Thursday, December 31, 2020


ဂျပန်သို့ တရားဝင်ပညာရှင်အလုပ်ဗီဇာနှင့်သွားေရာက်နိုင်ရန်လိုအပ်သည့် OWIC Card ရရှိနိုင်ရေး သီးသန့်ဝန်ဆောင်မှုပေးသွားမည်။

.
ဂျပန်သို့ တရားဝင်အလုပ်အကိုင်နဲ့သွားရာမှာဝန်ကြီးဌာနသတ်မှတ်ချက်အရ OWIC Card(စမတ်ကဒ်)လုပ်ကိုလုပ်ရပါတယ်။လက်ရှိမှာ မြန်မာပြည်မှသွွားရောက် မည့် အလုပ်သင်၊ကျွမ်းကျင်တွေအတွက်က အေဂျင်စီ မပါမနေရပါဝင်ေနရပါတယ်။အဲဒီအတွက်လည်း ေအဂျင်စီဝန်ေဆာင်ခဆိုပြီး ကျသင့်ေနပါတယ်။အဲဒီ၂ခုအတွက် စမတ်ကဒ်ကို ေအဂျင်စီကလုပ်ေပးမှရပါတယ်။ကာယကံရှင်ကလုပ်၍မရပါ။
.
လက်ရှိတွင်ဘွဲ့ရပညာရှင်အလုပ်ဗီီီဇာနှင့်သွားရောက်လုပ်ကိုင်မည့်သူများအတွက် အေဂျင်စီမပါဘဲ ‌ေအဂျင်စီဝန်ဆောင်ခ မကျသင့်စေဘဲ ရရှိနိုင်သည့်အနေအထားမျိုးရှိလာပါ၍ ထို OWIC Card ရရှိနိုင်ရေး "အနှိုင်းမဲ့မေတ္တာ"မှ ၂၀၂၁ နှစ်သစ်မှစတင်ကာသီးသန့်ဝန်ဆောင်မှုလုပ်ဆောင်ပေးသွားမည်။
.
ဒေါ် ခင်-စန္ဒာ၀င်း
အနှိုင်းမဲ့မေတ္တာ-ဂျပန်အလုပ်အကိုင်ဝန်ဆောင်မှု
ဂျပန်စာ၊စကား-သီးသန့်ကိုယ်စားလှယ်၀န်ဆောင်မှု
တောင်ဥက္ကလာပ/ရန်ကင်း
ရန်ကုန်မြို့။
ဖုန်း- 09-770844556, 09-255332027, 09-421193580
e-mail- mugenji10905@gmail.com

Tuesday, December 15, 2020

 mugenji.blogspot.com မှ ဂျပန်နိုင်ငံတွင် အလုပ်ဗီဇာဖြင့် သွား‌ရောက်လုပ်ကိုင်နိုင်ရန် အခွင့်အလမ်းများအား လက်ဆုပ် လက်ကိုင် ရနိုင်လိုက်သူ ၃ ဦး.............

🥰🥰🥰
.
ဆက်လက်ကြိုးစားကြပါ။
မိမိအနာဂါတ်တောက်ပြောင်အောင်မိမိ ရဲ့လုံ့လသာလျင်အဓိကကျပါတယ်။
"အနှိုင်းမဲ့မေတ္တာ" ကတော့ လမ်းခင်းပေးယုံ၊လမ်းပြပေးယုံသက်သက်သာရှိပါတယ်။စိတ်ချရတဲ့၊ငွေကြေးအလိမ်အညာပိုင်းဆိုင်ရာကင်းတဲ့အေဂျင်စီနဲ့ ချိတ်မိပြီးသွားတဲ့နောက်မှာတော့့ ကျန်တဲ့တရားဝင်ကိစ္စ၊စာရွက်စာတမ်းပိုင်းဆိုင်ရာတွေဆက်လုပ်သွားပေးပါ။
.
"အနှိုင်းမဲ့မေတ္တာ" ကတော့ ဆိုခဲစေ၊မြဲခဲစေ အင်တာဗျုးကြေးကအစ ဘာကြေးညာကြေး လုံးဝမရှိစေဘဲ ပြည်ပထွက်အလုပ်လုပ်လိုတဲ့ သူတွေအတွက် မီးပြတိုက်သဖွယ် ဆက်လက်ရပ်တည်နေမှာပါ။
.
ဒေါ် ခင်-စန္ဒာ၀င်း
အနှိုင်းမဲ့မေတ္တာ-ဂျပန်အလုပ်အကိုင်ဝန်ဆောင်မှု
ဂျပန်စာ၊စကား-သီးသန့်ကိုယ်စားလှယ်၀န်ဆောင်မှု
တောင်ဥက္ကလာပ/ရန်ကင်း
ရန်ကုန်မြို့။
ဖုန်း- 09-770844556, 09-255332027, 09-421193580
e-mail- mugenji10905@gmail.com


