Job Titile 0165 ( Local-Job )(လူသစ်တန်းဝန်ထမ်းပျိုးထောင်ရေးပရိုဂရမ်) 🥰🥰🥰
Drafter (CAD Operator) (Auto CAD / BIM အသုံးပြု) ……………. M/F-5 Posts
.
ကျောင်းမပြီးဘွဲ့မရထားလို့ အလုပ်တစ်ခု ရဖို့
အခက်တွေ့နေလား.....
ရရာ အလုပ်၊အလုပ်ကြမ်းဘဲလုပ်ရတော့မလားဆိုပြီး
လမ်းပျောက်နေပါသလား........
သင့်မှာ အရည်အခြင်းရှိနေဖို့ဘဲလိုပါတယ်။အဲကွန်းခန်းမှာ
သက်တောင့်သက်သာ အလုပ်လုပ်နိုင်စေရဖို့အတွက်..........
”အနှိုင်းမဲ့မေတ္တာ”မှသင့် အတွက်လုပ်ပေးပါရစေ။
🥰🥰🥰
.
အဆောက်အဦးတွေရဲ့ Exterior/Interior Design Drawing ကို ပါရမီပါပါ ရေးဆွဲဖန်တီးပြီးမိမိရဲ့ Designer
Career လမ်းကြောင်းတစ်ခုအနေနဲ့ လျောက်လှမ်းလိုသူတို့အတွက်သင့်လျော်တဲ့
ပြည်တွင်းအလုပ်လေးတစ်ခုစောင့်နေပါတယ်။🥰🥰🥰
.
ရွေးချယ်ခန့်အပ်မည့်ဦးရေ- အမျိုးသား/အမျိုးသမီး- ၅ ဦး
.
ပညာအရည်အချင်း- ဘွဲ့မရထားသူလည်းအလုပ်ရနိုင်စေရမည်ဆိုထား၍
Auto CAD / BIM နိုင်နင်းကျွမ်းကျင်သူဆိုလျင် ဘောင်ဝင်လျောက်ထားနိုင်ပါမည်။
မကျွမ်းကျင်သေးသူဖြစ်ပါကလည်း ထိုလမ်းကြောင်း
လျောက်လှမ်းလိုသူဖြစ်ပါက ဝန်ထမ်းပြုစုပျိုးထောင်ရေးပရိုဂရမ်အရ ကနဦးမှာ သင်တန်းသားအဖြစ်
လက်ခံ သင်ကြားပေးပါမည်။
.
အခြားအရည်အချင်း- Auto CAD စသည့် ပုံဆွဲ ဆော့ဖ်ဝဲလ် တစ်ခုခုအတွေ့အကြုံရှိသူ(မတတ်သေးလျင်လည်းသင်ကြားလေ့ကျင့်ပေးသည့်ကာလရှိသည်။)
👍👍👍
.
ဂျပန်စာအသုံးပြုဆော့ဖ်ဝဲဖြင့်လုပ်ကိုင်ရမည်ဖြစ်၍ဂျပန်စာအရည်အချင်းလိုအပ်မည်။(မတတ်သေးလျင်လည်းသင်ကြားလေ့ကျင့်ပေးသည့်ကာလရှိသည်။)👍👍👍
.
အသက်- ကန့်သတ်မှုမရှိ 😍😍😍
(ကုမ္ပဏီတွင် ရေရှည် လုပ်ကိုင်လိုသူတို့အတွက်
အခွင့်အရေးတစ်ခုဖြစ်စေရန် အသက်ကန့်သတ်မှုမပြုထားပါ။ဘွဲ့ရမှဆိုပြီးလည်းမကန့်သတ်ထားပါ။)
.
သင်တန်းကာလပြီးဆုံး၍ အမြဲတမ်း ဝန်ထမ်းအဖြစ်ရောက်ပြီဆိုလျင်......
.
ရုံးချိန်-မနက် ၈ နာရီ မှ ညနေ ၅ နာရီ (တနင်္လာ
မှ သောကြာ+(တစ်လတွင် စနေ ၂ ကြိမ်)
.
အချိန်ပို- မရှိသလောက်စနစ်ဖြစ်သည်။(မလွဲမရှောင်သာ
အချိန်ပိုတာဝန်ပေးခံရလျင် အချိန်ပိုကြေးခံစားခွင့်ရရှိပါမည်။)
.
လစာတိုးသုံးသပ်မှု- တစ်နှစ်လျင်တစ်ကြိမ်-ရုံးတွင်းအမှတ်ပေးစနစ်အရ
ရရှိခံစားရန်အခွင့်အရေးရှိမည်။
.
ရုံးတည်နေရာ- တောင်ဥက္ကလာပ(၁၄-၁၅ လမ်းဆုံမှတ်တိုင်အနီး)၊ရန်ကုန်မြို့
.
နေထိုင်ရေး- အဆောင်ရှိသည်(အခမဲ့)(ရေမီးမီတာခအချိုးကျပေးဆောင်ရမည်)၊နယ်ဒေသမှ
လုပ်ကိုင်လိုသူတို့အတွက် အဆင်ပြေစွာစီမံပေးသည်။🥰🥰🥰
.
