Monday, October 23, 2023

 

တိုခုတေး ကျွမ်းကျင် အလုပ်ခေါ်စာ (စိုက်ပျိုးရေး)

.
အလုပ်သင် ၃ နှစ်ပြီးထားသူ (သို့) တိုခုတေးကျွမ်းကျင်အောင်လက်မှတ်ရှိထားသူ
အမျိုးသမီး ၄ ဦး
အိုခယာမ-ဒေသတွင်း
ဟင်းသီးဟင်းရွက်(ဆလတ်၊ခရမ်းချဥ်၊ငရုတ်ပွ)-ရေပေါ်စိုက်ပျိုးရေး
စာချုပ်ကာလ ၃ နှစ် နှင့် အထက်
မနက် 7:30 မှ ညနေ 16:45 (နားချိန် ၇၅ မိနစ်)
အချိန်ပို များစွာရှိ
လစာ+အချိန်ပို ၄၀ နာရီခန့်=၂၁၁,၇၂၀ ယန်း
(အသားတင်လက်‌ရောက်လုပ်အားခ=၁၇၁,၇၂၀ ယန်း)
စိတ်ဝင်စား၍ကိုယ်ကာယကြံ့ခိုင်သူများလျောက်ထားနိုင်ပါသည်။
.
၀၉-၂၅၀၁၄၃၄၆၂ (အနှိုင်းမဲ့မေတ္တာ) သို့ဆက်သွယ်မေးမြန်းလျောက်ထားနိုင်ပါသည်။
mugenji10905@gmail.com သို့ CV ပေးပို့လျောက်ထားနိုင်ပါသည်။
.
ဒေါ် ခင်-စန္ဒာ၀င်း
အနှိုင်းမဲ့မေတ္တာ-ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု (Consultant)
သီးသန့်ကိုယ်စားလှယ်၀န်ဆောင်မှု
တောင်ဥက္ကလာပ/ရန်ကင်း/ဒဂုံဆိပ်ကမ်း
ရန်ကုန်မြို့။
ဖုန်း- 09-255557022, 09-770844556, 09-250143462, 09-255332027, 09-421193580
e-mail- mugenji10905@gmail.com

 

Thursday, October 12, 2023

 


အလုပ်သင်စနစ်ကြီး ပြောင်းလဲ ပါတော့မယ်။😎😎😎

.
အသစ်ဖြစ်လာမယ့် စနစ် ကြီးမှာလည်း ကာလ က ၃ နှစ်ပါဘဲ။အလုပ်သင် အဆင့် ၃ (သက်တမ်းတိုး ၂ နှစ်) ရှိတော့မည်မဟုတ်ပါ။
.
တစ်နှစ်နောက်ပိုင်းမှာ အလုပ်အမျိုးအစားတူ အခြားကုမ္ပဏီသို့ ပြောင်းနိုင်ပါမယ်။ (ဂျပန်စာကောင်းစွာ ရနေဖို့လိုပါမည်)
.
အခေါ်အဝေါ်အနေနဲ့ "育成技能" "နည်းပညာပျိုးထောင်ရေး" လို့ ခေါ်‌ဝေါ်သုံးနှုန်းဖို့များနေပါတယ်။
.
ကျွမ်းကျင်တိုခုတေးကိုကူးပြောင်းရာမှ နည်းပညာစာမေးပွဲနဲ့ ဂျပန်စာ စာမေးပွဲ ဖြေဆိုအောင်မြင်ဖို့လိုလာပါမယ်။
.
မအောင်ခဲ့ရင် ထပ်ဖြေဖို့ အခွင့်အလန်းကာလ တစ်နှစ် သက်တမ်းတိုးနေလို့ရပါမယ်။
.
ဂျပန်ကုမ္ပဏီဖက်မှ အေဂျင်စီဝန်ဆောင်ခ တစ်စိတ်တစ်ဒေသ ကို ကျခံပေးလာဖို့ရှိနေပါတယ်။
.
သိန်းတစ်ရာနီးပါး ကုန်ကျနေရာကနေ သက်သာလာဖို့တွေရှိနေပါတယ်။
.
ဂျပန်သွားဖို့လုပ်နေသူတွေအတွက် သတင်းကောင်း ပါ။🥰🥰🥰
.
KAZU

Sunday, October 8, 2023

 


