Saturday, June 28, 2025


အနှိုင်းမဲ့မေတ္တာ မှ.....ခေါ်ယူပါမယ်။

.

ဂျပန် ဘိုးဘွားပြုစု ခိုင်းဂေါ့ (ကျွမ်းကျင်တိုခုတေး)(အေဂျင်စီသင်တန်းဝင်ခွင့်)

-မိန်းကလေးသီးသန့် ဖြစ်ရပါမည်။

-JLPT N4(သို့)JFT A2အောင်လက်မှတ် ရှိရပါမည်။

-TOKUTEI KAIGOအောင်လက်မှတ်(မြန်မာပိုင်း+ဂျပန်ပိုင်း)နှစ်ခုလုံး ရှိရပါမည်။

-အသက်(18)နှစ်မှ(32)နှစ်ကြားရှိသူ ဖြစ်ရပါမည်။

(30.6.2025)ရက်နေ့(တနင်္လာနေ့) နောက်ဆုံးထားပြီး စာရင်းပေးသွင်းရန်(Viber 09250143462 သို့ ဆက်သွယ်လျောက်ထားရန်)။

အင်တာဗျူးဖြေဆိုရမည့်ရက်ကတော့ (4.7.2025)ရက်နေ့(သောကြာနေ့) ဖြစ်ပါတယ်။

.

