Wednesday, March 25, 2020

"အနှိုင်းမဲ့မေတ္တာ" မှ မေတ္တာရပ်ခံချက်
.
လက်ရှိတွင်ကမ္ဘာတဝှမ်းဖြစ်ပွားလျှက်ရှိသော ကူးစက်ရောဂါ COVID-19 နမိုးနီးယား ရောဂါ၏ အကျိုးသက်ရောက်မှုသည် နိုင်ငံအသီးသီးသို့ရိုက်ခတ်လျက်ရှိနေပြီး "အနှိုင်းမဲ့မေတ္တာ" သည်လဲ အများနှင့်နည်းတူ ကြံ့ကြံ့ခံရပ်တည်လျက်ရှိပါသည်။
ပြည်ပ(ဂျပန်)သို့အလုပ်အကိုင်ဖြင့်တရားဝင်သွားရောက်ရောက်လုပ်ကိုင်စေရေးအတွက် အေဂျင်စီမှတစ်ဆင့် တရားဝင်လုပ်ထုံးလုပ်နည်းအတိုင်းလုပ်ကိုင်သွားမှုကိစ္စတွင် လက်ရှိအနေအထားအရ တစ်ဖက်နိုင်ငံ၏အခြေအနေ၊မြန်မာနိုင်ငံဖက်မှ သက်ဆိုင်ရာဌာနတို့၏လုပ်ငန်းဆောင်တာရပ်ဆိုင်းမှုတို့ကြောင့်ရှေ့ဆက်လုပ်ကိုင်နိုင်မှုမရှိဘဲ တန့်နေရသည့် အနေအထားမျိုး ဖြစ်နေပါသည်။ပြန်လည်၍နဂိုအနေအထားအတိုင်း ရောက်ရှိလည်ပတ်ရန်မှာလည်း ဌာနဆိုင်ရာ၏ခွင့်ပြုချက် အပေါ်မူတည်ပါသောကြောင့် အတိအကျမှန်းဆ၍မရနိုင်သည့်အနေအထားပင်ဖြစ်ပါသည်။သို့ဖြစ်ပါ၍ထွက်ခွာရန်အနေအထားမှ ကန်ဆယ်ဖြစ်ခြင်း၊နောက်သို့ရွေ့ခြင်းမှာမလွှဲမရှောင်သာဖြစ်ပေါ်ရင်ဆိုင်နေရမှုအပေါ် လွန်စွာမှ စိတ်မကောင်းဖြစ်ရပါသည်ဟု ထုတ်ဖေါ်ပြောကြားလိုပါသည်။
သက်ဆိုင်ရာမှ ခွင့်ပြုချက်ပြန်လည်ရရှိသည်နှင့် အမြန်ဆုံး ဆက်လက်လုပ်ဆောင်သွားပေးပါမည်။
.
ဒေါ် ခင်-စန္ဒာ၀င်း
အနှိုင်းမဲ့မေတ္တာ-ဂျပန်အလုပ်အကိုင်ဝန်ဆောင်မှု
ဂျပန်စာ၊စကား-သီးသန့်ကိုယ်စားလှယ်၀န်ဆောင်မှု
တောင်ဥက္ကလာပ
ရန်ကုန်မြို့။
ဖုန်း- 09-770844556, 09-255332027, 09-421193580
e-mail- mugenji10905@gmail.com

No comments:

Post a Comment

အနှိုင်းမဲ့မေတ္တာ မှ.....ခေါ်ယူပါမယ်။ . ဂျပန် ဘိုးဘွားပြုစု ခိုင်းဂေါ့ (ကျွမ်းကျင်တိုခုတေး)(အေဂျင်စီသင်တန်းဝင်ခွင့်) -မိန်းကလေးသီးသန့် ဖြစ်ရ...