 အလုပ်နဲ့ပြည်ပသွားဖို့ ဂျပန်၊ကိုးရိးယားတွေကို စဥ်းစားနေရင် ခဏခေါက်ထားလိုက်။

အဲဒါတွေထက် ကောင်းတယ်‌လို့ဆိုနိုင်တဲ့ နိုင်ငံရှိပါတယ်။
.
အဲဒါကတော့.... ဂျာမဏီ နိုင်ငံပါ။🥰🥰🥰
အဲဒါကတော့.... ဂျာမဏီ နိုင်ငံပါ။🥰🥰🥰
အဲဒါကတော့.... ဂျာမဏီ နိုင်ငံပါ။🥰🥰🥰
.
ဘာကြောင့် ကောင်းတယ်ပြောနိုင်ပါသလဲ။ကြည့်ကြည့်ရအောင်......။
.
ကျောင်းတက်ရင်းအလုပ်လုပ်လို့ရတဲ့ Vocational Training System ဆိုတာရှိပါတယ်။မြန်မာလိုဆို အသက်မွေးဝမ်းကျောင်းမှု ကောလိပ်ပေါ့။
တစ်ပတ်မှာ နာရီ ၄၀ (အလုပ် ၃၂ နာရီ+ စာသင်ချိန် ၈ နာရီ) ပုံစံနဲ့ ၃ နှစ်သွားလုပ်ရမှာပါ။
မသွားခင်ထဲက ဂျာမာန် ဘာသာစကား B1 အောင်ထားသူနဲ့ ပညာရေးအထက်တန်းကျောင်းအဆင့်ပြီးထားသူဖြစ်ရပါမယ်။အသက်ကတော့ ၃၅ လောက်အထိပါ။
အလုပ်တွေကတော့......အောက်ပါအလုပ်အမျိုးအစားတွေရှိပါမယ်။
1. Logistics (သိုလှောင်ရုံ ကုန်ပစ္စည်းထိန်းသိမ်းရေး)
2. Building Cleaning (အဆောက်အဦးသန့်ရှင်းရေး)
3. Chef(cook) (စားဖိုမှူး-အချက်အပြုတ်)
4. Nurse Aid (သူနာပြုအကူ)
5. Security (လုံခြုံရေး)
6. Events Arrangement (ပွဲလန်းစီစဥ်ဆောင်ရွက်ခြင်း)
စတဲ့ အလုပ်တွေ ရွေးချယ်စရာတွေရှိပါမယ်။
.
ဂျာမန်စာ သုံညကနေစတဲ့သူ ရော B1 အဆင့်အောင်ပြီးသားသူတွေပါ မသွားခင်ထဲက အလုပ်နဲ့ တစ်ခါတည်းချိတ်ဆက်ပေးပြီးလွှတ်ပါတယ်။(သွားတာကတော့ B1 အဆင့် ပြီးတဲ့သူတွေဘဲ ဗီဇာရပြီးသွားရမှာပါ)
အလုပ်အတွက် စိတ်ပူစရာမလိုပါ။
မူလအလုပ်မှာတော့ အချိန်ပိုရှိမှာမဟုတ်ပေမယ့် ကိုယ်က အချိန်ပိုလေးလုပ်နိုင်ဦးမယ်ဆိုရင် အခြားအလုပ်မှာလုပ်ခွင့်ပြုထားပါတယ်။(ဒီဟာက ဂျပန်နဲ့ကွာပါတယ်)
ဆေးမှင်ကြောင်ရှိရှိမရှိရှိ ပြဿနာမရှိပါ။(အဲဒီကိစ္စက ဂျပန်နဲ့ အရမ်းကွာတဲ့အချက်ပါ)(ဆေးမှင်ကြောင်ရှိနေလို့ ဂျပန်သွားဖို့ လက်လျော့နေရတဲ့သူတွေ အတွက် အဆင်ပြေပါတယ်)
၃ နှစ် ပြီးသွားရင် ကျောင်းကိစ္စ ရပ်လိုက်ပြီး လက်ရှိအလုပ်ဆက်လုပ်သွားမလား၊အခြားအလုပ်ပြောင်းလုပ်မလား ရသွားပါပြီ။(လာစဥ် ကနဦး ၃ နှစ်မှာတော့ ပြောင်းလို့မရပါ)။
