Wednesday, February 8, 2023

ပြောစရာရှိ၍ပြောရဦးမည်။အမှတ်မလွဲစေလို..........

.
အေဂျင်စီက အလုပ်သင်တွေကိုဂျပန်ဖက် ပို့ပေးလိုက်တယ်ဆိုတဲ့နေရာမှာ အများအားဖြင့် ၃နှစ် ဆိုတဲ့ကာလ နဲ့လွှတ်ကြတာများမယ်ထင်ပါတယ်။တာဝန်ယူပေးတာလည်း ၃ နှစ်တာဝန်ယူပေးပါတယ်။အဲဒီလိုဘဲ ဂျပန်ဖက်က ကြီးကြပ်အဖွဲ့အစည်းခုမိအိုင်းဆိုတာလည်း အလုပ်သင်လေးတွေဂျပန်မှာ လုပ်မယ့် ၃ နှစ်တာကာလ အတွက် တာဝန်ယူပေးပါတယ်။စာရွက်စာတမ်းကိစ္စ၊လမ်းညွှန်ပေးဖို့လိုတဲ့ကိစ္စ၊ထောက်ကူလုပ်ပေးဖို့လိုတဲ့ကိစ္စ၊အထွေထွေ တာဝန်ရှိတဲ့အလျောက်လုပ်ပေးရပါတယ်။
မြန်မာနိုင်ငံရဲ့လက်ရှိနိုင်ငံရေးအနေအထား၊အရင်က Covid-19 ကပ်ရောဂါအနေအထားအရ တိုတုတေး ခဆုဒိုးဆိုတဲ့ ယာယီ အရေးပေါ်ဆိုတဲ့ ဗီဇာခွင့်ပြုချက်လေးပေးခဲ့ပါတယ်။အခုလည်းမြန်မာတွေ ၆ လ ၁ နှစ် အသီးသီး ရနေဆဲပါ။
အဲဒီမှာပြောလိုတာက အဲဒီဗီဇာ အမျိုးအစားက မလွှဲမရှောင်သာလို့ ယာယီ ခွင့်ပြုပေးတာဖြစ်ပြီး နောင်ကျရင်မရတော့ဘူးဆိုတဲ့အနေအထားဖြစ်လာမယ့်အရာတစ်ခုပါ။
အဲဒါကို ၃ နှစ်ပြည့်တဲ့ အလုပ်သင်တွေက ပိုပြီး တစ်နှစ်လုပ်ရမနည်းဘူးဆိုတဲ့အတွေးနဲ့ လျောက်ထားကြ၊လုပ်ကြတယ်ပေါ့။
ဒါလည်းဘဲပြဿနာမဟုတ်သေးပါဘူး။ဘောင်ဝင်တန်းဝင်ကိစ္စပါဘဲ။တစ်ချို့ဆိုရင် အဲဒီ ရတဲ့အချိန်လေးမှာဘဲ နောက်တစ်ဆင့်ကျွမ်းကျင်(တိုကုတေးဂိနိုး)ပြောင်းဖို့အတွက် အခြားအခြားသောအလုပ်အမျိုးအစားတွေအတွက် စာမေးပွဲတွေဖြေ၊အောင်လက်မှတ်တွေရယူပြီး အဲဒီတစ်နှစ်မကုန်ခင်မှာ နောက်ထပ် ကျွမ်းကျင် အဆင့်(တိုကုတေးဂိနိုး)ပြောင်းပြီးဂျပန်မှာ ဆက်အလုပ်လုပ်သွားနိုင်ဖို့ လမ်းတွေဖောက်ကြတယ်ပေါ့။
ကောင်းပါတယ်၊မှန်ကန်တဲ့ ကြိုးစားမှုနဲ့လုပ်ရပ်ဖြစ်ပါတယ်။