Friday, December 11, 2020

 


JFT[ဂျပန်စာအရည်အချင်း]နှင့်Tokutei Ginou [ဘိုးဘွားရိပ်သာ၊ စားသောက်ဆိုင်၊ စားသောက်ကုန်ထုတ်]

စာမေးပွဲ လျှောက်လွှာတင်နည်းနှင့် စာလေ့လာရန် စုစည်းမှုများ

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>> 

စားသောက်ဆိုင်၊စားသောက်ကုန်ထုတ်စာမေးပွဲ

၁၂လပိုင်း ၉ရက်နေ့ကမှစပြီး စာမေးပွဲဖောင်တင်လို့ရပါသည်။

➡ဒုတိယအကြိမ် စာမေးပွဲတုန်းက မဲစနစ်နဲ့ရွေးချယ်ပြီး၊

ဖြေခွင့်မရတဲ့သူများ၊ ယခုတစ်ခါ ပြန်လည်ဖြေဆိုနိင်ပါသည်။

➡ဒုတိယအကြိမ်ဖြေဆိုထားသူများလည်းအောင်စာရင်းထွက်ပါပြီ။

အကောင့်ထဲဝင်ပြီး [受験履歴]မှာရလဒ် ကြည့်နိင်ပါတယ်။

ဖုန်း browser ကို Google Chrome ဖြင့်လုပ်ပါ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>> 

__________________________________________________________

特定技能「介護 - kaigoဘိုးဘွားရိပ်သာလုပ်ငန်း

စာမေးပွဲ ဖောင်တင်ရမည့်နေ့ - နေ့တိုင်းလျှောက်လွှာတင်လို့ရပါတယ်။

စားမေးပွဲ ဖြေရမည့်နေ့ - နေ့တိုင်းနီးပါရှိပါတယ်။

စာမေးပွဲ အဖြေထွက်မည့်နေ့ - ဖြေပီးနောက်နေ့ အဖြေထွက်ပါမယ်။

စာမေးပွဲ ကျင်းပမည့်နေရာ - ဂျပန်တစ်နိင်ငံလုံးတွင်ကျင်းပပါသည်။

စာမေးပွဲ ဖောင်တင်ရမည့် website -

https://bit.ly/3nfqKw2

စာမေးပွဲဖောင်တင်ရန် အကောင့်လုပ်နည်း -

https://bit.ly/3qYThIu 

စာမေးပွဲဖောင်တင်ရန် Credit card လိုပါသည်။

介護(ဘိုးဘွားရိပ်သာလုပ်ငန်း) စာလေ့လာရန် ↓↓

#textbook(Japanese) –

https://bit.ly/2LxeZDf 

#textbook(Myanmar) –

https://bit.ly/3a39lTx

စာမေးပွဲသည် ဂျပန်လိုတစ်ဝက် မြန်မာလိုတစ်ဝက်ဖြေရမည်ဖြစ်ပါသည်။

___________________________________________________________

定技能「外食 - gaishokuစားသောက်ဆိုင်လုပ်ငန်း

[စာမေးပွဲ ဖောင်တင်ရမည့်နေ့]

၂၀၂၀၊ ၁၂လပိုင်း ၉ရက်နေ့မှ ၁၄ရက်နေ့ အထိ။

[စာမေးပွဲ ဖြေရမည့်နေ့]

၂၀၂၁၊ ၁လပိုင်း ၁၈ရက်နေ့ကနေ ၁လပိုင်း ၂၇ရက်နေ့အတွင်း ။

[စာမေးပွဲ အဖြေထွက်မည့်နေ့]

၂၀၂၁၊ ၂လပိုင်းလဆန်းပိုင်း ။

[စာမေးပွဲ ကျင်းပမည့်နေရာ]

→Hokkaido, Saitama, Kanagawa , Tokyo , Nagoya , Osaka , Fukuoka,

Okinawa.