အနှိုင်းမဲ့မေတ္တာ

ဒေါ် ခင် စန္ဒာဝင်း

Viber 09-250143462 (or) +959250143462

Ph 09-255557022

Saturday, June 14, 2025



"အနှိုင်းမဲ့မေတ္တာ" မှ မိခင်အေဂျင်စီအနေဖြင့်လည်းကောင်း၊တာဝန်ရှိ ဘာသာစကားသင်တန်းကျောင်းတာဝန်ခံအနေဖြင့်လည်းကောင်း တက္ကသိုလ်ပညာဆည်းပူးနေကြသော လူငယ်လူရွယ်များအား Next Step အနေဖြင့် အလုပ်အကိုင်ဆိုင်ရာအခွင့်အလမ်းများအားသိရှိစေခြင်းအလို့ငှာ ကျောင်းသူကျောင်းသားများ မိမိအခြေအနေနှင့် လိုက်လျောညီထွေမှုရှိမည့် ပြည်ပ(ဥရောပဂျာမနီ၊အာရှဂျပန်)နိုင်ငံတို့ရှိ အသက်မွေးဝမ်းကြောင်းမှု ဘာသာရပ်များအကြောင်း၊သွားရောက်သင်ယူနိုင်မည့် အခြေခံလိုအပ်ချက်များ၊နိုင်ငံတော်မှ လက်ရှိခွင့်ပြုပေးနေသည့်ပုံစံ စသည့် တော်ယုံ သိနိုင်ခဲသည့် အကြောင်းအရာများကို မန္တလေးရှိ နိုင်ငံခြားဘာသာသင်တက္ကသိုလ် တွင် သက်ဆိုင်ရာတာဝန်ရှိ ပုဂ္ဂိုလ်များတို့နှင့် တွေ့ဆုံခွင့်ပြုချက်ရယူပြီး ကျောင်းသူကျောင်းသားများအား ရှင်းလင်းဟောပြောပွဲ Seminar လေး ပြုလုပ်ခဲ့ပါသည်။😎😎😎
.
ဟောပြောပွဲပြုလုပ်မှုကိုလက်ခံခွင့်ပြုပေးခဲ့သည့် MUFL မှ ပါမောက္ခ ချုပ်နှင့်ဌာနမှူးဆရာ၊ဆရာမအပေါင်းတို့ကို အထူးကျေးဇူးတင်ရှိကြောင်း ဤနေရာမှ ဂါရဝ စကားပြောကြားလိုပါသည်။🙏🙏🙏
.
ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်းအနေဖြင့် တက္ကသိုလ်ဘွဲ့ပညာပြီးဆုံးခါနီးနှင့် ပြီးဆုံးသည့် လူသစ်တန်းလူငယ်လူရွယ်များအားလည်း အရေအတွက်တစ်ခု၊ကာလ တစ်ခု သတ်မှတ်၍မိခင်အေဂျင်စီ၊သင်တန်းကျောင်းစသည်တို့တွင် Internship အနေဖြင့် လက်ခံပေးသွားပြီး ထိုမှ တစ်ဆင့် ရုံးလုပ်ငန်းဆောင်တာတို့ကို နားလည်စေပြီးနောက် ဝန်ထမ်းအဖြစ် ဆက်လက်လုပ်ကိုင်သွားလိုပါကလည်း ရွေးချယ်ခန့်အပ်သွားပေးနိုင်ရန် အတတ်နိုင်ဆုံး အကောင်အထည်ဖေါ်ပေးပါမည့်အကြောင်းကိုလည်းနိုင်ငံတော်အကျိုး၊လူငယ်လူရွယ်တို့၏အကျိူးကိုရည်မျှော်ပြီးလုပ်ဆောင်ပေးပါမည်ဖြစ်ကြောင်းကိုလည်း ပြောဆိုခဲ့ပါသည်။🥰🥰🥰
အရှိန်ရရေပန်းစားလူသိများလာနေသည့် ဥရောပ ဂျာမနီနိုင်ငံတွင် အသက်မွေးဝမ်းကျောင်းမှု ပညာရပ် သွားရောက် သင်ယူနိုင်ရေး နှင့် သတ်မှတ်ကာလပြီးဆုံးအောင်မြင်ပါက မိခင်မြန်မာနိုင်ငံသို့ ပြန်၍ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်စေရန်လည်းကောင်း သို့တည်းမဟုတ် မိမိဘဝရပ်တည်ရေးအတွက် ဂျာမနီနိုင်ငံ တွင်ဆက်လက် ရပ်တည်လုပ်ကိုင်သွားလိုပါကလည်း လုပ်ကိုင်သွားနိုင်မည့် အခြေအနေတို့ကို အဓိက ထားရှင်းလင်းဟောပြောပြီး ဇွန်လ ၁၂ ရက်နေ့ တစ်နေ့တာကို မန္တလေးတွင် အကျိုးရှိစွာ ကျော်ဖြတ်ခဲ့ပါကြောင်း "အနှိုင်းမဲ့မေတ္တာ"မှသတင်းစကားလေးပါးလိုက်လိုပါသည်။🥰🥰🥰
.
ဥရောပ တိုက်ရှိ ဂျာမနီ၊ချက်၊စလိုဗက်၊ရိုမေးနီးယား၊ပိုလန် စသည့်နိုင်ငံများသို့ သွားရောက်လိုသူများ၊ အာရှတိုက်ရှိ ဂျပန်နိုင်ငံသို့ သွားရောက်လိုသူများအနေဖြင့် စိတ်လက်ပေါ့ပါးစွာ အခမဲ့မေးမြန်းတိုင်ပင်နိုင်ပါကြောင်းအသိပေးလိုက်ပါသည်။
.
အနှိုင်းမဲ့မေတ္တာ
ဒေါ်ခင် စန္ဒာဝင်း
Viber 09250143462 (or) +959250143462
Phone 09-255557022 / 09-770844556

 

Friday, May 9, 2025


 ဂျာမန် စာ 4 skills (A1 အဆင့်မှ B1 အဆင့်ထိ)သင်ကြားနိုင်သော ဆရာ/မ ခန့်ထားလိုပါသည်။
6 လပိုင်း သင်တန်းအသစ်စပါမည်။
သင်တန်းသားများလည်းတက်‌ရောက်နိုင်ရန်စုံစမ်းနိုင်ပါသည်။
.
ဂျာမန်စာသင်ဆရာ/ဆရာမ
လစာ - ညှိနှိုင်း
အလုပ်ချိန် - တနင်္လာ မှ သောကြာ (မနက် ၉ နာရီ မှ ၅ နာရီ)
နေရာ - ‌ရွှေဂုံတိုင် လမ်းဆုံ
.
ဆက်သွယ်ရန်
.
ဒေါ်ခင်-စန္ဒာဝင်း
အနှိုင်းမဲ့မေတ္တာ (Consultancy Business)
Viber +959250143462 (or) 09250143462
mugenji10905@gmail.com

