ဂျပန်တွင်ရောက်ရှိလုပ်ကိုင်နေကြသည့် အလုပ်သင်လုပ်သားများ၊ပညာရှင်လုပ်သားများအနေဖြင့် ယခုအချိန်ကာလ တစ်ကမ္ဘာလုံးအတိုင်းအတာ ကိုရိုနာကပ်ရောဂါကူးစက်ပြန့်ပွားနေချိန်တွင် ကျန်းမာရေးဆိုင်ရာအထူးဂရုပြုသတိထားရန်နှင့်ကပ်ရောဂါ၏နောက်ဆက်တွဲအကျိုးဆက်အနေဖြင့်မိမိလုပ်နေသည့်အလုပ်ကုမ္ပဏီလုပ်ငန်းအပေါ်ရိုက်ခတ်လာမည့်ဆိုးကျိုးများတို့ကို မှန်းဆသိရှိထားရန်လိုအပ်ပါကြောင်း အသိပေးလိုပါသည်။
.
လက်ရှိ(၇.၅.၂၀၂၀) အနေအထားတွင်ဂျပန်နှင့်မြန်မာနိုင်ငံအကြားတွင်ပုံမှန်ပျံသန်းနေသည့်လေယာဥ်ခရီးစဥ်မှာလည်းမရှိသလို၊သံရုံးမှ အထူးစီစဥ်ပေးသည့် အခါမျိုးရှိမှသာလျင်ပြန်လာနိုင်၊ပြန်သွားနိုင်သည်ဆိုသည့်အနေအထားဖြစ်ပါသည်။ COEကျလာပြီး ဗီဇာရပြီးသည့်တိုင်အောင်ဂျပန်ဖက်မှ အဝင်မခံပယ်ဖျက်လိုက်သည်များလည်းရှိနေပြီး PR နေထိုင်ခွင့်ရထားသူတို့သာ ဂျပန်သို့ပြန်ဝင်လိုပါက သက်ဆိုင်ရာသံရုံး နှင့်လေကြောင်းလိုင်းတို့၏အထူးအစီအစဥ် ဖြင့်သာပြန်လည်ဝင်ရောက်နိုင်သည့်အခြေအနေဖြစ်ပါသည်။
.
ဝန်ကြီးဌာန၏ခွင့်ပြုချက်မရှိ၍အေဂျင်စီ၏လုပ်ငန်းဆောင်တာများရပ်ဆိုင်းစောင့်ဆိုင်းနေရခြင်းများရှိသလို၊ဂျပန်သို့ရောက်ရှိနေပြီးလုပ်ငန်းခွင်ဝင်နေသည့် အလုပ်သင်လုပ်သားများ၊ပညာရှင်အတွက်လည်းအခက်အခဲများရှိလာပါက ကူညီဆောင်ရွက်ပေးနိုင်ရေးအတွက်ယခုအချိန်အခါမျိုးကဲ့သို့မလူးသာမလှုပ်သာအနေအထားမျိုးဖြစ်နေသကဲ့သို့...ကိုင်တွယ်ဆောင်ရွက်ရာတွင်အတတ်နိုင်ဆုံးအနေဖြင့် မြန်မာပြည်ဖက်အေဂျင်စီနှင့် ထိတွေ့မှု၊ဆက်သွယ်မှု ပိုမိုရှိစေရေး On Line စနစ်(အချိန်နှင့်ပြေးညီ) Hot Line လုပ်ဆောင်သွားမည်ဖြစ်ပါသည်။
.
ယခင် ကိုင်တွယ်ဆောင်ရွက်ခဲ့သည့် ဖုန်း၊အီးမေးလ်၊SMS စာတိုဆက်သွယ်မှု၊ဂျပန်ရှိရုံးခွဲများမှ ဝန်ထမ်းများမှထိတွေ့လုပ်ဆောင်မှုတို့အပြင်ပိုမို အားစိုက်မှုအနေဖြင့် ကိစ္စဝိစ္စများအားကိုင်တွယ်နိုင်ရန် အချိန်နှင့်တပြေးညီ ထိတွေ့ဆောင်ရွက်နိုင်သည့် On Line (Hot Line)စနစ်အား Viber, Skype, Zoom, Messenger Video Call များဖြင့်လုပ်ဆောင်သွားမည်ဖြစ်ပါသည်။
အလုပ်သင်လုပ်သားများအနေဖြင့်အထက်တွင်ဖေါ်ပြခဲ့သော Channel များမှတစ်ဆင့် ဆက်သွယ်သမှုပြုနိုင်ရေးအတွက် Account များပြုလုပ်ထားရန်လိုအပ်မည်ဖြစ်ပြီးချိတ်ဆက်နိုင်ရေးအတွက်စီမံရမည်ဖြစ်ပါသည်။
.
ကပ်ရောဂါဖြစ်ပွားနေမှုကြောင့် သွားလာရေးအဆင်မပြေဖြစ်သည့်အခါမျိုးတွင်ကိုင်တွယ်လုပ်ဆောင်ပေးသွားနိုင်ရန်စီမံပေးခြင်းဖြစ်သည့်အလျောက်ရေမြေခြားတွင်ရောက်ရှိလုပ်ကိုင်နေကြသည့် အလုပ်သင်လုပ်သား၊ပညာရှင်ဝန်ထမ်းများအနေဖြင့်စိတ်ဓါတ်အင်အားရှိနေစေမည်ဟုယုံကြည်ထားပါသည်။
.
ကြီးကြပ်အဖွဲ့အစည်းများအနေဖြင့်လည်း ကပ်ရောဂါအနေအထားကြောင့် ကုမ္ပဏီများအားရိုတ်ခတ်လာခဲ့သည့်အနေအထားရှိခဲ့လျင်တောင်မှ အလုပ်လုပ်ကိုင်နေသည့် အလုပ်သမားများအဆင်ပြေရေးအတွက် နည်းလမ်းပေါင်းစုံ တရားဝင်လုပ်ဆောင်ပေးသွားမည်ဖြစ်ပါ၍မလိုအပ်ဘဲစိုးရိမ်ပူပန်ခြင်းမျိုးမရှိစေရန်ပြောပြထားလိုပါသည်။
.
ကျန်းမာရေးဂရုစိုက်၍အလုပ်တွင်ကြိုးစားခြင်းဆိုသည့်အချက်ကိုသေချာကိုင်စွဲထားပါက တော်ရုံအခက်အခဲလောက်မှာပြေလည်နိုင်မှာဖြစ်ကြောင်းအသိပေးရင်းနှင့်အတူ လက်ရှိအနေအထားကိုလိုက်လျောညီထွေဖြစ်စေရေးမိမိဖက်မှလုပ်ဆောင်ထားဖို့လိုအပ်သည်တို့ကိုပြောပြပေးလိုက်ပါသည်။
.
အခက်အခဲကာလတစ်ခုကိုခလုပ်မထိဆူးမငြိဘဲကျော်ဖြတ်နိုင်အောင်အားစိုက်သမှုပြုကြပါစို့။
.
KAZU

No comments:
Post a Comment