[စာမေးပွဲ ဖောင်တင်ရမည့် website]

https://bit.ly/2W3uRzj 

စာမေးပွဲဖောင်တင်ရန် အကောင့်လုပ်နည်း -

https://bit.ly/3mbVooG

စာမေးပွဲဖောင်တင်နည်း -

https://bit.ly/3qK61md

食業(စားသောက်ဆိုင်လုပ်ငန်း)စာလေ့လာရန် ↓↓

#Customer_Service

接客全般(Japanese) - https://bit.ly/33ZX5iL

接客全般(Myanmar) - https://bit.ly/345UNi6

#FoodAndDrink

飲食物調理(Japanese) – https://bit.ly/3oG70Sv

飲食物調理(Myanmar) – https://bit.ly/2JZM8Xv

#HygieneControls

衛生管理(Japanese) - https://bit.ly/3meppnE

衛生管理(Myanmar) - https://bit.ly/3nfdBmv

#ExampleQuestion

(စာမေးပွဲမေးခွန်းပုံစံ ဥပမာ)

https://bit.ly/37Zw0x8

3ခုလုံးကို လေ့လာရပါမည်။ မြန်မာလိုဂျပန်လို ၂မျိုးစာအုပ်ထွက်ထားပါသည်။ စာမေးပွဲတွင် ဂျပန်လိုသာဖြေရပါမည်။

_________________________________________________________

特定技能「飲食料品製造 စားသောက်ကုန်ထုတ်လုပ်ငန်း

[စာမေးပွဲ ဖောင်တင်ရမည့်နေ့]

၂၀၂၀၊ ၁၂လပိုင်း ၉ရက်နေ့မှ ၁၄ရက်နေ့ အထိ။

[စားမေးပွဲ ဖြေရမည့်နေ့]

၂၀၂၁၊ ၁လပိုင်း ၁၈ရက်နေ့ကနေ ၁လပိုင်း ၂၇ရက်နေ့အတွင်း ။

[စာမေးပွဲ အဖြေထွက်မည့်နေ့]

၂၀၂၁၊ ၂လပိုင်းလဆန်းပိုင်း ။

[စာမေးပွဲ ကျင်းပမည့်နေရာ]

→Hokkaido, Saitama, Kanagawa , Tokyo , Nagoya , Osaka , Fukuoka, Okinawa

[စာမေးပွဲ ဖောင်တင်ရမည့် website]→ https://bit.ly/3oHmTrO

စာမေးပွဲဖောင်တင်ရန် အကောင့်လုပ်နည်း -

https://bit.ly/3mbbaQC

စာမေးပွဲဖောင်တင်နည်း -

https://bit.ly/2Kf688n

飲食料品製造業(စားသောက်ကုန်ထုတ်လုပ်ငန်း) စာလေ့လာရန် ↓↓

#TextBook1

textbook1 - https://bit.ly/3mbEczJ

#TextBook2

textbook2 - https://bit.ly/3797kTD

#vocabulary

vocalbulary -

https://bit.ly/3a4WHmS

ခုလုံးကို လေ့လာရပါမည်။ ဂျပန်လိုပဲစာအုပ်ထွက်ထားပါသည်။ စာမေးပွဲတွင် ဂျပန်လိုသာဖြေရပါမည်။
.
Credit to Original Uploader
.
KAZU

Saturday, December 5, 2020

 ပြည်ပ(ဂျပန်)တွင်အလုပ်အပြောင်းအရွှေ့တွင်ကြားကာလ၌ ရနိုင်မည့် ထောက်ပန့်ကြေးများအကြောင်း.........

