Friday, February 24, 2023

 

 "အနှိုင်းမဲ့မေတ္တာ" ရဲ့ စီစဥ်မှုနဲ့ ဂျပန် သို့ အလုပ်ဗီဇာ ဖြင့် သွားရောက် အလုပ်လုပ် ဖို့ လမ်းကြောင်းပေါ် ရောက်လာပြီဖြစ်တဲ့ နည်းပညာဘွဲ့ရ သမီးငယ် ( ၄ ) ဦးဖြစ်ပါတယ်။

.
ပထမဦးဆုံး အနေနဲ့ "ဂုဏ်ယူဝမ်းမြောက်ရပါတယ်" လို့ပြောပါရစေ။🥰🥰🥰
.
ရန်ကုန် ကတင်မဟုတ်ဘဲ နယ်ဒေသ မှ နည်းပညာဘွဲ့ရထားပြီး ထိုက်တန်တဲ့လုပ်ငန်းခွင် နေရာ မရောက်နိုင်ဘဲ ဖြစ်နေတဲ့ သူတွေအတော်များများရှိကြမယ်ထင်ပါတယ်။သင်ထားတဲ့ ပညာရပ်၊ကုန်ခံထားရတဲ့ အချိန်၊ရင်းနှီးထားရတဲ့ပညာရေးကုန်ကျစရိတ် ဆိုတာတွေ ကို အံကိုက်တဲ့ လုပ်ငန်းခွင်မရောက်ဖြစ်လို့ အချည်းနှီးနည်းပါးဖြစ်နေရတဲ့ လူသားအရင်းအမြစ်အဖိုးတန်လေးတွေကို အ ရောင်တင်ပြောင်လက်လာအောင် လုပ်ပေးနိုင်ဖို့က "အနှိုင်းမဲ့မေတ္တာ" ရဲ့ ဝတ္တရားတစ်ခုလို့ ခံယူထားရင်းနဲ့ တရွေ့ရွေ့....နိုင်စွမ်းနိုင်သမျှလုပ်ဆောင်ပေးနေပါတယ်။
.
တစ်ချိန်ကျရင်ဖြစ်လာမယ့် ပွင့်လင်းတဲ့အနာဂါတ်မြန်မာနိုင်ငံကြီးမှာ လုပ်သားလိုအပ်တဲ့အနေအထားမျိုးရှိလာရင်လည်းသင်လျော်တဲ့ နိုင်ငံများဆီမှ လုပ်သားအင်အားထုကြီးကို မြန်မာနိုင်ငံပြည်တွင်းမှာ လုပ်ကိုင်နိုင်စေဖို့အထိ စီစဥ်ဆောင်ရွက်သွားနိုင်ဖို့အထိရည်ရွယ်ထားပါတယ်။(ပေါ်လစီအနေနဲ့ လူငယ်တွေပြည်ပထွက်ကုန်လို့ လွယ်လွယ်မထွက်ရအောင် PP ကိစ္စ မူလီ ကြပ်လိုက်တဲ့အမြင်တိုတောင်းတဲ့ပေါ်လစီမျိုးထက်.....နိုင်ငံပွင့်လင်းအောင်ပြုလုပ်ပြီး နိုင်ငံတစ်ကာနဲ့ ထိတွေ့ဆက်ဆံပြီးလုပ်သားအင်အားလိုအပ်ရင် ပြည်ပလုပ်သားအင်အားကို ရယူနိုင်တဲ့ ပေါ်လစီမျိုးက တိုင်းပြည်ကိုအမှန်အကျိုးဖြစ်ထွန်းစေမှာပါ။)(ဒါက ... တာဝန်ရှိတယ်ဆိုပြီး နေရာရယူထားတဲ့သူတွေက အထူးသတိပြုလုပ်ဆောင်ရမှာပါ။)
.
အရွေးခံလိုက်ရတဲ့ သမီးငယ် ( ၄ ) ဦးအနေနဲ့လည်း အချိန်တစ်ခု ဖြတ်သန်းပြီးရင် ဂျပန်ရောက်၊လုပ်ငန်းခွင်ဝင်၊ပြည်ပ လုပ်ငန်းခွင်အတွေ့အကြုံတွေဆည်းပူးပြီး ကျွမ်းကျင်အရည်အခြင်းပြည့်ဝတဲ့ စီနီယာကြီးတွေ၊စီမံကွပ်ကဲမှုတွေနဲ့လုပ်ငန်းလည်ပတ်မှုဖေါ်ဆောင်နိုင်တဲ့ အဆင့်ထိရောက်လာအောင်ကြိုးစားပေး၊လုံ့လစိုက်ထုတ်ကြရပါလိမ့်မယ်။
.
အချိန်တစ်ခုကျော်ဖြတ်ပြီးရင် မြန်မာပြည်ကြီးဟာ ပွင့်လင်းလာပြီး မြန်မာပညာရှင်တွေကို လိုအပ်တယ်ဆိုတဲ့အနေအထား ရောက်လာပါလိမ့်မယ်၊အဲဒီအချိန်မှာ နည်းပညာတွေ၊ဗဟုသုတတွေ၊လုပ်ငန်းခွင်အတွေ့အကြုံတွေ ပြည်စုံကြွယ်ဝနေတဲ့ သမီးတို့လို လူမျိုးတွေက တိုင်းပြည်ကို အဓိက ဆွဲခေါ်မောင်းနှင်ကြမယ့် အင်္ဂျင်စက်ကြီးအလားဖြစ်လာပါလိမ့်မယ်။
.
မိမိ တစ်ဦးတည်း အတွက်တင်မက တိုင်းပြည်အတွက်ပါ အကျိုးရှိစေဖို့ လုပ်ကိုင်နေတယ်ဆိုတဲ့ စိတ်ထားနဲ့ စိတ်ဓါတ်မြင့်မြင့်ခံယူချက်နဲ့ တောင်ပံဖွင့်ပြီး ပျံသန်းပေးကြပါသမီးတို့။
.
အဆင်‌ချောချောနဲ့ ဖြောင့်ဖြူးတဲ့ လမ်းကြောင်းလေးဖြစ်ပါစေလို့ဆန္ဒပြုပါတယ်။
.
ဒေါ် ခင်-စန္ဒာ၀င်း
အနှိုင်းမဲ့မေတ္တာ-ဂျပန်အလုပ်အကိုင်ဝန်ဆောင်မှု (Consultant)
ဂျပန်စာ၊စကား-သီးသန့်ကိုယ်စားလှယ်၀န်ဆောင်မှု
တောင်ဥက္ကလာပ/ရန်ကင်း/ဒဂုံဆိပ်ကမ်း
ရန်ကုန်မြို့။
ဖုန်း- 09-672585041, 09-770844556, 09-250143462, 09-255332027, 09-421193580
E-mail- mugenji10905@gmail.com

No comments:

Post a Comment

အနှိုင်းမဲ့မေတ္တာ မှ.....ခေါ်ယူပါမယ်။ . ဂျပန် ဘိုးဘွားပြုစု ခိုင်းဂေါ့ (ကျွမ်းကျင်တိုခုတေး)(အေဂျင်စီသင်တန်းဝင်ခွင့်) -မိန်းကလေးသီးသန့် ဖြစ်ရ...