁၀ နှစ် အထိ ဂျပန်မှာအလုပ်လုပ်ငွေရှာလို့ရနိုင်မယ့်အခွင့်အရေးတွေရပါမယ်။ရလာပါလိမ့်မယ်််််််််််််််််။

.

အထူးနည်းပညာကျွမ်းကျင် ဗီဇာ နဲ့ ရမယ့် ၅ နှစ် တာကာလမှာ ကိုယ့်မိသားစုတွေခေါ်လို့ရမယ့်ခွင့်ပြုချက်ရှိလေတော့.....အဲဒီအခါကျရင် ကိုယ့်အိမ်ထောင်ဖက််််််််််််််် ကိုခေါ်သွားပြီး ဂျပန်မှာ PR တို့ဘာတို့၊စဉ်းစားဖို့လမ်းတွေရှိလာပြီပေါ့။

.

စိတ်ကူးမှန်လမ်းမှန်လေးတွေရွေးနိုင်ကြပါစေ။🤓🤓🤓👍👍👍

.

KAZU

အနှိုင်းမဲ့မေတ္တာ မှ.....ခေါ်ယူပါမယ်။ . ဂျပန် ဘိုးဘွားပြုစု ခိုင်းဂေါ့ (ကျွမ်းကျင်တိုခုတေး)(အေဂျင်စီသင်တန်းဝင်ခွင့်) -မိန်းကလေးသီးသန့် ဖြစ်ရ...