Friday, July 22, 2022

ဂျပန်ရှိအလုပ်သင်လုပ်သားများ Trouble Shooting အခက်အခဲဖြေရှင်းရာတွင်
အဆင့်ဆင့်အစဥ်လိုက်လုပ်ဆောင်နိုင်ရန်......................
.
(ခပ်ပေါ့ပေါ့နှင့်ဒုက္ခသည်လျောက်ထားခြင်းမပြုမိစေရန်)
.
၁။မိမိအလုပ်လုပ်နေသောအလုပ်/ကုမ္ပဏီ မှ မန်နေဂျာ/တာဝန်ခံတို့ နှင့် တိုင်ပင်ပါ၊ဆွေးနွေးပါ။အကြံဉာဏ်ရယူပါ။
၂။မပြေလည်သေးလျင် မိမိအလုပ်လုပ်နေသော အလုပ်/ကုမ္ပဏီဆိုင်ရာ ကြီးကြပ်အဖွဲ့အစည်းထံ တိုင်ပင်ပါ၊ဆွေးနွေးပါ။
အကြံဉာဏ်ရယူပါ။
၃။မပြေလည်သေးလျင်မိမိအားပို့ဆောင်ပေးခဲ့သည့် မြန်မာပြည်အေဂျင်စီ မှ ဂျပန်ရုံးခွဲ(ရှိခဲ့သော်)၊တာဝန်ခံစကားပြန်များထံ
ဆက်သွယ်ပါ၊တိုင်ပင်ပါ၊ဆွေးနွေးပါ၊အကြံဉာဏ်ရယူပါ။
၄။မပြေလည်သေးလျင် မြန်မာပြည်ရှိပို့ပေးခဲ့သောအေဂျင်စီရုံး သို့ ဖုန်း/အင်တာနက်မှတစ်ဆင့် ဆက်သွယ်ပါ၊တိုင်ပင်ပါ၊
အကြံဉာဏ်ရယူပါ။
(***ထိုအဆင့်ဆင့်တစ်ခုခုတို့တွင် ၉၉ ရာခိုင်နှုန်းပြေလည်သွားပါလိမ့်မည်။အဆင်ပြေသွားပါလိမ့်မည်။***)
ထိုမှမပြေလည်သေးသော အခြင်းအရာများရှိနေပါသေးပါက အောက်ပါ တရားဝင်အဖွဲ့အစည်းကြီးများသို့ ဆက်သွယ်အကူညီ
တောင်းခံနိုင်ပါသည်။
(သတိထားရမည်မှာ အမှတ်စဥ် ၁ မှ ၄ အထိ လုပ်ကိုင်ပြီး၍အကြောင်းမထူးမပြေလည်သေးသည့်အနေအထားဖြစ်ရပါမည်။)
၅။ဂျပန်နိုင်ငံရှိ OTIT အဖွဲ့ကြီး၏ မိခင်ဘာသာစကားဖြင့် ဆွေးနွေးနိုင်သော လင့်ခ်
၆။ဂျပန်ရှိ မြန်မာသံရုံး ဖုန်းအမှတ်များ (81)(3)344 944 58/ (81)(3)344 190 44/ (81)(3)344 192 91
၇။မြန်မာပြည်ရှိ အေဂျင်စီ အဖွဲ့ချုပ်ရုံး ဖုန်းအမှတ် +951 256727
၈။အလုပ်သမားဝန်ကြီးဌာန ဖုန်းအမှတ်များ +9567 3430183/185/442 တို့အားဆက်သွယ်အကူညီတောင်းခံနိုင်ပါသည်။
(ဖေါ်ပြထားခြင်းမရှိသော (မရှိသော) အဖွဲ့အစည်းများထံ ဆက်သွယ် အကူညီတောင်းခံမိပါက မထင်မှတ်သော ဆိုးကျိုးများ
ငွေကြေးတောင်းခံမှုများကြုံတွေ့ရနိုင်ပါ၍ အထူးသတိထားကြရန်လိုအပ်ပါမည်။)
သည့်အပြင် အလုပ်သမားရေးရာကိစ္စများနှင့်ပတ်သက်၍ ရှေ့နေပညာရှင်များပါဝင်ဖွဲ့စည်းထားသော Law Farm အဖွဲ့အစည်းများလည်းရှိကြသည်။အခမဲ့မဟုတ်ဘဲ အသင်းဝင်ကြေး ပုံစံမျိုးနှင့် လုပ်ဆောင်သွားရပြီး ဥပဒေကြောင်းအရ
ကာကွယ်စောင့်ရှောက်ခံရမှုကို ဝန်ဆောင်ပေးသည့် ပုဂ္ဂလိက အဖွဲ့အစည်းများဖြစ်ကြသည်။ကုမ္ပဏီအတော်များများမှာ
ထိုထိုသောအဖွဲ့အစည်းတို့နှင့် ထိပ်တိုက်တွေ့ရန် မလိုလားကြပါ။ကင်းကင်းနေလိုကြသည့်ဆန္ဒရှိကြသည်။နောက်ဆုံးအဆင့်
မှသာထိတွေ့လုပ်ဆောင်သင့်ပါသည်။အဆင်ပြေနိုင်ကြပါစေ။
.
အနှိုင်းမဲ့မေတ္တာ(ဂျပန်အလုပ်အကိုင်)

No comments:

Post a Comment

အနှိုင်းမဲ့မေတ္တာ မှ.....ခေါ်ယူပါမယ်။ . ဂျပန် ဘိုးဘွားပြုစု ခိုင်းဂေါ့ (ကျွမ်းကျင်တိုခုတေး)(အေဂျင်စီသင်တန်းဝင်ခွင့်) -မိန်းကလေးသီးသန့် ဖြစ်ရ...