🤓🤓🤓
.
ဂျပန်နိုင်ငံတွင် အလုပ်လုပ်ကိုင်နေသူများ ကုမ္ပဏီဖက်မှကိစ္စကြောင့်ဖြစ်စေ၊မိမိဆန္ဒအလျောက်ဖြစ်စေ အလုပ်အပြောင်းအရွှေ့ကိစ္စကြုံလာပါက လစာမှ ဆောင်ထားသည့် အခွန်များထဲမှ အလုပ်အာမခံ နှင့် ၄င်းနှင့်ပတ်သက်သည့် ရပိုင်ခွင့် ထောက်ပန့်ငွေများအကြောင်းသိနားလည်ထားရန်လိုပါသည်။
.
အာမခံအမျိုးမျိုး ရှိသည်တို့အနက် အလုပ်အကိုင်အာမခံဟူ၍ တစ်မျိုးရှိပါသည်။ပုံမှန်အားဖြင့် တစ်လလျင် ယန်း ၅၀၀ လောက်မှ ယန်း ၁,၀၀၀ ပတ်ဝန်းကျင်ခန့်ဖြစ်သည်။လစာမှ ပုံမှန်အဖြတ်ခံရသည့် အာမခံအခွန်ဖြစ်သည်။
.
အလုပ်လက်မဲ့အာမခံထောက်ပန့်ကြေးစနစ်ဆိုသည်မှာပြန်လည်အလုပ်အကိုင်ရရှိစေရန်တွန်းအားပေးသည့်ရည်ရွယ်ချက်ဖြင့်ဖြစ်တည်နေခြင်းဖြစ်သည်။
.
အလုပ်(အနားခံရ/ထွက်/ပြောင်း)သူတစ်ဦးအနေဖြင့်အလုပ်သစ်ရှာဖွေနေစဥ် 「失業手当」や「失業給付金」အလုပ်လက်မဲ့ထောက်ပန့်ကြေး ရရှိနိုင်သည်ကိုသိထားရပါမည်။အလုပ်အာမခံစနစ်မှသတ်မှတ်ထားသည့်အချက်အလက်တို့ကိုသိထားပြီးလုပ်ဆောင်ပါက ရနိုင်မည့် ထောက်ပန့်ကြေးတို့ကိုရရှိနိုင်ပါလိမ့်မည်။
.
အကျုံးဝင်မည့်အချက်အလက်များမှာ.......
၁။ အလုပ်လက်မဲ့အခြေအနေတွင်ရှိနေရမည်။အလုပ်ရှာဖွေနေသည့်အနေအထားရှိရမည်။
၂။ အလုပ်(အနားခံရ/ထွက်/ပြောင်း)သည့် နေ့မတိုင်မှီ ရှေ့ ၂ နှစ်အတွင်း၌ အလုပ်အာမခံဝင်ထားသည့်ကာလ ၁၂ လကျော်ရှိထားရမည်။(တစ်လတွင် အလုပ်လုပ်ရက် ၁၁ ရက်ကျော်ရှိလျင် အလုပ်လုပ်သည့် ၁ လ ဟုသတ်မှတ်သည်။)
(သီးသန့်အထူးကန့်သတ်ပုဂ္ဂိုလ်များအဖြစ်.....ကုမ္ပဏီဒေဝါလီခံ၊အလုပ်ဖြုတ်ခံ/နားခံရသူ၊အလုပ်စာချုပ်ပြည့်ပြီးသက်တမ်းဆက်တိုးလိုသော်လည်းအတိုးမခံရသူ၊ရောဂါသည်၊မီးဖွားသည်၊အိမ်ထောင်ဖက်၏အလုပ်အပြောင်းအရွှေ့ကြောင့်လိုက်ပါရသောကြောင့် အလုပ်လက်မဲ့ဖြစ်ရသူ)တို့အဖြစ် အကျုံးဝင်နေပါက အလုပ်အာမခံထည့်ဝင်ငွေ ၆ လ ကျော်လျင်ပင် ထောက်ပန့်ငွေရနိုင်ပါသည်။)
၃။ Hello Work(ハローワーク)အစိုးရအလုပ်အကိုင်ရှာဖွေချိတ်ဆက်ပေးသည့်ဌာန တွင် အလုပ်ရှာဖွေလျောက်ထားမှုကို လုပ်ဆောင်ထားရမည်။
