Friday, August 27, 2021

 Job Title 0128 (Japan-Overseas job)🥰🥰🥰

.

ရှားပါးအမျိုးအစား အလုပ်ခေါ်စာလေးဝင် လာပါတယ်။😮😮😮

.

ဂျပန်-အိုဆာကာ မြို့မှာလုပ်ရမယ့် Sand Blast Operator အလုပ်ဖြစ်ပါတယ်။

သတ္တုမျက်နှာပြင်ပြုပြင်မွမ်းမံလုပ်ဆောင်တဲ့အလုပ်ဖြစ်ပါတယ်။

သတ္တုပစ္စည်းတွေနဲ့လုပ်ရကိုင်ရသည်ဖြစ်တဲ့အတွက် အလေးအပင်ကိစ္စတွေရှိပါမယ်။

မနိုင်ပြုနိုင်တဲ့သူဖြစ်ရပါမယ်။လွယ်လွယ်နဲ့ခါးနာတတ်တဲ့သူဖြစ်လို့မရပါ။

ဘွဲ့ပညာအနေနဲ့     B.Tech(သို့)B.E(သို့)M.E    ဖြစ်ရမှာဖြစ်ပြီး    Material and Metallurgy (သို့) Mechnical     á€á€…်ခုခုဖဟစ်ရပဍမယ်။

ရထားတဲ့ဘွဲ့နဲ့ လုပ်တဲ့အမျိုးအစားနီးစပ်မှုရှိမှသာလျင် ပြည်ဝင်ကိစ္စစာရွက်စာတမ်းကိစ္စတွေအဆင်ချောမှာဖြစ်ပါတယ်။

ကုမ္ပဏီဖက်ကဝန်ထမ်းအပေါ်မျှော်လင့်အလိုရှိတာကတော့ ကျန်းမာစွာအလုပ်လုပ်နိုင်ရမယ်။အသစ်အသစ်တွေကို လေ့လာသင်ယူဖို့ ဆန္ဒပြင်းပြတဲ့သူဖြစ်ရမယ်။

ဂျပန်နိုင်ငံရဲ့ဓလေ့အစဥ်အလာတွေကို လက်သင့်ခံနိုင်တဲ့သူဖြစ်ရမယ်။ရှေ့မှာရောက်နေ အလုပ်လုပ်နေတဲ့ မြန်မာလူမျိုးစီနီယာနဲ့အဆင်ပြေနိုင်စွမ်းရှိရမယ်၊

စားသောက်ဖို့ချက်ပြုတ်တတ်သူဖြစ်ရမယ်။ဘာသာမတူတာမျိုးမဖြစ်ရအောင်စီနီယာနဲ့အတူတူ ဗုဒ္ဓဘာသာဖြစ်ရပါမယ်။အနည်းဆုံးမြန်မာပြည်မှာအလုပ်အတွေ့အကြုံရှိဖူးရပါမယ်။

ဂျပန်သွားတော့မယ့်အချိန်မှာ N-3 အဆင့်ရှိနေရပါမယ်။အင်တာဗျုးမှာဝင်ဖြေတဲ့သူကလည်း ဂျပန်စာရရင်ရနေသလို အမှတ်များများပိုရမှာဖြစ်ပါတယ်။

ဖိုင်နယ်အင်တာဗျုးက 18.9.2020 မှာလုပ်ပါမယ်။အကြိုအင်တာဗျုးတွေလည်းသူ့ရှေ့မှာရှိပါမယ်။အင်တာဗျုးတွေအောင်တဲ့သူကို အလုပ်သဘောအရ

စာချုပ်ချုပ်ပြီးစာရွက်စာတမ်းဝန်ဆောင်မှုတွေလုပ်ပေးသွားပါမယ်။သွားရခါနီးအကုန်အဆင်ပြေတယ်ဆိုမှ ဌာနဆိုင်ရာသတ်မှတ် ဝန်ဆောင်ခပေးသွင်းရမှာဖြစ်ပါတယ်။

