Friday, July 19, 2019
Job Title 0106……IT Engineer (Programming)
.
.
B.E IT, B.C.Sc
.
.
.
.
.
.
.
.
နေထိုင်မှုအတွက် ကုမ္ပဏီမှစီစဉ်ပေးမှုရယူပြီးလစာမှ အိမ်လခ၊ရေမီးဂက်စ်မီတာခ တို့နှုတ်ယူခံရမှုတို့ရှိမည်။
.
.
.
.
.
.
.
ဒေါ် ခင်-စန္ဒာဝင်း
အနှိုင်းမဲ့မေတ္တာ
ဂျပန်စာ၊စကား
ကျောက်ကုန်း၊ရန်ကင်း
ရန်ကုန်မြို့။
.
.
.
အလုပ်အကိုင်-အနှိုင်းမဲ့မေတ္တာဂျပန်အလုပ်အကိုင်၀န်ဆောင်မှု…..မှ ထပ်မံ၍(ပြည်ပ)ဂျပန်အလုပ်အကိုင်ကောင်းတစ်ခုကိုမိတ်ဆက်ပေးလိုက်ပါတယ်။
.
B.E IT, B.C.Sc
IT တက္ကသိုလ်ဘွဲ့ရ၊ကွန်ပြူတာ တက္ကသိုလ်ဘွဲ့ရသမားများထဲမှ Software Programming ဆိုင်ရာ ကုဒ်ရေးသားနိုင်သူ(C,C++,JAVA,PHP တစ်ခုခု ရေးသားနိုင်သူ)(software developer)
(Electrical, Electronic Software ဆိုင်ရာ ဦးစားပေး)
.
အလုပ်နေရာ.....တိုကျိုမြို့(သို့) တာ၀န်ချထားပေးရာနေရာ
.
အမြဲတမ်း၀န်ထမ်း(ရေရှည်)၊အလုပ်ဗီဇာ(ဘွဲ့ရပညာရှင်အလုပ်သမားဗီဇာ)
.
အလုပ်ချိန် မနက် ၉း၀၀ မှ ၁၇း၄၅ တွင် နားချိန် ၄၅ မိနစ်(၁၂း၁၅ မှ ၁၃း၀၀ အထိ)
နားရက်….စနေ၊တနင်္ဂနွေ၊အစိုးရရုံးပိတ်ရက် (သို့) ကုမ္ပဏီပြက္ခဒိန်အရ
.
လစာ…..အခြေခံလစာ ယန်း ၁၆ သောင်း+လုပ်ငန်းဆောင်တာခ ယန်း ၅ သောင်း= စုစုပေါင်း ယန်း ၂၁ သောင်း(မြန်မာကျပ်ငွေ ၂၅ သိန်းခန့်)
.
လုပ်အားခပေးချေပုံ…..၂၀ ရက်နေ့…စာရင်းပိတ်ပြီး၊လကုန်ရက်တွင် ဘဏ်ကဒ်ထဲသို့ ထည့်သွင်းပေးချေပါမည်။
ဆုကြေးငွေ…ကုမ္ပဏီ၏လုပ်ငန်းအကျိုးအမြတ်ပေါ်မူတည်ပြီးရှိနိုင်မည်။
.
အလုပ်မှထုတ်ပယ်ခြင်းနှင့်ပတ်သက်၍သတ်မှတ်စည်းကမ်းရှိသည်။
.
လစာတိုးရန်သုံးသပ်ခြင်း…..နှစ်စဉ်တစ်ကြိမ် အခွင့်အရေးရှိမည်။(ကုမ္ပဏီလုပ်ငန်းအကျိုးအမြတ်ပေါ်မူတည်၍သော်လည်းကောင်း၊ကာယကံရှင်၏ကြိုးစားလုပ်ကိုင်မှုအရည်အချင်းပေါ်မူတည်၍ လစာတိုးပေးရန် သုံးသပ်မှု မပြုသည်လည်းရှိနိုင်မည်။)
ခံစားခွင့်အနေဖြင့် လစာတိုးအခွင့်အရေး နှစ်စဉ်တစ်ကြိမ်၊ရာထူးလစာ၊လမ်းစရိတ် ၁၀၀%၊ဆုကြေးငွေ နှစ်စဉ်နှစ်ကြိမ်၊အချိန်ပိုကြေးခံစားခွင့်၊ကျန်းမာရေးအာမခံ၊ပင်စင် အစရှိသည့် လူမှုဖူလုံရေးခံစားခွင့်များ ရှိမည်။
.