အဲဒီမှာတစ်ခုသိထားဖို့လိုတာက အလုပ်သင် ၃ နှစ်ပြီးလို့ကြားဆက်အနေနဲ့ လျောက်ထားမယ့် တိုခုတေးခဆုဒိုး(ယာယီအရေးပေါ်)ဗီဇာဆိုတာ အလုပ်သင်လုပ်သားအနေအထားကနေလျောက်ထားသူဖြစ်ပါက လက်ရှိ အလုပ်သင် အနေအထားသတ်မှတ်ချက်ကို ယာယီအရေးပေါ်ဆွဲဆန့်တယ်ဆိုတဲ့သဘောသက်ရောက်ပါတယ်။အဲဒီအတွက်ကြောင့် ကြီးကြပ်ပေးနေတဲ့ ခုမိအိုင်းအဖွဲ့အစည်းက ဂျပန်လဝက မှာလျောက်ထားရမယ့် ကိစ္စ၊စာရွက်စာတမ်းကိစ္စတွေလည်း ဆောင်ရွက်ပေးရင်း အဲဒီ ယာယီအရေးပေါ်လျောက်ထားတဲ့ ကာလအတွက်လည်း တာဝန်ယူရတဲ့သဘောမျိုးဖြစ်သွားပါတယ်။
ဒီတော့ ခုမိအိုင်းဖက်ကလည်း သူကလုပ်ပေးရမယ်ဆိုရင် လက်ရှိအလုပ်မှာဘဲဖြစ်ဖြစ်၊စိတ်ချရတဲ့ သူတို့နဲ့အချိတ်အဆက်ရှိတဲ့ ကုမ္ပဏီတွေမှာလုပ်မှဘဲ တာဝန်ယူပေးချင်မယ်မဟုတ်ပါလား။စဥ်းစားကြည့်ပါ။
အလုပ်သင်တွေကမိမိဖာသာရှာတဲ့အလုပ်ဘဲဖြစ်ဖြစ်၊သူငယ်ချင်းကမိတ်ဆက်တဲ့အလုပ်ဘဲဖြစ်ဖြစ်၊ပွဲစားကတစ်ဆင့်ရှာပေးတဲ့အလုပ်ဘဲဖြစ်ဖြစ်သွားလုပ်တော့မယ်ဆိုရင် ကြီးကြပ်အဖွဲ့အစည်းဖက်ကလည်းသူတို့နဲ့ထိတွေ့မနေတဲ့ ချိတ်ဆက်မထားတဲ့ကုမ္ပဏီမျိုးမှာတိုခုတေးခဆုဒိုးဗီဇာအဆင့်နဲ့သွားလုပ်မယ့်သူကိုတော့ ဘယ်တာဝန်ယူပြီးတိုကုတေးခဆုဒိုးအဆင့်နဲ့ သွားလုပ်လေဆိုပြီးလုပ်ပေးမှာလဲ။မိမိဖာသာ လဝက ကိုသွားလျောက်မယ်ဆိုလည်း လဝက ဖက်က တာဝန်ရှိနေတဲ့ ကြီးကြပ်အဖွဲ့အစည်းဖက်ကိုဆက်သွယ်လာပြီး တိုကုတေးခဆုဒိုးလျောက်ထားတာရှိနေတယ်၊မင်းတို့တာဝန်ယူပေးမှာလားဆက်သွယ်မေးမြန်းမှာအသေအချာပါ။အဲဒီလိုလည်းလုပ်လည်းလုပ်နေပါတယ်။
မိမိသဘောနဲ့ ကြီးကြပ်အဖွဲ့အစည်းနဲ့ ချိတ်ဆက်ထားခြင်းမရှိတဲ့အလုပ်ကို သွားလုပ်မယ့်သူတစ်ယောက်ကို ဘယ်သူကတာဝန်ယူပေးမှာတုန်း။စဥ်းစဥ်းစားစားလည်းတွေးကြ၊ပြောကြ၊လုပ်ကြပါ။ပေါက်တတ်ကရတွေ မတောင်းဆိုမိအောင်လည်း ချင့်ချင့်ချိန်ချိန်လုပ်ကြပါ အလုပ်သင် အပေါင်းတို့။