ပုံမှန်ပျမ်းမျ ၆ လခန့်အချိန်ယူသော်လည်း ကိုဗစ်အ‌ခြေအနေ၊နိုင်ငံရေးအခြေအနေတွေကြောင့် ကြန့်ကြာတတ်သည်လည်းရှိတတ်ပါသည်။

ထို့ကြောင့် အစောပိုင်း ကာလတွင်အင်တာဗျုးကြေးမရှိ၊ဝန်ဆောင်ခစရံငွေပေးထားရန်မလို ပုံစံလုပ်ပေးထားပါတယ်။

👍👍👍ငွေကိစ္စနဲ့ ကြောင့်ကြရခြင်းမရှိအောင်စီမံပေးထားပါတယ်။👍👍👍

.

အလုပ်နဲ့ပတ်သက်ပြီး အသေးစိတ်ကတော့.....

.

အလုပ်ချိန်................................မနက် 8:00 မှ ညနေ 5:00 နာရီ (ပုံမှန်)

နားချိန်.......................................5 မိနစ်+45 မိနစ်+10 မိနစ်

အချိန်ပို......................................တစ်လ 20 နာရီခန့် (အလုပ်ပေါ်မူတည်မည်)

နားရက်......................................စနေ၊တနင်္ဂနွေ (တစ်နှစ်လျင်-111 ရက်ခန့်)

လစာ..........................................195,000 ယန်း (အချိန်ပိုခ မပါဝင်သေး)

ခံစားခွင့်......................................5,000 ယန်း (ရက်မှန်ခံစားခွင့်)

ထွက်ရှိလစာ..............................200,000 ယန်း

အိမ်လခ.....................................20,000 ယန်း

မီတာခများ................................ကျသင့်သမျှ ဆောင်ရမည်

လက်ရောက်လစာ...................148,000 ယန်းခန့် (အခွန်အခများနှုတ်အပြီး)

ဝင်ရမည့်အာမခံများ............... အလုပ်အာမခံ၊လုပ်ငန်းခွင်ထိခိုက်အာမခံ၊ကျန်းမာရေးအာမခံ၊လူမှုဖူလုံပင်စင်အာမခံ   

ဆုကြေးငွေ...............................ရှိမည်။(တစ်နှစ် ၂ ကြိမ်-လုပ်ငန်းအပေါ်မူတည်မည်)

.

🙂ရှေ့မှာရောက်နေတဲ့စီနီယာလည်းမြန်မာလူမျိုးဖြစ်ပါ၍ အစအစအရာရာခင်မင်ရင်းနှီးစွာ အားကိုးအားထားပြုနိုင်ပါမည်။🙂

.

👉စိတ်၀င်စားပါက   To apply Job Title 0128   á€Ÿá€Żá€›á€ąá€¸á mugenji10905@gmail.com   á€žá€­á€Żá€ˇ CV ပေးပို့၍လျောက်ထားနိုင်ပါသည်။👈(ယခင်လျောက်ထားဖူးသူများလည်းထပ်လျောက်နိုင်ပါတယ်။)

.

ဩဇီသို့ အလုပ်အကိုင်ဗီဇာဖြင့်သွားရောက်လိုသူများ၊

ဂျပန်သို့ "အလုပ်သင်လုပ်သား" "ကျွှမ်းကျင်လုပ်သား" "ဘွဲ့ရပညာရှင်" "သက်ကြီးပြုစုစောင့်ရှောက်ရေး" စသည့်အလုပ်အကိုင်တို့ဖြင့်သွားရောက်လုပ်ကိုင်လိုသူများ၊ပညာတော်သင်အနေဖြင့်သွားရောက်လိုသူများလည်းစုံစမ်းမေးမြန်းနိုင်ပါသည်။🥰🥰🥰

.

