Wednesday, June 3, 2020

ပတ်စ်စပို့ရုံး ဖွင့်နေမနေ သိလိုသူတို့အတွက်..........📣📣📣
.
ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါတားဆီးကာကွယ်ရေး အစီအမံလုပ်ဆောင်ရန် အချိန်အတိုင်းအတာတစ်ခုအထိဌာနဆိုင်ရာတို့တွင်ဝန်ထမ်းဦးရေ ၅၀ % ဖြင့်အလှည့်ကျ တာဝန်ထမ်းဆောင်မှုတို့သည် ကျော်လွန်ခဲ့ပြီဖြစ်သည်။အချို့သောလုပ်ငန်းစဥ်များရပ်ဆိုင်းနေဆဲရှိသော်လည်းများမကြာမှီပြန်လည်စတင်လည်ပတ်တော့မည်ဟု ထင်မြင်ရပါသည်။🙄🙄🙄
ြပည်ပတွင်အလုပ်လုပ်ကိုင်ကြသည့်အလုပ်သမားများအနေဖြင့် နိုင်ငံကူးလက်မှတ်မှာမရှိမဖြစ်အရာဖြစ်သည့်အားလျော်စွာကာလသတ်မှတ်ချက်စည်းကမ်းများရှိနေ၍အထူးဂရုစိုက်ရမည့်အထောက်အထားစာရွက်စာတမ်းတစ်ခုဖြစ်ပါသည်။
ကျန်ရှိသက်တမ်းမလုံမလောက်ဖြစ်နေခြင်းမျိုးရှိနေတတ်ပြီးဆက်လက်လုပ်ဆောင်ရမည့်ကိစ္စများအဆင်မပြေမှုများပေါ်ပေါက်တတ်ပါသည်။
ကိုဗစ် အလွန် ပြည်ပသို့သွားရောက်လုပ်ကိုင်ရန်ထွက်ခွာမည့်သူများအနေဖြင့် မိမိ၏နိုင်ငံကူးလက်မှတ်စာအုပ်သက်တမ်းအားမမေ့မလျော့စစ်ဆေးပြီးသက်တမ်းတိုးရန်လိုအပ်ပါက လုပ်ဆောင်ကြရန်သတိပေးလိုပါသည်။‼️‼️‼️
နိုင်ငံကူးလက်မှတ်စာအုပ်ထုတ်ပေးရာရုံးသည်လည်းပြန်လည်ဖွင့်လှစ်လုပ်ဆောင်ပေးနေပြီဖြစ်ပါ၍အဆင်ပြေသောရုံးဖွင့်ရက်တွင် လုပ်ဆောင်စရာရှိသောကိစ္စများလုပ်ဆောင်ကြပါရန်နှင့်.......
စာအုပ်အဟောင်းတွင်ရှိသော အဝင်အထွက်တုံးဆိုင်ရာအထောက်အထားများလိုအပ်သူအဖို့ စာအုပ်ပြန်အပ်စဥ် စာအုပ်အ ဟောင်းအားပြန်လည်ရယူလိုပါသည်ဟု မမေ့မလျော့ပြောပေးကြပါလို့မှာလိုပါသည်။
.
ထပ်ပြောရမည်ဆိုလျင်" ပတ်စ်စပို့ရုံး ပြန်ဖွင့်နေပါပြီ" လို့ပြောပါရစေ။😁😁😁
.
KAZU

No comments:

Post a Comment

အနှိုင်းမဲ့မေတ္တာ မှ.....ခေါ်ယူပါမယ်။ . ဂျပန် ဘိုးဘွားပြုစု ခိုင်းဂေါ့ (ကျွမ်းကျင်တိုခုတေး)(အေဂျင်စီသင်တန်းဝင်ခွင့်) -မိန်းကလေးသီးသန့် ဖြစ်ရ...