Friday, July 22, 2022

ဂျပန်ရှိအလုပ်သင်လုပ်သားများ Trouble Shooting အခက်အခဲဖြေရှင်းရာတွင်
အဆင့်ဆင့်အစဥ်လိုက်လုပ်ဆောင်နိုင်ရန်......................
.
(ခပ်ပေါ့ပေါ့နှင့်ဒုက္ခသည်လျောက်ထားခြင်းမပြုမိစေရန်)
.
၁။မိမိအလုပ်လုပ်နေသောအလုပ်/ကုမ္ပဏီ မှ မန်နေဂျာ/တာဝန်ခံတို့ နှင့် တိုင်ပင်ပါ၊ဆွေးနွေးပါ။အကြံဉာဏ်ရယူပါ။
၂။မပြေလည်သေးလျင် မိမိအလုပ်လုပ်နေသော အလုပ်/ကုမ္ပဏီဆိုင်ရာ ကြီးကြပ်အဖွဲ့အစည်းထံ တိုင်ပင်ပါ၊ဆွေးနွေးပါ။
အကြံဉာဏ်ရယူပါ။
၃။မပြေလည်သေးလျင်မိမိအားပို့ဆောင်ပေးခဲ့သည့် မြန်မာပြည်အေဂျင်စီ မှ ဂျပန်ရုံးခွဲ(ရှိခဲ့သော်)၊တာဝန်ခံစကားပြန်များထံ
ဆက်သွယ်ပါ၊တိုင်ပင်ပါ၊ဆွေးနွေးပါ၊အကြံဉာဏ်ရယူပါ။
၄။မပြေလည်သေးလျင် မြန်မာပြည်ရှိပို့ပေးခဲ့သောအေဂျင်စီရုံး သို့ ဖုန်း/အင်တာနက်မှတစ်ဆင့် ဆက်သွယ်ပါ၊တိုင်ပင်ပါ၊
အကြံဉာဏ်ရယူပါ။
(***ထိုအဆင့်ဆင့်တစ်ခုခုတို့တွင် ၉၉ ရာခိုင်နှုန်းပြေလည်သွားပါလိမ့်မည်။အဆင်ပြေသွားပါလိမ့်မည်။***)
ထိုမှမပြေလည်သေးသော အခြင်းအရာများရှိနေပါသေးပါက အောက်ပါ တရားဝင်အဖွဲ့အစည်းကြီးများသို့ ဆက်သွယ်အကူညီ
တောင်းခံနိုင်ပါသည်။
(သတိထားရမည်မှာ အမှတ်စဥ် ၁ မှ ၄ အထိ လုပ်ကိုင်ပြီး၍အကြောင်းမထူးမပြေလည်သေးသည့်အနေအထားဖြစ်ရပါမည်။)
၅။ဂျပန်နိုင်ငံရှိ OTIT အဖွဲ့ကြီး၏ မိခင်ဘာသာစကားဖြင့် ဆွေးနွေးနိုင်သော လင့်ခ်
၆။ဂျပန်ရှိ မြန်မာသံရုံး ဖုန်းအမှတ်များ (81)(3)344 944 58/ (81)(3)344 190 44/ (81)(3)344 192 91
၇။မြန်မာပြည်ရှိ အေဂျင်စီ အဖွဲ့ချုပ်ရုံး ဖုန်းအမှတ် +951 256727
၈။အလုပ်သမားဝန်ကြီးဌာန ဖုန်းအမှတ်များ +9567 3430183/185/442 တို့အားဆက်သွယ်အကူညီတောင်းခံနိုင်ပါသည်။
(ဖေါ်ပြထားခြင်းမရှိသော (မရှိသော) အဖွဲ့အစည်းများထံ ဆက်သွယ် အကူညီတောင်းခံမိပါက မထင်မှတ်သော ဆိုးကျိုးများ
ငွေကြေးတောင်းခံမှုများကြုံတွေ့ရနိုင်ပါ၍ အထူးသတိထားကြရန်လိုအပ်ပါမည်။)
သည့်အပြင် အလုပ်သမားရေးရာကိစ္စများနှင့်ပတ်သက်၍ ရှေ့နေပညာရှင်များပါဝင်ဖွဲ့စည်းထားသော Law Farm အဖွဲ့အစည်းများလည်းရှိကြသည်။အခမဲ့မဟုတ်ဘဲ အသင်းဝင်ကြေး ပုံစံမျိုးနှင့် လုပ်ဆောင်သွားရပြီး ဥပဒေကြောင်းအရ
ကာကွယ်စောင့်ရှောက်ခံရမှုကို ဝန်ဆောင်ပေးသည့် ပုဂ္ဂလိက အဖွဲ့အစည်းများဖြစ်ကြသည်။ကုမ္ပဏီအတော်များများမှာ
ထိုထိုသောအဖွဲ့အစည်းတို့နှင့် ထိပ်တိုက်တွေ့ရန် မလိုလားကြပါ။ကင်းကင်းနေလိုကြသည့်ဆန္ဒရှိကြသည်။နောက်ဆုံးအဆင့်
မှသာထိတွေ့လုပ်ဆောင်သင့်ပါသည်။အဆင်ပြေနိုင်ကြပါစေ။
.
အနှိုင်းမဲ့မေတ္တာ(ဂျပန်အလုပ်အကိုင်)