ဒေါ် ခင်-စန္ဒာ၀င်း

အနှိုင်းမဲ့မေတ္တာ-ဂျပန်အလုပ်အကိုင်ဝန်ဆောင်မှု

ဂျပန်စာ၊စကား-သီးသန့်ကိုယ်စားလှယ်၀န်ဆောင်မှု

တောင်ဥက္ကလာပ/ရန်ကင်း/ဒဂုံဆိပ်ကမ်း

ရန်ကုန်မြို့။

ဖုန်း- 09-770844556, 09-255332027, 09-421193580

e-mail-  mugenji10905@gmail.com

website-  mugenji.blogspot.com




Monday, August 23, 2021

ဩဇီမှာ စိုက်ပျိုးရေးဗီဇာ စတော့မည်။မြန်မာမှ G to G ပြောဆိုမှုမပြီးပြတ်လျှင်၊မဖြစ်မြောက်လျှင် အေဂျင်စီလမ်းကြောင်းမဟုတ်ဘဲ မိမိ အစီအစဥ်ဖြင့်သွားရောက် ခြင်း လုပ်ရတော့မည်။

.
1. Agriculture Visa ကို 30/09/2021မှာစတင်ပေးမည်။
2. ခေါ်မဲ့ ထဲပါဝင်နိုင်သူများမှာ skilled, semi-skilled & unskilled workers တွေဖြစ်မယ်။
3. ဒီ Visa က Aussie မှာ ( PR ) အမြဲတမ်း နေထိုင်ခွင့်ရနိုင်မယ့်အခွင့်အရေး ရှိလာမယ်။
4. Visa ကိစွကို သက်ဆိုင်ရာ နိုင်ငံတို့နှင့် ဆွေးနွေးညှိနှိုင်းနေသည်။
5. Visa က စိုက်ပျိုးရေး တစ်ခု တည်မဟုတ်ဘဲ ငါးလုပ်ငန်း၊ သစ်တော နှင့် အသား ထုပ်လုပ်တဲ့ နေရာတွေ မှာပါ ခွင့်ပြုပေးမည်။
6. လုပ်ငန်းများကို 21/09/2021 မှာစတင်မယ်။
7. အလုပ်သမား နေရာ 30000 ခန့် အတွက် ရည်ရွယ်ထားသည်။
8. Aussie မှာ ပေးခဲ့ဘူးသမျှ Visa ထဲတွင် အကြီးမားဆုံး ပြောင်းလဲမှူ ဖြစ်မည်။
9. Visa သက် တမ်းက a long term ဖြစ်လိမ့်မည်။
.
ကဲ ခပ်သွက်သွက်လေး ဒိုးကြစို့.........။
.
ဒေါ် ခင်-စန္ဒာ၀င်း
အနှိုင်းမဲ့မေတ္တာ-ဂျပန်အလုပ်အကိုင်ဝန်ဆောင်မှု
ဂျပန်စာ၊စကား-သီးသန့်ကိုယ်စားလှယ်၀န်ဆောင်မှု
တောင်ဥက္ကလာပ/ရန်ကင်း/ဒဂုံဆိပ်ကမ်း
ရန်ကုန်မြို့။
ဖုန်း- 09-770844556, 09-255332027, 09-421193580
e-mail- mugenji10905@gmail.com
.
https://www.sbs.com.au/news/new-agriculture-visa-offers-path-to-permanent-residency-in-australia?fbclid=IwAR1DICU2KXWWEZVBt7eFW3syDk52GZdP4HmUgmJjDP4Y5LYj7tRfBqTkfMA

 Germany မှာ Truck Driver အနေနဲ့ အခြေချ အသက်မွေး ချင်ရင် တိုက်ရိုက် အလုပ်လျောက်ပြီး သွားရောက် လုပ်ကိုင်နိုင်ဖို့က လိုအပ်ချက်မြင့်ပြီး ခက်ပါတ...