ဒါမှ မဟုတ် တက္ကသိုလ် အဆင့် ပညာရေး ဆက်သွားမလား ဆိုတာလည်းရပါတယ်။
ကနဦး ၃ နှစ် နဲ့ နောက်ထပ် ၂ နှစ် (စုစုပေါင်း ၅ နှစ်) ပြီးတာနဲ့ PR အမြဲတမ်းနေထိုင်ခွင့်လျောက်ထားလို့ရသွားပါပြီ။(ဂျပန်က ၁၀ နှစ် မှ PR လျောက်လို့ရတာပါ)။ပြီးရင် နောက်ထပ် ၂ နှစ်လောက်(စုစုပေါင်း ၇ နှစ်)ဆိုတာနဲ့ ဂျာမဏီနိုင်ငံသားလျောက်ထားလို့ရပါပြီ။
နေရာကလည်း ဖရန့်ဖွတ် မြို့နဲ့ အနီးတဝိုက်မှာ လုပ်ကိုင်ရမှာပါ။(အချိန်ပိုင်းအလုပ်လုပ်နိုင်ဖို့အနေအထားကောင်းပါ)
၃ နှစ်နောက်ပိုင်းမှာတော့ ဂျာမဏီနိုင်ငံ အနှန့်မှာ လုပ်ကိုင်လို့ရပါပြီ။
ပ-နှစ်မှာ တစ်လ လျင် ယူရို ၁၀၀၀ လစာ
ဒု-နှစ်မှာ တစ်လ လျင် ယူရို ၁၁၀၀ လစာ
တ-နှစ်မှာ တစ်လ လျင် ယူရို ၁၂၀၀ လစာ နှုန်းနဲ့ရပါမယ်။
အိမ်လခက တစ်လ ၂၀၀ ခန့်နဲ့ တစ်နှစ်ခွဲဘဲပေးရပါမယ်။ကျန် တစ်နှစ်ခွဲမှာတော့ အခမဲ့ဖြစ်သွားပါမယ်။(၃ နှစ်နောက်ပိုင်းမှာ လုပ်လို့ရမယ့် အလုပ်တွေမှာတော့ ယူရို ၂၀၀၀ ခန့် ရနိုင်ပါမယ်)
စားသောက်စရိတ်ကတော့ ယူရို ၂၀၀ ခန့် ကုန်ကျစရိတ် ရှိပါမယ်(မိမိဖာသာချက်စားရပါမယ်)။
ကျောင်းသားပုံစံဖြစ်လို့ PE အမျိုးအစား ပတ်စ်ပို့ ဖြင့် သွားရောက်ရပါမယ်။(ဂျပန် ကျောင်းလျောက်သလို မခက်ခဲပါ)။
ကျောင်း ဖွင့်ပွဲက ၉ လပိုင်းနဲ့ ၃ လပိုင်းပါ။၃လပိုင်း ကျောင်းစတက်သူတွေကကျောင်းတက်ကာလ ၃ နှစ်ခွဲဖြစ်ပါမယ်။
.
ကဲ......ဂျပန်မှဂျပန်ဆိုပြီး ဖြစ်မနေဘဲ ပိုကောင်းတဲ့နိုင်ငံ သွားမယ်ဆိုရင်ဖြင့် "အနှိုင်းမဲ့မေတ္တာ" ကိုသာဆက်သွယ်လိုက်ပါ။
သေချာပေါက် ဂျပန်ထက် ပိုကောင်းစေရပါမယ်။
.
ဒေါ် ခင်-စန္ဒာ၀င်း
အနှိုင်းမဲ့မေတ္တာ-ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု (Consultant)
သီးသန့်ကိုယ်စားလှယ်၀န်ဆောင်မှု
တောင်ဥက္ကလာပ/ရန်ကင်း/ဒဂုံဆိပ်ကမ်း
ရန်ကုန်မြို့။
ဖုန်း- 09-255557022, 09-770844556, 09-250143462, 09-255332027, 09-421193580
e-mail- mugenji10905@gmail.com

အနှိုင်းမဲ့မေတ္တာ မှ.....ခေါ်ယူပါမယ်။ . ဂျပန် ဘိုးဘွားပြုစု ခိုင်းဂေါ့ (ကျွမ်းကျင်တိုခုတေး)(အေဂျင်စီသင်တန်းဝင်ခွင့်) -မိန်းကလေးသီးသန့် ဖြစ်ရ...