Monday, July 11, 2022

 

 


ဘာ Project ဆိုလား.......................
.
အကြွေးဗလပွအတင်ခံခိုင်းပြီး ဂျပန်မှာအလုပ်လုပ်ရမလို ကျောင်းတက်ခိုင်းပြီးနှောင်ကြိုးတည်းတာကတော့ ဘယ်လိုမှ ကောင်းကွက်မြင်ပေးစရာအကြောင်းမရှိပါ။
ဒါအခကြေးငွေယူပြီး အလုပ်ရှာပေးတာမဟုတ်........တလွဲမျှော်လင့်ချက်ပေးပြီးအကြွေးနွံနစ်ခိုင်းတာ။ဒီလိုဘဲမြင်တယ်။ကောင်းတာဖြစ်လာဖို့ထက် ဆိုးကျိုးကိုများလိမ့်မယ်။
.
အလုပ်မိတ်ဆက်အေဂျင်စီက လုပ်ရမယ့်အလုပ်မဟုတ်..........နားလှည့်ပါးရိုက်ပြီး လူမှောင်ခိုကူးတဲ့အလုပ် လိုမြင်ရတယ်။
ပေးဖို့တာဝန်ရှိတဲ့ ငွေတစ်သိန်း ၃ သောင်းကိုတောင်မှ ပေးပြီးပြီ ဆိုပြီးရူးသလိုကြောင်သလိုလုပ်တဲ့ အေဂျင်စီကတော့ လူမှောင်ခိုလမ်းလိုက်ပြီနဲ့တူတယ်။
စေတီလိုလိုဘုရားလိုလိုနဲ့ ဖွတ်ထွက်မယ့်တောင်ပို့လေလား..........😠😠😠
.
အနှိုင်းမဲ့မေတ္တာ

Thursday, July 7, 2022

Congratulation !!! ပါ။🥰🥰🥰
Job Title 0130 အလုပ်အတွက် ဖိုင်နယ်အင်တာဗျုးအောင်မြင်သူများစာရင်းထုတ်ပြန်ပေးပါမယ်။
.
1. Poe Ei Phyu
2. Phue Ngon Thant Zin
3. Ei Cho Zin
4. Khing Me Me Zaw
5. Nandar Win Khaing
6. Thida Phyo
7. Toe Toe Wai Lwin
.
တို့ဖြစ်ကြပါတယ်။
လုပ်ငန်းခွင်ဝင်ရောက်ရန်၊အဆောင်ဝင်ရောက်နိုင်ရန်အတွက် သက်ဆိုင်ရာကုမ္ပဏီ မှ HR တာဝန်ခံ မ ယဉ်ယဉ်သိမ့် (09-401649858) နှင့် ဆက်လက်ဆက်သွယ်လုပ်ဆောင်သွားပေးကြရန်အကြောင်းကြားအပ်ပါသည်။
"အနှိုင်းမဲ့‌မေတ္တာ" အနေဖြင့် ဤအနေအထားတွင် လုပ်ဆောင်ပေးရန်ရှိသည်များပြီးစီးပြီဖြစ်ပါသည်။❤️❤️❤️
.
အားလုံးအဆင်ပြေနိုင်ကြပါစေ။
မေတ္တာများစွာဖြင့်........................🥰🥰🥰
.
ဒေါ် ခင်-စန္ဒာ၀င်း
အနှိုင်းမဲ့မေတ္တာ-ဂျပန်အလုပ်အကိုင်ဝန်ဆောင်မှု(Consultant)
ဂျပန်စာ၊စကား-သီးသန့်ကိုယ်စားလှယ်၀န်ဆောင်မှု
တောင်ဥက္ကလာပ/ရန်ကင်း/ဒဂုံဆိပ်ကမ်း
ရန်ကုန်မြို့။
ဖုန်း- 09-672585041, 09-798474342, 09-770844556, 09-250143462, 09-255332027, 09-421193580
E-mail- mugenji10905@gmail.com
Website- mugenji.blogspot.com
Telegram- t.me/japanjobofferletter

