.
"အနှိုင်းမဲ့မေတ္တာ"က ဖြေကြားပေးပါမယ်။
.
.
ဟုတ်ပြီ...ဂျာမဏီ ကို ဘယ်လိုသွားမလဲ၊ဘာတွေလိုအပ်သလဲ၊ဘယ်လိုပုံစံတွေ ရှိလဲ ဆိုတဲ့မေးခွန်းတွေ..........
ဦးဆုံးကတော့ ဘာသာစကားပါ။ကော်လာဖြူ အမြင့်ပိုင်းဖြစ်ဖြစ်၊ကော်လာပြာ လုပ်သားပိုင်း ဘဲဖြစ်ဖြစ် ဂျာမန်ဘာသာစကား တတ်ဖို့လိုပါမယ်။အသိအမှတ်ပြု ဂျာမန်ဘာသာစကားလက်မှတ်တွေရအောင် ဂျာမန်ဘာသာသင်ပြီးစာမေးပွဲတွေဖြေဆိုရယူရတာပါ။
ဂျပန် JLPT ဘာသာစကားဆိုင်ရာလက်မှတ် လိုပါ။အခြေခံအဆင့် A1 ကနေစပြီး အဆင့်ဆင့် A2>B1>B2>C1>C2 ဆိုပြီး သွားပါတယ်။
ယေဘူယျကတော့ အလယ်အလတ်ဖြစ်တဲ့ B1 လက်မှတ်ရှိထားပြီဆိုရင် စတင်လုပ်ကိုင်သွားရောက်ဖို့ လိုအပ်ချက်တစ်ခု ပြည့်စုံပြီဖြစ်ပါတယ်။
ဒီမှာကော်လာဖြူ အမြင့်ပိုင်းကို ခဏထားပြီး စိတ်ဝင်စားမှုများမယ့် ကော်လာပြာလုပ်သားပိုင်းကိုပြောပေးပါမယ်။
.
ပြည်ပကနေရွေ့ပြောင်းရောက်လာပြီး အလုပ်သမားတစ်ယောက်အနေနဲ့ ဆက်လက်လုပ်ကိုင် သွားနိုင်ဖို့ ဆိုရင် မြေစမ်းခရမ်းပျိုး ဆိုတဲ့ ကနဦးအဆင့်ကို ဖြတ်ကျော်ရမှာဖြစ်ပါတယ်။အဲဒီကနေ အသိအမှတ်ပြုလက်မှတ်ရရှိပြီး ဂျာမဏီမှာတင်မက EU ဥရောပတခွင် မှာပါလုပ်ကိုင်နိုင်မယ့် အနေအထားမျိုးရောက်ပါမယ်။ပြောရရင် ဥရောပ အလုပ်သမားစံ လက်မှတ်လို့ သမုတ်ရမလိုပါ။
.
အဲဒီ လက်မှတ်ရဖို့ ဘယ်လိုတွေ ရှိမလဲ။
ဂျာမဏီ မှာ Ausbildung (အော်လ်စဘီဒုန်) လို့ခေါ်တဲ့ Program တစ်ခုရှိပါတယ်။လေ့ကျင့်ရေး ပရိုဂရမ်ပါ။ဥရောပစံမှီအောင် လေ့ကျင့်ပေးတယ်ဆိုတဲ့အနေအထားပါ။
အဓိကအားဖြင့် ၂မျိုး ခွဲနိုင်ပါမယ်။နားလည်လွယ်အောင် စာအသင်များတဲ့ Ausbildung နဲ့ လုပ်ငန်းခွင်အလုပ်များတဲ့ Ausbildung ဆိုပြီးခွဲနိုင်ပါမယ်။
.
အထက်တန်းအောင်အဆင့် ရှိမယ်၊ဘာသာစကားလက်မှတ် B1 လက်မှတ်ရှိမယ်၊အသက် ၃၅ လောက်အထိဆိုရင် လုပ်ရကိုင်ရတာ လွယ်ကူပါမယ်။
အလုပ်အမျိုးအစားတွေကလည်း အမျိုးမျိုးရှိပါတယ်။အခေါ်များတာက မြန်မာပြည်ဖက်က ဆိုရင် Warehouse/Logistics ကဏ္ဌနဲ့ Nursing ကဏ္ဌ တွေအခေါ်များပါတယ်။အခြားအပိုင်းကဏ္ဌတွေလည်း ခေါ်ပါတယ်။အနည်းငယ်ပါ။
.
.
အဲဒီအပြင် လိုအပ်ချက်တစ်ခုအနေနဲ့ ရှိနေတဲ့ အသိအမှတ်ပြုဘာသာစကား လက်မှတ်ရနိုင်ဖို သင်ကြားလေ့လာရေးအပိုင်းကိုလည်း လုပ်ဆောင်ပေးနေလျက်ရှိပါတယ်။
.
လာမယ့် ၉ လပိုင်း ၂ ရက်နေ့မှာ သင်တန်းအသစ်စဖို့တွေလည်းရှိပါတယ်။သင်ယုံသက်သက်မဟုတ်ဘဲ Warehouse/Logistics Ausbildung နဲ့ပါ ချိတ်ဆက်မှုရှိမှာဖြစ်တဲ့အတွက် စိတ်ဝင်စားဖို့ပိုကောင်းပါလိမ့်မယ်။
Seminar ကို ၂၃ ရက်နေ့ ၁၀ နာရီမှာ ပြုလုပ်မှာဖြစ်ပြီး သင်တန်းသားအသစ်များကို အဲဒီကနေ ရွေးချယ်လက်ခံပေးသွားမှာဖြစ်ပါတယ်။သင်တန်းကတော့သွားလာရလွယ်ကူတဲ့ ရွှေဂုံတိုင်လမ်းဆုံမှာရှိပါမယ်။
.
ဂျာမဏီကို Warehouse/Logistics Ausbildung နဲ့ သွားဖို့ဆိုရင် "အနှိုင်းမဲ့မေတ္တာ"နဲ့ ထိတွေ့ဖို့လိုပါမယ်။
.
.
ဒေါ် ခင်-စန္ဒာ၀င်း
အနှိုင်းမဲ့မေတ္တာ-ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု (Consultant)
သီးသန့်ကိုယ်စားလှယ်၀န်ဆောင်မှု
ဒဂုံဆိပ်ကမ်း
ရန်ကုန်မြို့။
ဖုန်း- 09-255557022, 09-770844556, 09-250143462, 09-255332027, 09-421193580
e-mail- mugenji10905@gmail.com