Job Title 0135 Car Maintenance Program (Training Camp>>>Interview>>>Agency Processing>>>Work at Japan)
.
ဂျပန်မှာ ကားပြုပြင်ထိမ်းသိမ်းရေး အလုပ်နဲ့ သွားရောက်လုပ်ကိုင်ရန်စိတ်ဝင်စားသူတို့အဖို့အတွက် အခွင့်အရေးကောင်း
တစ်ခုဖြစ်တည်လာပါပြီ။





.
ရန်ကုန်အနီးမှာ ရှိတဲ့ လှိုင်သာယာ မှာ ဂျပန်အဆင့်မှီအဆင့်မြင့် ကားပြုပြင်ထိမ်းသိမ်းရေး သင်တန်းကျောင်း ကြီးတည်ရှိပါတယ်။ဘော်ဒါဆောင်အပါ နေစားငြိမ်း နေထိုင်ပြီး တက်ရောက်သင်ကြားရပါမယ်။စည်းကမ်းကြီးပြီး လိုက်နာပေးမှရပါမယ်။ပထမဦးဆုံး အဲဒီသင်တန်းကျောင်း ကို သင်တန်းကျောင်းဝင်ခွင့် ( Training Camp Entrance ) လျောက်ထားရပါမယ်။
.
"အနှိုင်းမဲ့မေတ္တာ" မှ တစ်ဆင့်လျောက်ထားရမှာဖြစ်ပါမယ်။











.
လျောက်ထားကြတဲ့ သူတွေထဲမှာမှ သတ်မှတ်ချက်စည်းကမ်းများ၊ငွေကြေးကုန်ကျမှုဆိုင်ရာများ၊ကြာမြင့်မည့်အချိန်ကာလများကို သိရှိနားလည် အဆင်ပြေသူများကို ရွေးထုတ်ပြီးသင်တန်းကျောင်းနှင့် ထိတွေ့မိတ်ဆက်ပေးမည်ဖြစ်ပါသည်။သင်တန်းကျောင်းဖက်မှ အပတ်စဥ်လက်ခံသင်တန်းသားဦးရေ အကန့်အသတ်ရှိသည့်အတွက် အင်တာဗျူးစကာတင်လူရွေးသည့်အနေအထားအဆင့်ရှိပါဦးမည်။(အခက်ခဲဆုံးမှာ ဤအဆင့်ဖြစ်ပါမည်။)ဝင်ခွင့်အောင်မြင်သောအခါ ထိုသင်တန်းကျောင်းတွင် ကားပြုပြင်ထိမ်းသိမ်းရေးဆိုင်ရာ ပညာရပ်များသင်ယူပြီးသင်ယူဆဲကာလတွင် ဂျပန်ဖက်လုပ်ငန်းရှင်များနှင့် ထိတွေ့ အင်တာဗျူးများ ရှိပါမည်။ အလုပ်အင်တာဗျုးအောင်မြင်၍ ချိတ်ဆက်ထားသည့် တရားဝင်အေဂျင်စီတွင် စာရွက်စာတမ်းကိစ္စများလုပ်ဆောင်ပြီး၍သင်တန်းကာလလည်းပြီးစီး၊အေဂျင်စီစာရွက်စာတမ်းကိစ္စများလည်း ပြီးစီးလျင်ဂျပန်သို့ ကားပြုပြင်ထိမ်းသိမ်းရေး အလုပ်အမျိုးအစားဖြင့် တစ်ဆင့်ပြီးတစ်ဆင့် (အလုပ်သင်>>ကျွမ်းကျင်>>(ကျွမ်းကျင်ပညာရှင်(ဤအဆင့်မှာဘွဲ့ရထားရန်လို)) တည်ငြိမ်သည့် အသက်မွေးဝမ်းကျောင်းအလုပ်အား လစာကောင်းကောင်းဖြင့်တရားဝင်သွားရောက်လုပ်ကိုင်နိုင်မည်ဖြစ်ပါသည်။
.