အကျိုးရှိရှိနဲ့ အဲဒီတစ်နှစ်တာကို လျောက်ထားရယူအသုံးချလမ်းဖောက်ချင်ရင်တော့ဖြင့် မိမိလက်ရှိလုပ်နေတဲ့အလုပ်မှာလုပ်ရင်းလျောက်ထားမလား၊ဒါမှမဟုတ် ကြီးကြပ်အဖွဲ့အစည်းက သူတို့ထိတွေချိတ်ဆက်ထားတဲ့ အလုပ်အမျိုးစားတူကုမ္ပဏီတစ်ခုခုမှာလုပ်ရင်းအကျိုးအမြတ်ရှိအောင်လုပ်မလား၊ဆိုပြီးစဥ်းစားရင်တော့ဖြင့် အမှန်ကန်ဆုံးအသင့်လျော်ဆုံးရွေးချယ်မှုဖြစ်ပါမယ်ဆိုတဲ့အကြောင်း နားလည်မှုလွဲနေတဲ့ အလုပ်သင်လေးတွေကို ရည်ရွယ်ပြီးပြောလိုပါတယ်။
ကွဲကွဲပြားပြားနားလည်ထားဖို့က ကြီးကြပ်အဖွဲ့အစည်းခုမိအိုင်း က သူတာဝန်ယူပေးရမှုအပေါ် မူတည်ပြီး ခဆုဒိုးလျောက်ထားမှုလုပ်ပေးမယ်၊မလုပ်ပေးဘူး ဆိုတဲ့ ကိစ္စ ကသူ့မှာ လွတ်လပ်စွာ လုပ်ပိုင်ခွင့်ရှိနေတယ်ဆိုတဲ့အကြောင်းပါ။
.
ကျွမ်းကျင်(တိုကုတေးဂိနိုး)လက်မှတ်ရှိရင်ဘဲဖြစ်ဖြစ်၊အဲဒီအဆင့်နဲ့ အခြားကုမ္ပဏီ ကိုအလုပ်ပြောင်းမယ်ဆိုတဲ့အနေအထားနဲ့ မတူပါကြောင်းသိရှိထားဖို့ လိုအပ်ပါမည်။
OTIT စနစ်ကြီးအနေဖြင့် အလုပ်သင်မှ ကျွမ်းကျင် (တိုခုတေးဂိနိုး) အဆင့်သို့ လိုအပ်ချက်များပြည့်စုံ၍ ကူးပြောင်းလိုသူတို့အတွက် ဆိုင်ရာအဖွဲ့အစည်းအခြင်းခြင်း တာဝန်ယူမှုလွှဲပြောင်းအချက်အလက်တို့ ပေးအပ်မှုတို့အတွက် တားမြစ်သည့် ကန့်ကွက်ချက်တို့မရှိပါကြောင်းသိထားပေးကြဖို့လိုပါမည်။
.
တိုခုတေးခဆုဒိုး(ကြားဖြတ်ယာယီဗီဇာ) အတွက်ကတော့ ကြီးကြပ်အဖွဲ့အစည်းမှ မလွဲမသွေဆောင်ရွက်လုပ်ကိုင်ပေးရမည်ဆိုသည့်သတ်မှတ်ချက်မရှိပါကြောင်းသိထားပေးကြရန် အသိပေးလိုပါသည်။(သူတာဝန်ယူပေးရသည့်အတွက်သူသဘောအတိုင်းသာဖြစ်ပါမည်)
.
KAZU

No comments:

Post a Comment

အနှိုင်းမဲ့မေတ္တာ မှ.....ခေါ်ယူပါမယ်။ . ဂျပန် ဘိုးဘွားပြုစု ခိုင်းဂေါ့ (ကျွမ်းကျင်တိုခုတေး)(အေဂျင်စီသင်တန်းဝင်ခွင့်) -မိန်းကလေးသီးသန့် ဖြစ်ရ...