Thursday, January 5, 2023

"မလိုအပ်ဘဲ စွတ်ပြီး မလောပါနှင့်"
.
"အနှိုင်းမဲ့မေတ္တာ" ကနေ ဂျပန်သွားကြတဲ့အလုပ်သင်လေးတွေကို ထပ်ပြီးမှာကြားချင်တာလေးရှိပါတယ်။ပထမဦးဆုံးအနေနဲ့ ၃ နှစ် တာသွားလုပ်ဖို့လုပ်ပေးလိုက်တဲ့အနေအထားကိုလွယ်လွယ်လေးကျောခိုင်းဖို့စိတ်မကူးပါနဲ့၊လမ်းကြောင်းပေါ်မှာရှိနေစဉ်မှာဂျပန်မှာကြာကြာနေနိုင်လုပ်သွားနိုင်ဖို့အချိန်နဲ့အခွင့်အလမ်းတွေအများကြီးရှိနေပါတယ်။မိမိကလုံ့လလေးစိုက်ပြီးတံခါးဆွဲဖွင့်ဆက်လျောက်သွားယုံပါဘဲ။ဘာတွေလောနေမလဲ။အလုပ်ကနေထွက်ပြေးဖို့တို့၊ဘာလုပ်စရာလိုလဲသေချာစဉ်းစားကြည့်ပါ။တစ်ခုခုအဆင်မပြေရှိလာရင်ဖြေရှင်းပေးဖို့ အေဂျင်စီကတာဝန်ရှိပြီးသား၊လုပ်ကိုလုပ်ပေးမှာ။အိုဗာစတေးလုပ်တာတို့၊နန်းမင်းဒုက္ခသည်လျောက်ထားတာတို့ဆိုတာအချိန်မရွေး(တစ်ကယ့်ကိုအချိန်မရွေး)လုပ်နိုင်တဲ့အရာတွေပါ။ဘာတွေလောနေမလဲ။လက်ရှိတရားဝင်ရထားတဲ့ 3 နှစ်တာအတွင်းမှာရနိုင်သမျှ လမ်းကြောင်းဆွဲဆန့်ကြည့်ကြတာမကောင်းဘူးလား။နောက်ဆုံးဘယ်လိုမှအခွင့်အရေးမရတော့ဘူး၊အချိန်လည်းမရှိတော့ဘူးဆိုမှ ဂျပန်မှာဆက်နေဆက်လုပ်နေသေးချင်ရင် စဉ်းစားရမယ့်ဟာတွေမဟုတ်လား။ဘာတွေလောနေမလဲ။ရနေတဲ့တရားဝင် 3 နှစ်တာကာလမှာ ဂျပန်စာပိုရလာအောင်၊ပိုပြီးလူရည်လည်ပိုပြီးအသိအကျွမ်းတွေတိုးလာအောင်လုပ်ရမှာ.......အဲလိုမှမဟုတ်ဘဲ ဂျပန်ရောက်တာမှမကြာသေးဘူး ၆ လလောက်ဘဲရှိသေးတယ်၊ပြေးပြီဆိုတဲ့အနေအထားက အပေါ်မှာပြောခဲ့သလို ဘာမှမပြည့်ဝသေးဘဲနဲ့အချိန်လည်းအများကြီးကျန်နေပါသေးရဲ့နဲ့ လမ်းပေါ်ကနေလမ်းဘေးဆင်းသွားတာမျိုးက မိမိအတွက်အရမ်းကိုအကျိုးယုတ်စေပါတယ်။ငွေရှာအလုပ်လုပ်လိုတာနားလည်ပေမယ့် ရေရှည်အတွက်တောင်မှထည့်မတွက်နိုင်လောက်အောင်မဖြစ်သင့်ဘူးထင်လို့ မှာနေရခြင်းဖြစ်ပါတယ်။ဂျပန်မှာက သူ့ဥပဒေမချိုးဖောက်တဲ့သူဆိုရင်လူ့အခွင့်အရေးလေးစားမှုအရ အတင်းအကြပ်ပြန်ပို့ခြင်းမျိုးမလုပ်ပါ၊အလားတူဘဲမိမိလုပ်နေတဲ့အလုပ်ကလည်းဘဲမိမိသဘောမတူပါကအတင်းအကျပ်မိခင်နိုင်ငံပြန်ပို့ဖို့လုပ်၍မရပါ၊အေဂျင်စီလည်းထိုနည်းအတူပါဘဲ။မပြန်ချင်ရင်ပြတ်ပြတ်သားသားမပြန်ချင်ကြောင်းထုတ်ပြောယုံပါဘဲ။အတင်းအကြပ်လုပ်ရင်ဥပဒေချိုးဖောက်လိမ်ညာလုပ်ဆောင်တာပါဘဲ။မိမိကအလုပ်မှာအရမ်းအံမဝင်တာတောင်မှအလုပ်ဖက်ခြမ်းကအလွန်ဆုံးလုပ်နိုင်တာအလုပ်ဖြုတ်တာနဲ့အဆောင်ပြန်သိမ်းတာလောက်ပါဘဲ၊လုပ်အားခငွေမပေးဘူးဆိုတာမျိုးတောင်ညစ်လို့မရပါဘူး။အလုပ်သမားအဖွဲ့အစည်း‌တွေကိုချဉ်းကပ်တိုင်ချလိုက်ရင်သောက်ကျိုးတွေနည်းကုန်တတ်လို့ဘာမှစိုးရိမ် စရာမရှိပါ။အပေါ်မှာပြောခဲ့တဲ့ လူရည်လည်အောင် ဆိုတာဒီလိုဟာမျိုးကိုပြောတာပါ။၆လ တစ်နှစ် လောက်ဆိုဘာမှဂျပန်လိုလဲရေလည်အောင်မပြောတတ်သေး၊ဒီလိုအဖွဲ့အစည်းတွေနဲ့သိရှိထိတွေ့ဖို့ဆိုတာလည်းအလှမ်းဝေးနေဦးမယ့်အနေအထားမျိုးလောက်ပါ။အဲဒီအချိန်မှာပြေးဖြစ်တဲ့သူတွေကတော့ပြောရရင်လမ်းပေါ်မှာအကောင်းကြီးရှိနေရာကနေနွံအိုင်ဗွက်အိုင်ထဲဆင်းချလိုက်သလိုမျိုးပါ။ဘယ်အချိန်ဆင်းဆင်းဆင်းလို့ရနေတဲ့ဟာ ရှိနေတဲ့ အချိန်၊ရထားမယ့်အခွင့်အလမ်းတွေအကုန် လုပ်ကြည့်ပြီးဘယ်လိုမှမရတော့တဲ့အနေအထားမျိုးကျမှဆင်းကြတာမသင့်လျော်၊မလျော်ကန်ပေဘူးလား။ရထားတဲ့ 3 နှစ်ကို ကုန်ထားတဲ့ငွေအရင်းပြန်ရအောင်အရင်သေချာလုပ်ပြီးမှ ကျန်တာကိုရွေးချယ်လုပ်တာပိုမကောင်းပေဘူးလား။တွေးတတ်အောင်လမ်းပြဖို့ကလည်း "အနှိုင်းမဲ့မေတ္တာ" မှာတာဝန်ရှိလို့ ပြောနေရခြင်းပါ။
အားလုံးနှစ်သစ်မှာအဆင်ပြေမှုနဲ့ကြုံတွေ့ကြရပါစေလို့ ဆုမွန်ပြုပါတယ်။
.
ဒေါ် ခင်-စန္ဒာ၀င်း
အနှိုင်းမဲ့မေတ္တာ-ဂျပန်အလုပ်အကိုင်ဝန်ဆောင်မှု (Consultant)
ဂျပန်စာ၊စကား-သီးသန့်ကိုယ်စားလှယ်၀န်ဆောင်မှု
တောင်ဥက္ကလာပ/ရန်ကင်း/ဒဂုံဆိပ်ကမ်း
ရန်ကုန်မြို့။
ဖုန်း- 09-672585041, 09-770844556, 09-250143462, 09-255332027, 09-421193580
E-mail- mugenji10905@gmail.com

No comments:

Post a Comment

အနှိုင်းမဲ့မေတ္တာ မှ.....ခေါ်ယူပါမယ်။ . ဂျပန် ဘိုးဘွားပြုစု ခိုင်းဂေါ့ (ကျွမ်းကျင်တိုခုတေး)(အေဂျင်စီသင်တန်းဝင်ခွင့်) -မိန်းကလေးသီးသန့် ဖြစ်ရ...