ကျောင်းများ ပြန်ဖွင့်တော့မည် ဆိုသည့် အသံများကြားလာရသလို.........စိတ်ချရပါ့မလားဆိုသည့်ထင်မြင်ချက်များ၊ဖြစ်လာခဲ့ရင်ကုဖို့ထိန်းဖို့ ဆေးလွယ်လွယ်နဲ့ရဖို့မရှိသေးဘူးနော်.....ဆိုသည့် စိုးရိမ်ပူပန်သည့်ပြောဆိုနေမှုများလည်းရှိနေပါသည်။
.
တစ်ဦးခြင်းစီ၏စီးပွားရေး၊စားဝတ်နေမှုကိစ္စများဆီမှ နိုင်ငံအဆင့်အထိ အမျိုးမျိုးသောကဏ္ဍတို့တွင် ကြာရှည်ရပ်တန့်ထား၍မရသည်တို့ရှိကြသည်ဖြစ်ရာ ထိုထိုသောအကြောင်းများကြောင့်အန္တရယ်ကြားမှ တတ်နိုင်သမျှကာကွယ်ပြီး လည်ပတ်လာအောင်ပြုကြရမည်ဖြစ်ပါသည်။
.
စီးပွားရေးလုပ်ငန်း၊ကုမ္ပဏီ များလည်း လုပ်ငန်းခွင်တွင်းကပ်ရောဂါကာကွယ်ရေးအစီအမံများနှင့်အတူ အများစု မှာပြန်လည် လည်ပတ်လာနေပြီဖြစ်သည်။
.
ထိုမှတစ်ဆင့် အစိုးရဆိုင်ရာ ဝန်ကြီးဌာနများနှင့် ၄င်းတို့နှင့်သက်ဆိုင်သည့်လုပ်ဆောင်ပေးသည့် ကိစ္စဝိစ္စများ ပုံမှန်အတိုင်းလုပ်ဆောင်လာနိုင်ရန်တို့ရှိနေပါသည်။လုပ်ပေးရပါမည်။
.
ထိုမှသာ အရာရာအမျိုးမျိုးသောကဏ္ဍပေါင်းစုံတို့မှာ နဂိုမူလအတိုင်းလည်ပတ်လာနိုင်မှာဖြစ်ပြီး ဆုံးရှုံးနစ်နာမှုတို့ကို တတ်နိုင်သမျှ နည်းအောင်လုပ်နိုင်မှာဖြစ်ပါသည်။
.
ကပ်ရောဂါ၏သဘောသဘာဝ၊ကူးစက်နိုင်ပုံနည်းလမ်းတို့ကိုအလုံးစုံမဟုတ်စေကာမူ အတော်လေးကို သိရှိနေကြပြီဖြစ်ပါ၍ အားလုံးသော ပြည်သူအပေါင်းတို့သည် လွန်လွန်ကျုးကျူး စိုးရိမ်မှုမဖြစ်စေဘဲ၊သက်ဆိုင်ရာဝန်ကြီးဌာနမှ ကပ်ရောဂါကာကွယ်ရေးနည်းလမ်းများထုတ်ပြန်ထားသည့်အပေါ် အသေအချာ လိုက်နာခြင်းအားဖြင့် ၉၅% ခန့်ကာကွယ်သွားနိုင်မည်မျှော်လင့်ရပါသည်။
.
ကျောင်းများ၊သင်တန်းများပြန်ဖွင့်ပြီဆိုလျင်လည်း ယခင်ကဲ့သို့မဟုတ် ခွာထိုင်ခြားထိုင်ခြင်း၊နှာခေါင်းစည်းတပ်ခြင်း၊မျက်နှာကာ တပ်ခြင်း၊မိမိသီးသန့်တစ်ကိုယ်ရည်သုံးပစ္စည်းပစ္စယများသီးသန့်ထားခြင်း၊လက်မကြာခဏဆေးခြင်း၊မလိုအပ်သည့်ထိတွေမှုကိုရှောင်ရှားစေခြင်း၊သင်တန်းခန်းမအားလေဝင်လေထွက်ကောင်းစေခြင်း၊ဖျားနာနှာခြေဟန်ရှိသည့်သူများအား ခွင့်ယူစေခြင်းတို့ထိထိရောက်ရောက်ထောင့်စေ့အောင်လုပ်သွားပါက လုံခြုံစိတ်ချရလောက်မည်ထင်ရပါသည်။
.
ကျောင်းများ၊သင်တန်းများသည်လည်းပုံတွင်မြင်ရသည့်အတိုင်း ဖြစ်လာဖို့ ရှိသည်ဟုမှတ်ယူနိုင်ပါမည်။
.
ဂဃနဏ မသိခင်က ကြောက်မည်၊စိုးရိမ်မည်မှာ သဘာဝကျသော်လည်း၊ကပ်ရောဂါ၏သဘောသဘာဝ၊ကာကွယ်နိုင်သည့်နည်းလမ်းတို့ကို သိလာပြီးသည့်အလျောက် လုပ်သင့်သည်တို့ကိုလုပ်ရင်းနှင့်သတ္တိရှိရှိ၊မလွတ်သောသတိတို့ဖြင့် ရှေ့သို့သာ တိုး၍ တိုးပါဟူ၍သာ တိုက်တွန်းလိုက်ရပါသည်။
.
KAZU