(ဂျပန်အဆင့်မှီအဆင့်မြင့်ကားပြုပြင်ထိမ်းသိမ်းရေးဆိုသည်မှာ မြန်မာပြည်အဆင့် ကားပြုပြင်ထိမ်းသိမ်းရေးအဆင့် မဟုတ်သည်ကို ဦးစွာနားလည်ထားပေးရပါမည်။မြန်မာပြည် ရှိ သာမာန် ကားဝပ်ရှော့တွင် အလုပ်လုပ်ရသည်မျိုးမဟုတ်မည်ကိုသတိပြုပါ။)(အေဂျင်စီမှ ပထမဦးဆုံး လုပ်ကိုင်မည့် ၃ နှစ်တာအတွက် လုပ်ကိုင်ဆောင်ရွက်ပေးမှာဖြစ်ပါတယ်။)(အေဂျင်စီဝန်ဆောင်ခ တတ်နိုင်သမျှ လျော့နည်းစေရန် ညှိနှိုင်းဆောင်ရွက်ထားပါသည်။)
.
စိတ်ဝင်စားသူတို့အဖို့ လိုအပ်ချက်အချက်များအနေဖြင့်.......
.
အမျိုးသား
အသက် ၁၈ မှ ၂၈ အတွင်း
အထက်တန်းအောင်ပြီးသူ
ဂျပန်စာ N-5 အဆင့်ပြီးစီးထားသူ
ကျန်းမာရေးကောင်းမွန်ပြည့်စုံသူ
ကုန်ကျစရိတ်အတွက်ငွေကြေးပြည့်စုံသူ
သင်တန်းကာလ အတွက် အချိန်လုံလောက်စွာပေးနိုင်သူ
အုပ်ထိမ်းသူများမှ ကြည်ဖြူခွင့်ပြုပေးထားခံရသူ
.
စတဲ့အချက်များနဲ့ပြည့်စုံသူဖြစ်ရပါမည်။
သင်တန်းကျောင်းအပိုင်းကဏ္ဌ၊အေဂျင်စီအပိုင်းကဏ္ဌ၊ဂျပန်ရှိအလုပ်ရှင်ကဏ္ဌ ဆိုသည့် အဓိက ကဏ္ဌ ၃ ခုရှိပါမည်။
သင်တန်းကျောင်းတွင် ကားပြုပြင်ထိမ်းသိမ်းမှုနှင့်ဆိုင်သည့်ပညာရပ်+ဂျပန်စာ(အကျဥ်း)
အေဂျင်စီတွင် တရားဝင်ပြည်ပ၌သွားရောက်လုပ်ကိုင်နိုင်သည့် စာရွက်စာတမ်းကိစ္စများ+ဂျပန်စာ(အကျယ်)
တို့အတွက်တာဝန်ယူလုပ်ဆောင်သွားကြမည်ဖြစ်ပြီး ကျသင့်မည့် စရိတ်စကမှာလည်း တစ်ကန့်စီ၊သီးခြားစီဖြစ်ပါမည်။
သင်တန်းကျောင်းအပိုင်းကဏ္ဌတွင် သင်တန်းကျောင်းဝင်ခွင့်ရပြီဆိုပါက (သင်တန်းကြေး+အဆောင်+စားစရိတ်အပါအဝင်) တို့ကို သင်တန်းကျောင်းတွင်ပေးသွင်းရမည်ဖြစ်ပါသည်။
ထိုမှ တစ်ဆင့် သင်တန်းကာလအတွင်း အလုပ်အင်တာဗျုးအောင်မြင်၍ အေဂျင်စီဆိုင်ရာစာရွက်စာတမ်းကိစ္စများ ဆောင်ရွက်ပြီးစီးကာ ဂျပန်သို့သွားရောက်ခါနီးတွင်(အေဂျင်စီ ကဏ္ဌအနေဖြင့်) အေဂျင်စီသို့ အေဂျင်စီဝန်ဆောင်ခ ပေးသွင်းရမည်ဖြစ်ပါသည်။
ကုန်ကျစရိတ်ပေးသွင်းရမှုတွင် ကြီးကြီးမားမားအနေဖြင့် ဤ ၂ ကြိမ်ရှိမည်ကို သိရှိထားရပါမည်။
အနှိုင်းမဲ့မေတ္တာ အနေဖြင့် အတတ်နိုင်ဆုံး ကုန်ကျစရိတ် အသက်သာဆုံးဖြင့် ရေရှည် ဂျပန်တွင်တည်ငြိမ်သော အလုပ်အကိုင်ကောင်းများရရှိနိုင်ရေးအတွက် စိတ်ဝင်စားသူအပေါင်းတို့အား ဖြစ်နိုင်သည့်လမ်းကြောင်းများ လမ်းဖောက်အလင်းပြလျက်ရှိနေပါသည်။လိုအပ်ချက်ပြည့်စုံသူတို့အဖို့ ယုံကြည်စိတ်ချစွာဖြင့် တိုင်ပင်အကြံဉာဏ်ရယူပြီးလိုရာလမ်းလျောက်လှမ်းနိုင်ပါသည်။
.
လျောက်ထားလိုပါက .......e mail ၏ subject နေရာတွင် To Apply Car Maintenance Job ဟုရေး၍ မိမိ၏ CV အား ပေးပို့ရန်လိုအပ်ပါမည်။
.
အချိန်ဇယားအနေဖြင့် အောက်ပါအတိုင်းရှိပါမည်။
.
သင်တန်းကျောင်းဝင်ခွင့် လူတွေ့အင်တာဗျူး ............... မတ်လ ၃-၄ ရက်
ဝင်ခွင့်အောင်စာရင်း ထုတ်ပြန်နေ့ .....................................မတ်လ ၇ ရက်
ဝင်ခွင့်ရသူများအား တွေ့ဆုံရှင်းလင်းပွဲ ............................မတ်လ ၁၁ ရက်
သင်တန်းကြေးပေးသွင်းရက် .............................................မတ်လ ၁၇ ရက်
သင်တန်းစတင်မည့်ရက် .....................................................ဧပြီလ ၂၁ ရက်
.
(ဖေဖေါ်ဝါရီလကုန်ရက် နောက်ဆုံးထား CV ပေးပို့ရန် လိုအပ်ပါမည်။)
.
(ကုန်ကျစရိတ်များအား mugenji10905@gmail.com အီးမေးလ်မှလည်းကောင်း၊ ( 09-255557022 Viber / 09-250143462 Viber) မှလည်းကောင်း စုံစမ်းမေးမြန်းမှုများဖြေကြားပေးပါမည်။)
.
တိုင်ပင်ဆွေးနွေးအကြံရယူခြင်းဖြင့် မိမိလျောက်လှမ်းမည့်လမ်း လင်းလင်းထင်းထင်း စိတ်ချလက်ချ ရှေးရှုဦးတည်နိုင်ရန်အစဥ်ရည်ရွယ်လျက်.....................











.
ဒေါ် ခင်-စန္ဒာ၀င်း
အနှိုင်းမဲ့မေတ္တာ-ဂျပန်အလုပ်အကိုင်ဝန်ဆောင်မှု (Consultant)
ဂျပန်စာ၊စကား-သီးသန့်ကိုယ်စားလှယ်၀န်ဆောင်မှု
တောင်ဥက္ကလာပ/ရန်ကင်း/ဒဂုံဆိပ်ကမ်း
ရန်ကုန်မြို့။
ဖုန်း- 09-672585041, 09-770844556, 09-250143462, 09-255332027, 09-421193580
E-mail- mugenji10905@gmail.com
Website- mugenji.blogspot.com
Telegram- t.me/japanjobofferletter

















No comments:
Post a Comment