Sunday, May 4, 2025

ဂျင်ပေါ်က ထုံး၊ထုံးပေါ်က သံမှို...........ဆိုသည့် အေဂျင်စီဆိုသည်မှာ.......
.
အေဂျင်စီတွေ ကြိတ်ရယ်နေသည်။
အရှေ့မှာတော့ အဘရယ် မလုပ်ပါနဲ့ ဒီအရေအတွက်နဲ့ အဆင်မပြေလို့ပါ....ဘာညာ။
နောက်ကွယ်မှာတော့........ပြည်ပထွက်ချင်တဲ့သူတွေဆီက ငွေတောင်းလို့ကောင်းမှကောင်း ဆိုဘဲ......(အထာတွေ၊အထာတွေ 😅😅😅)
စာရင်းဖျောက်ပြီး အခွန်ရှောင်တာက တစ်ကွက်၊ငွေသွင်းစဥ်မှာ အခွန်ဆိုပြီး ဖိန့်ဖိန့်နဲ့ ပြည်ပထွက်မယ့်သူတွေဆီက လိမ်ယူတာက တစ်နည်း.......
အရှေ့မှာတော့ "မလုပ်ပါနဲ့အဘရယ်"တဲ့😅😅😅
 

 

Friday, April 25, 2025


လက်ရှိ အေဂျင်စီတွေ လုပ်ကွက်က........ဒီလို...ဒီလို😅😅😅
.
လက်ရှိ အေဂျင်စီတွေ လုပ်ကွက်က အလုပ်ခေါ်စာလက်ခံ၊အင်တာဗျူးလုပ်၊COE လျောက်ပေး၊သံရုံးဗီဇာဝင်ပေး............ပြီးရင် ရသမျှ ငွေညှစ်ယူ၊ ပြီးရင် နားလှည့်ပါးရိုက်နဲ့ အစိုးရကြောင့် ဘာညာပြော ပြီး ကန်ဆယ်ဖြစ်ရပါပြီ၊သွားချင်ရင် မိမိဖာသာ တာဝန်ယူပြီးသွားဖို့လုပ်မှရပါမယ်ဆိုပြီး သွားမယ့်သူကိုဝန်ခံဂတိရေးခိုင်း၊ပြီးရင် တစ်ဖက်လှည့်နဲ့ တရားမဝင်မှောင်ခိုလမ်းကပို့ ..........(ဘာ OWIC ကဒ်မှမလို)
.
ဒါမျိုး သင်ကြုံနေပြီလား။ငွေလည်းကုန်ပြီး လူမှောင်ခိုကူးခံနေရမှန်းမသိ ယောင်ဝါးဝါး ဟိုလိုလိုဒီလိုလို ဖြစ်နေပါသလား။
MOEAA နဲ့ အလုပ်သမားဝန်ကြီးဌာန ကို အသိပေးပြီး အေဂျင်စီကို တစ်ပြားမှ ပေးစရာမလိုဘဲ သွားနိုင်အောင်လုပ်လို့ရပါပြီ။(ပေးမိခဲ့ရင်တောင်မှ လိုရာအရပ်ရောက်ရင် အနေအထားကိုဖွင့်ဟတိုင်ကြားပြီး ငွေပြန်ရအောင်လုပ်နိုင်ပါပြီ)
လိုအပ်ရင် ဆက်သွယ်ပါ။🥰🥰🥰
"အနှိုင်းမဲ့မေတ္တာ"ကတော့ ထိတွေ့သမျှ၊ဖြတ်သန်းသွားတဲ့သူတွေမှန်သမျှ မမှန်မကန်မဖြစ်စေရ။တာဝန်ယူပြီး အမှန်အကန် ဖြစ်စေရမည်။
မှောင်ခိုလူကုန်ကူးခံရခြင်းမျိုး မဖြစ်အောင် သက်ဆိုင်ရာနှင့်ပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်၍ ယုံကြည်စွာလက်တွဲနိုင်ပါသည်။
.
အလုပ်ခေါ်စာများလည်း mugenji.blogspot.com တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
.
09250143462 Viber



 


