.
KAZU
.
ဂျပန်အလုပ်သင်လုပ်သားဗီဇာကနေအခြေခံပြည့်မှီတဲ့သူတွေကူးပြောင်းနိင်တဲ့ Tokutei Ginou ဗီဇာ အတွက် ဟိုသင်တန်း၊ဒီသင်တန်းဘာညာ.....သင်တန်းတွေစနေ၊လုပ်နေကြတာ အားရစရာမြင်တွေ့ရပါတယ်။ကြိုတင်ပြင်ဆင်ထားမှုတွေလုပ်သမျှ လက်တွေ့ကျရင်အသုံးတည့်မှာမို့လို့ ကြိုးသာကြိုးစားထားလို့ပြောပါရစေ။
ဒါပေမယ့်တစ်ခုစိုးရိမ်ရတာကအဲဒီကနေတစ်ဆင့်အလုပ်ရနိုင်ဖို့အတွက် ငွေကြေးလက်လွန်မှုတွေ စိုးရိမ်ရပါတယ်။ဂျပန်ဖက်ကမည်သို့ပင်လက်ခံပြီဆိုနေကာမူမြန်မာပြည်ဖက်ခြမ်းက အဲဒီ ဗီဇာအမျိုးအစားသစ်ကို MOU စနစ်ထဲမှကိုင်တွယ်သွားနိုင်ရေး ဂျပန်အစိုးရနှင့် သတ်မှတ်ချက်များညှိနှိုင်းဆဲဖြစ်နေလို့ဖြစ်ပါတယ်။အသစ်စက်စက်၀င်တိုးချင်သူများအတွက်အရည်အချင်းစစ်စာမေးပွဲတွေကလည်း ဒီနှစ်အကုန်ပိုင်းမှာဂျပန်ဖက်မှဦးစီးကျင်းပမှာဖြစ်လို့ အောင်သည့်တိုင်အောင် MOU စနစ်အရစာရွက်စာတမ်းများလုပ်ဆောင်ကြာမြင့်ချိန်ပါထည့်တွက်ရရင် အမြန်ဆုံးဗီဇာရပြီးသွားရောက်နိုင်မည့်သူများမှာ၂၀၂၀ခုနှစ် ဧပြီ၊မေ လများလောက်မှဖြစ်နိုင်မယ်မှန်းကြည့်လို့ရပါတယ်။တထစ်ချမရနိုင်ဘူး၊မဖြစ်နိုင်ဘူးပြောတာတော့မဟုတ်ပါနော်။ခြွင်းချက်တွေ၊ဟာကွက်တွေရှိနေနိုင်ပါတယ်။ဥပမာပြောရရင် အလုပ်သင်တွေထဲက ၃ နှစ်ပြည့်ပြန်လာ၊၂ နှစ် သက်တမ်းတိုးနဲ့သွားထားတဲ့သူတွေဂျပန်မှာရှိနေတုန်း မြန်မာပြည်ဖက်က အစိုးရခွင့်မပြုပေးတဲ့အချိန်မှာတောင်မှ ထီမထင်လုပ်သွားနိုင်တာမျိုးလဲရှိနေနိုင်ပါတယ်။
မြန်မာပြည်ဖက်ကတော့ဂျပန်မှာအလုပ်သမားသံမရှိသေးတဲ့အတွက် ကိုးရီးယားလို အစိုးရအေဂျင်စီတစ်ခုထဲအနေနဲ့လုပ်သွားဖို့မဖြစ်နိုင်သေးပါဘူး။လောလောဆယ်မှာမှတ်ပုံတင်စာရင်း၀င်နေတဲ့လုပ်ငန်းရှင်အေဂျင်စီတွေကိုတာ၀န်ယူပြီးလုပ်ခိုင်းတယ်ဆိုတဲ့အခြေအနေရှိနေမှာဖြစ်ပြီး MOU စနစ်ထဲမှာထည့်သွင်းလုပ်သွားမယ်ဆိုရင်ဖြင့် စေလွှတ်အလုပ်သမားတွေကို အေဂျင်စီကတာ၀န်ယူခိုင်းမှာဖြစ်တဲ့အတွက် မြန်မာဖက်အေဂျင်စီရဲ့ပါ၀င်လုပ်ဆောင်မှုကိုမဖြစ်မနေလုပ်ဆောင်မှာဖြစ်ပါတယ်၊ဂျပန်ဖက်ကတော့လူတွေလိုနေတဲ့အတွက်တိုက်ရိုက်ခေါ်နိုင်ပြုနိုင်အောင်ဘယ်လိုပင်လုပ်သော်လည်းအလုပ်သမားများတစ်စုံတစ်ခုဖြစ်ခဲ့သော်တာ၀န်ယူဖို့ကလိုအပ်နေတဲ့အတွက်အေဂျင်စီရဲ့အခန်းကဏ္ဍကလည်းအရေးပါနေပါတယ်။
သွားဖို့ရည်ရွယ်နေသူများအဖို့အခြေအနေမှန်မှန်ကိုသိနားလည်ပြီးသွားချင်ဇောနဲ့ငွေကြေးများလက်မလွန်မီစေဖို့လိုအပ်တဲ့အကြောင်းအသိပေးချင်ပါတယ်။
အေဂျင်စီတွေတောင်မှအဲဒီဗီဇာနဲ့ပတ်သက်ပြီးရေရေလည်လည်မရှိသေးတဲ့အချိန်မှာဘာမဟုတ်တဲ့သင်တန်းတွေ၊ပွဲစားတွေရဲ့အပြောမှာမျောပါသွားပြီးငွေကြေးပိုင်းဆိုင်ရာတွေကိုလက်မလွန်မိကြဖို့သတိပေးလိုပါတယ်။

No comments:
Post a Comment