နေထိုင်မှုအတွက် ကုမ္ပဏီမှစီစဉ်ပေးမှုရယူပြီးလစာမှ အိမ်လခ၊ရေမီးဂက်စ်မီတာခ တို့နှှုုတ်ယူခံရမှုတို့ရှိမည်။
စားသောက်မှုအတွက် မိမိဖာသာစီမံချက်ပြုတ်(သို့)ထမင်းဗူးမှာစားရခြင်းရှိမည်။ကုန်ကျစရိတ်ကျခံရမည်။
.
လက်ရောက်လစာ…..ယန်း ၁၇ သောင်းမှ ယန်း ၁၈ သောင်း ခန့်……..(မြန်မာကျပ်ငွေ ၂၁ သိန်းခန့်)
.
ဂျပန်၀င်ရောက်စဉ်တွင် N-3 အဆင့် စကားပြောဆိုနိုင်စွမ်းရှိနေရမည်။(အင်တာဗျူး၀င်စဉ်ဂျပန်စာအရည်အချင်းမရှိသေးလည်း.. အရွေးချယ်ခံရပါက ချိတ်ဆက်ထားသည့်ဂျပန်စာသင်ကျောင်းတွင် သတ်မှတ်အရည်အချင်းအထိ တက်ရောက်သင်ကြားရပါမည်။)
.
စာရွက်စာတမ်းကိစ္စများ တရား၀င်အေဂျင်စီဖြတ်၍လုပ်ကိုင်သွားရမည်။အစိုးရခွင့်ပြုအေဂျင်စီ၀န်ဆောင်ခရှိမည်။
.
စရံငွေကြိုပေးထားရန်မလိုသော၊ထွက်ခါနီးမှသာပေးချေရသော…စိတ်ချရသည့်အေဂျင်စီနှင့်သာလုပ်ဆောင်သွားရမည်။
(ဂျပန်စာအရည်အချင်းလိုအပ်နေသေးပါက အေဂျင်စီနှင့်ချိတ်ထားသော ဂျပန်စာသင်ကျောင်းတွင်တက်ရောက်သင်ကြားနိုင်ရမည်။)
.
စိတ်၀င်စားပါက To apply Job Title 0106 ဟုရေး၍ mugenji10905@gmail.com သို့ email ပေးပို့၍လျောက်ထားနိုင်သည်။
.
ဂျပန်သို့ "အလုပ်သင်လုပ်သား" "ကျွှမ်းကျင်လုပ်သား" "ဘွဲ့ရပညာရှင်" "သက်ကြီးပြုစုစောင့်ရှောက်ရေး" အလုပ်အကိုင်တို့ဖြင့်သွားရောက်လုပ်ကိုင်လိုသူများလည်းစုံစမ်းမေးမြန်းနိုင်ပါသည်။
.
ဒေါ် ခင်-စန္ဒာ၀င်း
အနှိုင်းမဲ့မေတ္တာ
ဂျပန်စာ၊စကား
သီးသန့်ကိုယ်စားလှယ်၀န်ဆောင်မှုလုပ်ငန်း
ကျောက်ကုန်း၊ရန်ကင်း
ရန်ကုန်မြို့။
ဖုန်း- 09-770844556, 09-793641366, 09-255332027, 09-421193580
e-mail- mugenji10905@gmail.com
Friday, July 5, 2019
.
KAZU
.
ဂျပန်အလုပ်သင်လုပ်သားဗီဇာကနေအခြေခံပြည့်မှီတဲ့သူတွေကူးပြောင်းနိင်တဲ့ Tokutei Ginou ဗီဇာ အတွက် ဟိုသင်တန်း၊ဒီသင်တန်းဘာညာ.....သင်တန်းတွေစနေ၊လုပ်နေကြတာ အားရစရာမြင်တွေ့ရပါတယ်။ကြိုတင်ပြင်ဆင်ထားမှုတွေလုပ်သမျှ လက်တွေ့ကျရင်အသုံးတည့်မှာမို့လို့ ကြိုးသာကြိုးစားထားလို့ပြောပါရစေ။