သူခိုးဋီကာ............😂😂😂
.
သူခိုး.....နဲ့ ကြံရာပါ........😅😅😅
.
အဘကို သူခိုးဘာညာပြောတဲ့သူတွေကိုမေးကြည့်မယ်။
.
ဝန်ဆောင်မှုကုမ္ပဏီတစ်ခု ဥပမာ လူပို့အေဂျင်စီဘဲဆိုပါတော့....
ပို့တဲ့လူအရေအတွက်အတိုင်း အခွန်မဆောင်ရင် အခွန်ရှောင်တဲ့ကုမ္ပဏီလို့ ပြောနိုင်မယ်မဟုတ်လား။အခွန်သူခိုးကုမ္ပဏီလို့ပြောနိုင်မယ်မဟုတ်လား။
.
နဂိုထဲက အခွန်မဆောင်မယ့်အရေအတွက်ဘယ်နှစ်ဦးဆီက ဝန်ဆောင်ခလည်းယူ၊အခွန်ဆောင်ရမှာပါဆိုပြီး အလုပ်သမားဆီကလည်းအခွန်အတွက်ဆိုပြီးလည်းယူရင် ဒါက ငလိမ်ကြီးကုမ္ပဏီပြောမလား ဘတ်ကီးရိုက်ကုမ္ပဏီ ပြောမလား။
ဒဘလယ်သူခိုးကုမ္ပဏီ လို့ပြောမလား။
.
လိမ်ပြီးလည်းယူတယ်။အခွန်လည်းမဆောင်ဆိုတော့ ဒီလိုအေဂျင်စီမျိုး သူခိုးငလိမ်အဆင့်အေဂျင်စီက ငါတို့က အေဂျင်စီ Top 10 ထဲပါတယ်ဘာညာဇန်းတင်တာ ကတော့ ရှက်စရာကြီးမထင်မိဘူးလား။
အဘ လည်းအဲဒီလိုသူခိုးတွေကြားထဲ ရောကြိတ်ခံနေရတာ။တပည့်မကောင်းဆရာ့ခေါင်းဆိုပြီး သူခိုးကြီး အမည်အတပ်ခံနေရတာနေမှာ။(သားဖြစ်သူကို ပါမစ်လေး ကွက်ပြီး ချပေးမိတာများပြောလိုက်ကြတာ.....😅😅😅ကြည့်စမ်းကြည့်စမ်း)
သာမန် ငါတို့လည်း သူခိုးကြံရာပါ အနေနဲ့များရောပါမိနေပြီလားမသိ.......စဥ်းစားကြည့်ရတာတော့ ရှက်ဖို့အကောင်းသား။
Audit Firm ကလည်း သူခိုးကိစ္စ ကူညီရင် သူလည်းဘဲ ကြံရာပါတွေ ဖြစ်ပြီ။
အခွန်ဦးစီးလည်းသေချာမစီစစ်ဘဲ မုန့်ဖိုး ပဲဖိုးလောက်နဲ့ ထောက်ခံလက်မှတ်ထိုးပေးနေရင် သူလည်းဘဲ ကြံရာပါသူခိုး.....ဆိုပြီးဖြစ်မှာ။
.
ဟာ .........အခုမှ သိပြီ။နေ့တိုင်း ဘုရားရှိခိုးသီလယူနေတာ ဘာမှလည်းမထူးခြားပါလားအောက်မေ့တာ အဲလိုတွေ အာဒိန္နဒါန ကံတွေကိုကြံရာပါအနေနဲ့မသိဘဲလုပ်နေမိပြီး သီလကျိုးနေလို့ကိုး..........😅😅😅အဟက်ဟက်ဟက်
.
ဒီကြားထဲ သူခိုးကြံရာပါကိုလာလိမ်တဲ့ ငလိမ်မက တစ်မှောင့်.....အမည်ခံသူခိုးMDရယ်၊သူခိုးအကြံပေးရယ်၊အမည်ခံသူခိုးဒါရိုက်တာရယ်ကလည်းတစ်မှောင့်.....သူခိုးခွဲတမ်းက ၄ သိန်းဘဲရမယ်ဆိုပြီး မိုက်ကြေးလာခွဲနေတာကတစ်မှောင့် ..... စိတ်တွေရယ် လေပါတယ်ကွယ်။😅😅😅
.
ငါတို့အားလုံးသည် သူခိုးများသာဖြစ်ပေချိမ့်တော့သည်။🤣🤣🤣

 

အနှိုင်းမဲ့မေတ္တာ မှ.....ခေါ်ယူပါမယ်။ . ဂျပန် ဘိုးဘွားပြုစု ခိုင်းဂေါ့ (ကျွမ်းကျင်တိုခုတေး)(အေဂျင်စီသင်တန်းဝင်ခွင့်) -မိန်းကလေးသီးသန့် ဖြစ်ရ...