Job Title 0138 (Production Line Operator)
(Production Of Machine Parts)
.
"အနှိုင်းမဲ့မေတ္တာ" က ဂျပန်ကို အလုပ်ဗီဇာနဲ့ သွားလုပ်လို့ရနိုင်မယ့် အခွင့်အရေးတွေ ကိုထပ်ခါထပ်ခါ ရှာဖွေလာပြီး စိတ်ဝင်စားသူ၊ပြည်ပထွက်အလုပ်လုပ်ချင်သူတွေ အတွက်ကော်ဇောနီလေးတွေအလားခင်းကျင်းပေးနေပါပြီ။




.
ဂျပန်-Saga ဒေသဖက်မှာရှိတဲ့ ကြိတ်ချေစက်(Crushing Machine)တွေ ထုတ်လုပ်တဲ့ကုမ္ပဏီ ကြီးမှာ အဲဒီစက်တွေမှာအသုံးပြုမယ့် စက်ပစ္စည်းအစိတ်အပိုင်းတွေ တီထွင်၊ထုတ်လုပ်၊ရောင်းချ၊ပြုပြင်တဲ့ ကဏ္ဌတွေမှာ ပါဝင်လုပ်ကိုင်ရမှာပါ။
အဓိက က အစိတ်အပိုင်းတွေကို စက်ကိရိယာတွေနဲ့ တီထွင်ပြုလုပ်ထုတ်လုပ်ခြင်းဆိုတဲ့ လုပ်ငန်းစဥ်တွေပါဝင်တဲ့ ထုတ်လုပ်ရေးကဏ္ဌအလုပ်ဖြစ်ပါတယ်။Software Skill, ပွန်းစားဖြတ်တောက်၊အပေါက်ဖေါက်တဲ့ Machining Skill တွေလိုပါမယ်။လူသစ်တန်း ဖြစ်တဲ့အတွက် မကျွမ်းကျင်သေးရင်လည်း လေ့ကျင့်ယူရမှာပါ။
.
B.Tech, B.E, M.E နည်းပညာဘွဲ့ရတွေထဲက Mechanical Power လိုင်းသမားတွေအတွက် အထူးသင့်လျော်ပါမယ်။ကုမ္ပဏီဖက်က သူခန့်မယ့်ဝန်ထမ်း လုပ်သက်ရလာရင် အခြားနိုင်ငံများဆီသို့ Marketing ကိစ္စတွေ, Exhibition ပွဲတွေတက်ရောက်အကျယ်ချဲ့ဖို့တွေရည်ရွယ်တာမို့လို့ E-skill တွေလည်းအတန်အသင့်လိုအပ်ပါမယ်။(အသက်အပိုင်းအခြားလည်း ၃၅ နှစ်အထိဖြစ်တဲ့အတွက် စင်္ကာပူပြန်၊အခြားနိုင်ငံမှာ အလုပ်လုပ်ဖူးတဲ့သူတွေဆို ပိုအဆင်ပြေနိုင်ပါမယ်။)(ဂျပန်စာအနည်းငယ်ထပ်သင်ယုံလောက်သာလိုပါလိမ့်မယ်)။
.
လုပ်ရကိုင်ရမှာကတော့ စက်တွေနဲ့ဖြစ်ပါတယ်။
.
ခန့်အပ်မယ့် အရေအတွက်ကတော့ အမျိုးသား ( ၂ ) ဦးပါ။
.
ပုံမှန်ရေရှည်ဝန်ထမ်းအနေနဲ့ခန့်မှာပါ။အလုပ်ဗီဇာအမျိုးအစားနဲ့ပါ။
.
လိုအပ်အရည်အခြင်းကတော့ B.Tech, B.E, M.E နည်းပညာဘွဲ့တွေထဲက Mechnical, Metalluargy ဘွဲ့သမားတွေ ဘောင်ဝင်လျောက်ထားလို့ရပါမယ်။
.
စက်ပစ္စည်းထုတ်လုပ်ရေးအလုပ်အတွေ့အကြုံရှိတဲ့သူ၊စင်္ကာပူပြန်(ပြည်ပနိုင်ငံတစ်ခုခုတွင်အလုပ်လုပ်
ဖူးတယ်ဆိုရင်တော့ဖြင့် သေချာပေါက်အရွေးခံရဖို့အလားအလာများပါမယ်)။ဦးဆောင်တတ်ပြီးအများနဲ့ပူးပေါင်းညှိနှိုင်းလုပ်
ဆောင်တတ်သူဆိုရင်တော့ဖြင့်.......အတိုင်းထက်အလွန်ပါ။
.
အခြေခံလစာ- ယန်း ၁၈၀,၀၀၀~
ကုမ္ပဏီအဆောင်- နေထိုင်စရိတ်ခံစားခွင့် ယန်း ၁၅,၀၀၀ ရှိမည်။
အစမ်းခန့်ကာလ- ၃ လ (လစာမပြောင်းလဲပါ)
ကုမ္ပဏီနေ့လည်စာ- ထမင်းဗူးစနစ်ရှိ
တစ်နေ့ အလုပ်ချိန်- ၈ နာရီ+(နားချိန် ၇၀ မိနစ်)
ပိတ်ရက်များကတော့ စနေ၊တနင်္ဂနွေ၊နှစ်သစ်ကူး၊GW၊အိုဘွန်ပိတ်ရက်တွေရှိပါမယ်။(အလုပ်များကာလရှိတဲ့အတွက် တစ်နှစ်ကို စနေ ၅ ကြိမ်ခန့် အလုပ်ဆင်းရတာမျိုးရှိပါမယ်)။
လစာမှ ပြန်နှုတ်တာတွေက အခွန်၊လူမှုဖူလုံရေးကြေး၊ကျန်းမာရေးအာမခံ၊အလုပ်အာမခံ စတဲ့ မပေးဆောင်မနေရအရာတွေ ရှိပါမယ်။
အသားတင်လက်ရောက်ကတော့ ယန်း ၁၅၀,၀၀၀ ပတ်ခြာလည် ဖြစ်ပါမယ်။(မြန်မာငွေ သိန်း ၃၀ ကျော်ပါမယ်)
.
If you got some interest to apply this job.......please write.....
To apply Job Title 0138 ........and send us your CV to below e mail address.
.
mugenji10905@gmail.com
.
တိုင်ပင်ဆွေးနွေးအကြံရယူခြင်းဖြင့် မိမိလျောက်လှမ်းမည့်လမ်း လင်းလင်းထင်းထင်း စိတ်ချလက်ချ ရှေးရှုဦးတည်နိုင်ရန်အစဥ်ရည်ရွယ်လျက်.....................
.
ဒေါ် ခင်-စန္ဒာ၀င်း
အနှိုင်းမဲ့မေတ္တာ-ဂျပန်အလုပ်အကိုင်ဝန်ဆောင်မှု (Consultant)
ဂျပန်စာ၊စကား-သီးသန့်ကိုယ်စားလှယ်၀န်ဆောင်မှု
တောင်ဥက္ကလာပ/ရန်ကင်း/ဒဂုံဆိပ်ကမ်း
ရန်ကုန်မြို့။
ဖုန်း- 09-672585041, 09-770844556, 09-250143462, 09-255332027, 09-421193580
E-mail- mugenji10905@gmail.com
Website- mugenji.blogspot.com
Telegram- t.me/japanjobofferletter
No comments:
Post a Comment