(မတတ်သေး၊မကျွမ်းကျင်သေးလျင် ဂျပန်စာ၊ Design Drawing Software
အားအသုံးပြုတတ်စေရန်မလွဲမသွေ သင်ကြားရမည်။)
(သင်ကြားရေးကာလ-ဂျပန်စာ ၃လ (သို့) ၄လ + Design
Drawing Software ၃ လ ရှိမည်)(အခြေခံမှ စမည့်သူအတွက်ဖြစ်သည်)
(ရွေးချယ်ခံရသည့်သူသည် အတိုင်းအတာတစ်ခုအထိ
ဂျပန်စာ၊ Design Drawing Software တို့တတ်မြောက်ထားပါက အရည်အချင်းစစ်ကြည့်ပြီးသင့်လျော်သော
သင်တန်းကာလ လျော့ပေါ့ပေးခြင်းခံရမည်။)(မြန်မြန် အမြဲတမ်းဝန်ထမ်းအဖြစ်ရောက်နိုင်ပါမည်။)
လစာ- (သင်တန်းသားအဖြစ် ရွေးချယ်ခံသည်မှ
စ၍ သင်ကြားရေးကာလအတွင်း ထောက်ပန့်ကြေး ၂ သိန်း ခံစားခွင့်ရှိမည်။)(သင်ကြားရေးကာလအတွင်း
ရုံးချိန်အတိုင်း သင်ကြားသွားရမည်ဖြစ်ပြီး အလုပ်လုပ်ကိုင်ရန်တာဝန်ချထားပေးမည်မဟုတ်ပါ-သင်ကြားရေးသီးသန့်ကိုသာလုပ်ဆောင်ရမည်ဖြစ်ပါသည်)(သင်ကြားရေးကာလ
ပြီးဆုံး၍ ထပ်မံစီစစ်၍အမြဲတမ်းဝန်ထမ်းအဆင့်ရောက်လျင် ထိုအချိန်မှစ၍ လစာ ၄.၅ သိန်း စတင်ခံစားခွင့်ရှိလာမည်ဖြစ်ပြီး
လစာတိုးသုံးသပ်မှုမှာ ထိုအချိန်မှစတင်မည်ဖြစ်သည်။)
ဂျပန်စာ၊ Design Drawing
Software ကျွမ်းကျင်မှု၊ ရုံးစည်းကမ်းလိုက်နာမှု၊ ပေါင်းသင်းဆက်ဆံရေးစသည့်အထွေထွေရှုထောင့်အပေါ်
ရုံးတွင်းအမှတ်ပေးသတ်မှတ်ချက်အတိုင်း လစာတိုးသုံးသပ်မှုရှိမည်။
.
အထူးသတိပြုရန်မှာ..................ဝန်ထမ်းပျိုးထောင်ကာလဖြစ်သော
သင်ကြားရေးကာလတွင် ကုမ္ပဏီဖက်မှ ထောက်ပန့်ကြေးထုတ်ပေးနေခြင်း၊သင်ကြားရေးအတွက် ကုန်ကျစရိတ်ရင်းနှီးမြုတ်နှံနေခြင်းတို့
ရှိသည့်အတွက် သင်ကြားရေးကာလပြီးဆုံးပြီးနောက်တွင် အမြဲတမ်းဝန်ထမ်းအဖြစ် လုပ်ကိုင်ရာတွင်
အနည်းဆုံး ၂ နှစ် လုပ်ကိုင်ပေးရန်လိုအပ်ပါမည်။( အရွေးချယ်ခံရသူမှ မိမိ၏အကြောင်းကိစ္စဖြင့်
သင်ကြားရေးကာလ နှင့် သတ်မှတ် အလုပ်ဝင်ကာလအား မပြီးပြည့်မှီ ရပ်နားပါက သင်ကြားရေးကာလအတွင်း
ရယူခဲ့သောထောက်ပန့်ကြေးနှင့် သင်ကြားမှုဆိုင်ရာကုန်ကျစရိတ်တို့အတွက် ပြန်လည်ပေးချေရန်
တာဝန်ရှိပါမည်။)(သတ်မှတ်ကာလကျော်လွန်ပြီ ဆိုပါက
ပြန်လည်ပေးချေရန်တာဝန်မရှိပါ။)
.
👉👉👉စိတ်၀င်စားပါက To apply Job Title 0165 (ဝန်ထမ်းပျိုးထောင်ရေးပရိုဂရမ်) ဟု email
တွင်ရေးသားပြီး mugenji10905@gmail.com သို့ CV ပေးပို့၍လျောက်ထားနိုင်ပါသည်။
.
၂၀၂၄ ခုနှစ် မတ်လ လကုန် နောက်ဆုံးထား ပေးပို့ရပါမည်။CV
ပေးပို့လျောက်ထားရန်မှာအခကြေးငွေပေးဆောင်ရန် မလိုအပ်ပါ။
09-250143462 (Viber) သို့လည်း CV တိုက်ရိုက် ပေးပို့ပြီးသိလိုသည်တို့မေးမြန်းနိုင်ပါသည်။
.
CV Monitoring>>Pre Interview>>Final Interview (
first week of April ) ဆိုပြီးလုပ်ဆောင်ပါမယ်။
ဒေါ် ခင်-စန္ဒာ၀င်း
အနှိုင်းမဲ့မေတ္တာ-ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု
(Consultant)
သီးသန့်ကိုယ်စားလှယ်၀န်ဆောင်မှု
တောင်ဒဂုံ (Tosta Housing)
ရန်ကုန်မြို့။
ဖုန်း- 09-255557022,
09-770844556, 09-250143462, 09-255332027, 09-421193580
e-mail- mugenji10905@gmail.com