Tuesday, October 20, 2020


ရေကြောင်းလောကမှာ စုပြုံနေတဲ့ လူသစ်တွေအတွက် အခက်အခဲ တွေ လျော့့ နည်းစေဖို့ ဂျပန်နိုင်ငံ ကမ်းလွန် အလုပ်တွေ ပေါ်လာပါပြီ။ဝမ်းမြောက်ဖွယ်ရာပါ။🥰🥰🥰
.
ဂျပန် ကို ကာယအလုပ်သမားအနေနဲ့သွားလုပ်ကြမယ်ဆိုရင်အလုပ်သင် လုပ်သားအနေနဲ့ ပထမအဆင့် ၃ နှစ်တာသွားရောက်လုပ်ကိုင်နေကြပြီး အဲဒီကနေတစ်ဆင့် မိမိလုပ်တဲ့အမျိုးအစားပေါ်မူတည်ပြီး နောက်ထပ် ၂ နှစ်သက်တမ်းတိုးလုပ်နိုင်တာ၊တိုကုတေး ကျွမ်းကျင်လုပ်သားအဖြစ် ကူးပြောင်းတာတွေ ရနေပါပြီ။ကိုဗစ်ကြောင့်လဲ ပြန်ဖို့ခက်ခဲနေသူတွေကိုလည်းလက်ရှိမှာကာလတိုလေးတွေခွဲခွဲပြီး တစ်နှစ်ခန့်ဂျပန်လဝက ကခွင့်ပြုပေးနေပြန်ပါတယ်။အရင်ကဆို အလုပ်ပြောင်းချင်ရင်တောင်မှ အခြားကုမ္ပဏီအလုပ်အမျိုုးအစားတူမှရပါတယ်။အဲဒါကိုလည်း ကိုဗစ်ကိစ္စကြောင့် အလုပ်အမျိုုးအစားမတူလည်းပြောင်းလုပ်လို့ရအောင်ဖြေလျော့ပေးနေပါတယ်။ပြည်ပမှလာရောက်လုပ်ကိုင်နေတဲ့ တရားဝင်ပြောင်းရွှေ့အလုပ်သမားတွေကို အခက်အခဲကာလမှာတော်တော်လေး ဖြေလျော့လုပ်ပေးနေတာတွေတွေ့ရပါတယ်။
.
အဲဒီအပြင်ကို တိုကုတေး ကျွမ်းကျင်လုပ်သားအဖြစ် လုပ်ကိုင်နိုင်မယ့် အလုပ်အမျိုးအစားကိုလည်း အလုပ်အမျိုးအစားနယ်ပယ် ၁၄ ခုမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ ဆောက်လုပ်ရေးလုပ်ငန်းနယ်ပယ်မှာအကျုံးဝင်တဲ့ အောက်ပါ အလုပ်အမျိုုးအစားတွေကို ထပ်တိုးခွင့်ပြုလိုက်တဲ့အကြောင်းသိရှိရပါတယ်။
.
-Scaffolding
-Carpentry
-Plumbing
-Building sheet metal work
-Heat retention and cool retention
-Spray urethane insulation
-Offshore civil engineering အလုပ်အမျိုးအစားတွေဖြစ်ပါတယ်။
.
စိတ်ဝင်စားဖို့ကောင်းတာက အလုပ်သင်အလုပ်အမျိုးအစားအနေနဲ့ မတွေ့ခဲ့တဲ့ Offshore civil engineering (ကမ်းလွန် မြိုံပြအင်ဂျင်နီယာ-ဆိုင်ရာလုပ်ငန်း) ဆိုတာ ကို တိုကုတေး ကျွမ်းကျင်လုပ်သားကဏ္ဌ မှာထည့်လာတဲ့အတွက် အလုပ်သင်အနေနဲ့ပါ သွားရောက်လုပ်ကိုင်နိုင်မယ်ဆိုတဲ့အခြေအနေလို့မှတ်ယူရမှာပါ။
များသောအားဖြင့် ရေကြောင်းဆိုင်ရာဘွဲ့ရသူတွေ၊သင်္ဘောသားတွေ၊အင်ဂျင်နီယာတွေ လုပ်ကြတာများပေမယ့် အခုလို ကမ်းလွန်လုပ်ငန်းခွင်မှာလုပ်နိုင်မယ့်အခွင့်အရေးတွေရှိလာပေါ်ပေါက်လာတဲ့အတွက် မြန်မာနိုင်ငံမှာ သင်္ဘောသားအဖြစ်ပင်လယ်ပျော်လုပ်မယ်ဆိုပြီး သင်တန်းတွေတက်လက်မှတ်တွေကိုင်ပြီး စုပြုံနေတဲ့ လူငယ်ထုကြီးအတွက် လစာကောင်းကောင်းရနိုင်မယ့် လမ်းကြောင်းတစ်ခု ပေါ်လာတယ် ဘဲပြောရမှာပါ။
.
ဘာဘဲဖြစ်ဖြစ်.......နိုင်ငံကောင်းတစ်ခုမှာလုပ်ရမယ်ဖြစ်တဲ့အတွက် လုပ်ငန်းခွင်ဘေးကင်းလုံခြုံမှုစံနှုန်းမြင့်မြင့်နဲ့ ဝင်ငွေကောင်းကောင်း ရနိုင်မယ့်အတွက်ဝမ်းမြောက်စရာလို့ဘဲပြောနိုင်မှာပါ။
.
ဒေါ် ခင်-စန္ဒာ၀င်း
အနှိုင်းမဲ့မေတ္တာ-ဂျပန်အလုပ်အကိုင်ဝန်ဆောင်မှု
ဂျပန်စာ၊စကား-သီးသန့်ကိုယ်စားလှယ်၀န်ဆောင်မှု
ကျောက်ကုန်း၊ရန်ကင်း
ရန်ကုန်မြို့။
ဖုန်း- 09-770844556, 09-255332027, 09-421193580
e-mail- mugenji10905@gmail.com

 

အနှိုင်းမဲ့မေတ္တာ မှ.....ခေါ်ယူပါမယ်။ . ဂျပန် ဘိုးဘွားပြုစု ခိုင်းဂေါ့ (ကျွမ်းကျင်တိုခုတေး)(အေဂျင်စီသင်တန်းဝင်ခွင့်) -မိန်းကလေးသီးသန့် ဖြစ်ရ...