ဒါပေမယ့်တစ်ခုစိုးရိမ်ရတာကအဲဒီကနေတစ်ဆင့်အလုပ်ရနိုင်ဖို့အတွက် ငွေကြေးလက်လွန်မှုတွေ စိုးရိမ်ရပါတယ်။ဂျပန်ဖက်ကမည်သို့ပင်လက်ခံပြီဆိုနေကာမူမြန်မာပြည်ဖက်ခြမ်းက အဲဒီ ဗီဇာအမျိုးအစားသစ်ကို MOU စနစ်ထဲမှကိုင်တွယ်သွားနိုင်ရေး ဂျပန်အစိုးရနှင့် သတ်မှတ်ချက်များညှိနှိုင်းဆဲဖြစ်နေလို့ဖြစ်ပါတယ်။အသစ်စက်စက်၀င်တိုးချင်သူများအတွက်အရည်အချင်းစစ်စာမေးပွဲတွေကလည်း ဒီနှစ်အကုန်ပိုင်းမှာဂျပန်ဖက်မှဦးစီးကျင်းပမှာဖြစ်လို့ အောင်သည့်တိုင်အောင် MOU စနစ်အရစာရွက်စာတမ်းများလုပ်ဆောင်ကြာမြင့်ချိန်ပါထည့်တွက်ရရင် အမြန်ဆုံးဗီဇာရပြီးသွားရောက်နိုင်မည့်သူများမှာ၂၀၂၀ခုနှစ် ဧပြီ၊မေ လများလောက်မှဖြစ်နိုင်မယ်မှန်းကြည့်လို့ရပါတယ်။တထစ်ချမရနိုင်ဘူး၊မဖြစ်နိုင်ဘူးပြောတာတော့မဟုတ်ပါနော်။ခြွင်းချက်တွေ၊ဟာကွက်တွေရှိနေနိုင်ပါတယ်။ဥပမာပြောရရင် အလုပ်သင်တွေထဲက ၃ နှစ်ပြည့်ပြန်လာ၊၂ နှစ် သက်တမ်းတိုးနဲ့သွားထားတဲ့သူတွေဂျပန်မှာရှိနေတုန်း မြန်မာပြည်ဖက်က အစိုးရခွင့်မပြုပေးတဲ့အချိန်မှာတောင်မှ ထီမထင်လုပ်သွားနိုင်တာမျိုးလဲရှိနေနိုင်ပါတယ်။
မြန်မာပြည်ဖက်ကတော့ဂျပန်မှာအလုပ်သမားသံမရှိသေးတဲ့အတွက် ကိုးရီးယားလို အစိုးရအေဂျင်စီတစ်ခုထဲအနေနဲ့လုပ်သွားဖို့မဖြစ်နိုင်သေးပါဘူး။လောလောဆယ်မှာမှတ်ပုံတင်စာရင်း၀င်နေတဲ့လုပ်ငန်းရှင်အေဂျင်စီတွေကိုတာ၀န်ယူပြီးလုပ်ခိုင်းတယ်ဆိုတဲ့အခြေအနေရှိနေမှာဖြစ်ပြီး MOU စနစ်ထဲမှာထည့်သွင်းလုပ်သွားမယ်ဆိုရင်ဖြင့် စေလွှတ်အလုပ်သမားတွေကို အေဂျင်စီကတာ၀န်ယူခိုင်းမှာဖြစ်တဲ့အတွက် မြန်မာဖက်အေဂျင်စီရဲ့ပါ၀င်လုပ်ဆောင်မှုကိုမဖြစ်မနေလုပ်ဆောင်မှာဖြစ်ပါတယ်၊ဂျပန်ဖက်ကတော့လူတွေလိုနေတဲ့အတွက်တိုက်ရိုက်ခေါ်နိုင်ပြုနိုင်အောင်ဘယ်လိုပင်လုပ်သော်လည်းအလုပ်သမားများတစ်စုံတစ်ခုဖြစ်ခဲ့သော်တာ၀န်ယူဖို့ကလိုအပ်နေတဲ့အတွက်အေဂျင်စီရဲ့အခန်းကဏ္ဍကလည်းအရေးပါနေပါတယ်။
သွားဖို့ရည်ရွယ်နေသူများအဖို့အခြေအနေမှန်မှန်ကိုသိနားလည်ပြီးသွားချင်ဇောနဲ့ငွေကြေးများလက်မလွန်မီစေဖို့လိုအပ်တဲ့အကြောင်းအသိပေးချင်ပါတယ်။
အေဂျင်စီတွေတောင်မှအဲဒီဗီဇာနဲ့ပတ်သက်ပြီးရေရေလည်လည်မရှိသေးတဲ့အချိန်မှာဘာမဟုတ်တဲ့သင်တန်းတွေ၊ပွဲစားတွေရဲ့အပြောမှာမျောပါသွားပြီးငွေကြေးပိုင်းဆိုင်ရာတွေကိုလက်မလွန်မိကြဖို့သတိပေးလိုပါတယ်။
.
KAZU
အနှိုင်းမဲ့မေတ္တာ မှ.....ခေါ်ယူပါမယ်။ . ဂျပန် ဘိုးဘွားပြုစု ခိုင်းဂေါ့ (ကျွမ်းကျင်တိုခုတေး)(အေဂျင်စီသင်တန်းဝင်ခွင့်) -မိန်းကလေးသီးသန့် ဖြစ်ရ...