Hello Work(ハローワーク)မှပေးသော求職票(အလုပ်ရှာဖွေလက်မှတ်)တွင်အမည်၊လိပ်စာ၊အလုပ်အကိုင်ရာဇဝင်တို့ကိုဖြည့်စွက်ပြီးလျောက်ထားရမည်။(ပထမဦးဆုံးလုပ်ရပါမည်။)
.
ထောက်ပန့်ကြေးရယူပုံအဆင့်ဆင့်မှာ.......အခြေခံအားဖြင့်
၁။ ハローワークで求職の申し込み(離職票と求職票の提出)を行う
Hello Work(ハローワーク)တွင် အလုပ်ရှာဖွေလျောက်ထားခြင်းကိစ္စ၌(အလုပ်ပြောင်းလက်မှတ်နှင့်အလုပ်ရှာဖွေလက်မှတ်)တို့နှင့်အတူလျောက်ထားရသည်။
အလုပ်ပြောင်းလက်မှတ်---လုပ်ကိုင်ခဲ့သည့်ကုမ္ပဏီမှမိမိအား အလုပ်အကိုင်အာမခံစနစ်မှ နှုတ်ပယ်ရန်ပြုလုပ်သောအခါHello Work နှင့် ကုမ္ပဏီတို့အကြားလုပ်ဆောင်သည့်စာရွက်စာတမ်းဖြစ်သည်။ (ကုမ္ပဏီထံမှ ထို အလုပ်ပြောင်းလက်မှတ်၊သက်သေခံအထောက်အထားစာရွက်စာတမ်းကိုတောင်းယူရမည်။)
၂။ 7日間の待期期間
လျောက်ထားပြီးနောက် ၇ ရက်တာစောင့်ဆိုင်းရမည်။
၃။雇用保険受給説明会と失業認定日に出席
အလုပ်အကိုင်အာမခံထောက်ပန့်ကြေးရယူမှုဆိုင်ရာရှင်းလင်းဟောပြောပွဲ နှင့် အလုပ်လက်မဲ့ အသိအမှတ်ပြု နေ့ တို့တွင် သွား၍တက်ရောက်နားထောင်ပေးရမည်။
၄။その後1週間程度で初給付
ထို့နောက် ၁ ပတ်ခန့်အကြာတွင် ပထမဦးဆုံးအနေဖြင့် ထောက်ပန့်ကြေးရရှိမည်။
၅။以降は毎月(4週間に一度)の失業認定日に出席、その後約1週間程度で給付
နောက်ဆက်လက်၍ လစဥ်(၄ ပတ်လျင် ၁ ကြိမ်) ကျ အလုပ်လက်မဲ့ အသိအမှတ်ပြုနေ့တွင် သွားတက်ရောက်ပေးရမည်။ ၄င်းနောက် ၁ ပတ်ခန့်အကြာတွင် ထောက်ပန့်ကြေးထပ်ရမည်။
.
ဦးဆုံး Hello Work ကိုသွားရပါမည်။(အရင် လုပ်ခဲ့သည့်ကုမ္ပဏီမှ အလုပ်ပြောင်းလက်မှတ်ရှိနေပါစေ။)
လျောက်ထားမှုဆိုင်ရာစာရွက်စာတမ်းကိစ္စလုပ်ရပါမည်။လိုအပ်သည်တို့မှာ......
・離職票1、2
အလုပ်ပြောင်းလက်မှတ် ၁, ၂
・雇用保険被保険者証
အလုပ်အကိုင်အာမခံလက်မှတ်
・本人の住所・氏名・年齢を確認できる書類(運転免許証、マイナンバーカードなど)
ကာယကံရှင်၏လိပ်စာ၊အမည်၊အသက်ကိုသိနိုင်သည့်စာရွက်စာတမ်းတစ်ခုခု(ယာဥ်မောင်းလိုင်စင်၊My Number Card စသည်)