 


Monday, July 4, 2022

 


"အနှိုင်းမဲ့မေတ္တာ" မှ "ယနေ့ (4 July 2022 ရက်နေ့မှာ) လည်းဘဲ အင်ဂျင်နီယာဘွဲ့ရ အမျိုးသမီး ၅ ဦးကို ဂျပန်သို့ အလုပ်ဗီဇာဖြင့် သွားရောက်နိုင်ရန် လမ်းခင်းပေးခဲ့မှု အောင်မြင်အထမြောက်သဖြင့် နှုတ်ဆက်အင်တာဗျုးလေးကို လေဆိပ်တွင်လုပ်ဆောင်ခဲ့ပါသည်။🥰🥰🥰
ယုံကြည်ရမှု၊စိတ်ချရမှုတွေရှိပြီး၊ငွေကြေးပိုင်းဆိုင်ရာမပူလောင်တဲ့ အေဂျင်စီမျိုးတွေနှင့်သာချိတ်ဆက်လုပ်ကိုင်ပေးတဲ့အတွက် သွားကြတဲ့ အလုပ်ဗီဇာ အင်ဂျင်နီယာလေးတွေ ပြုံးပြုံးလေးတွေနဲ့ စိတ်ချမ်းသာနေတာတွေမြင်ရတာ ပီတိအလွန်ဖြစ်ရပါတယ်။
နောင်ဆက်လက်ပြီးတော့လည်း အခုလိုမျိုး ခိုင်မာတဲ့ အလုပ်အကိုင်အချက်အလက်လေးတွေနဲ့ ပြည်ပမှာ သွားရောက်လုပ်ကိုင်လိုသူများအတွက် အဆင်ပြေချောမွေ့စေရေး ကြိုးစားသွားပါဦးမယ်။🙂🙂🙂
.
သမီးတို့ ၅ ဦးလည်း လမ်းပန်းခရီးသွားလာမှု ဘေးကင်းပြီး ဂျပန်သို့ချောချောမောမောရောက်နိုင်ပါစေ။ရည်ရွယ်ချက်တို့အထမြောက်အောင်မြင်နိုင်ပါစေ။ဆုတောင်းမေတ္တာပို့သပေးလိုက်ပါတယ်။🥰🥰🥰
.
မေတ္တာများစွာဖြင့်........................🎉🎉🎉
.
ဒေါ် ခင်-စန္ဒာ၀င်း
အနှိင်းမဲ့မေတ္တာ-ဂျပန်အလုပ်အကိုင်ဝန်ဆောင်မှု(Consultant)
ဂျပန်စာ၊စကား-သီးသန့်ကိုယ်စားလှယ်၀န်ဆောင်မှု
တောင်ဥက္ကလာပ/ရန်ကင်း/ဒဂုံဆိပ်ကမ်း
ရန်ကုန်မြို။
ဖုန်း- 09-672585041, 09-798474342, 09-770844556, 09-250143462, 09-255332027, 09-421193580
E-mail- mugenji10905@gmail.com

အနှိုင်းမဲ့မေတ္တာ မှ.....ခေါ်ယူပါမယ်။ . ဂျပန် ဘိုးဘွားပြုစု ခိုင်းဂေါ့ (ကျွမ်းကျင်တိုခုတေး)(အေဂျင်စီသင်တန်းဝင်ခွင့်) -မိန်းကလေးသီးသန့် ဖြစ်ရ...