・写真(たて3cm×よこ2.5cmの正面上半身のもの)を2枚
ဓါတ်ပုံ ၂ ပုံ ( ထောင်လိုက် ၃ စင်တီ၊ဘေးတိုက် ၂.၅ စင်တီ-‌ရှေ့တည့်တည့် အပေါ်ပိုင်းပုံ)
・本人名義の普通預金通帳(郵便局は除く)
ကာယကံရှင်အမည်ပေါက် ဘဏ်စာအုပ် (စာပို့တိုက်ငွေစုစာအုပ်မရပါ။)
・印鑑
တံဆိပ်တုံး
・求職申込書
အလုပ်ရှာဖွေလျောက်လွှာ(Hello Work တွင်ရနိုင်မည်။)
・個人番号確認書類(マイナンバーカード、通知カード、個人番号の記載のある住民票のいずれか1種類)
ကိုယ်ပိုင်အမှတ် အတည်ပြုနိုင်သည့်စာရွက်စာတမ်း(My Number Card, Notice Card, ကိုယ်ပိုင်အမှတ်ရေးဖြည့်ထားသော နေထိုင်ခွင့်လက်မှတ်(Resident's card) တစ်ခုခု................တို့လိုအပ်ပါမည်။
.
ရရှိနိုင်မည့်ထောက်ပန့်ကြေးပမာဏမှာ............
အလုပ်ရပ်ဆိုင်းသည့်နေ့မတိုင်မှီ ၆ လခန့် က ရရှိခဲ့သည့်လစာပေါ်အခြေခံ၍ တွက်ချက်ပြီး ၅၀%~၈၀% အထိကွဲပြားသည်။လစာနည်းလျင်အရများမည်။နှစ်စဥ် သြဂုတ်လ ၁ ရက်နေ့တွင်ငွေပမာဏအား သုံးသပ်အပြောင်းအလဲလုပ်လေ့ရှိသည်။
အသက် ၃၀ မပြည့်သူ (အမြင့်ဆုံးရနိုင်ပမာဏ- ယန်း ၆,၈၅၀)
အသက် ၃၀ မှ ၄၅ မပြည့်သေးသူ (အမြင့်ဆုံးရနိုင်ပမာဏ- ယန်း ၇,၆၀၅)
အသက် ၄၅ မှ ၆၀ မပြည့်သေးသူ (အမြင့်ဆုံးရနိုင်ပမာဏ- ယန်း ၈,၃၇၀)
အသက် ၆၀ မှ ၆၅ မပြည့်သေးသူ (အမြင့်ဆုံးရနိုင်ပမာဏ- ယန်း ၇,၁၈၆)
(၂၀၂၁ ခုနှစ် ဇူလိုင်လကုန်အထိ နှုန်းထားဖြစ်သည်။)(တစ်ရက်နှုန်း)
ရရှိနိုင်မည့်ကာလအတိုင်းအတာ.............
အကြမ်းဖျင်းအားဖြင့် ရက် ၁၈၀ (၆ လတာ) ရနိုင်ပါမည်။(အလုပ်သစ်ရသွားလျင်လည်းကောင်း၊၆ လတာရပြီးလျင်သော်လည်းကောင်း ပြီးဆုံးပြီဖြစ်သည်။)
.
ကိုဗစ်ကာလ ဂျပန်တွင် ရုတ်တရက် အလုပ်အပြောင်းအရွှေ့နှင့် ကြုံလိုက်ရသော ညီငယ် ၂ ဦးအတွက် ရည်ရွယ် ပြီးဗဟုသုတ မျှဝေပါသည်။အခက်အခဲကြုံသူများဖတ်ရှုမိပြီးအဆင်ပြေပါစေ။🥰🥰🥰
.
KAZU

  ဂျာမန် စာ 4 skills (A1 အဆင့်မှ B1 အဆင့်ထိ)သင်ကြားနိုင်သော ဆရာ/မ ခန့်ထားလိုပါသည်။ 6 လပိုင်း သင်တန်းအသစ်စပါမည်။ သင်တန်းသားများလည်းတက်‌ရောက်န...