Saturday, July 29, 2023


 

နာမည်ကြီးနေတဲ့ ဂျပန်ခဆုဒိုးဗီဇာဖြင့်နေထိုင်ခွင့် လျောက်ထားခြင်းဆိုတာဘာလဲ.......😎😎😎
.
အမှန်ကတော့ ခဆုဒိုးဗီဇာဆိုတာ ဂျပန်ကိုလာခဲ့စဥ်မှာ ရခဲ့တဲ့ ဗီဇာအမျိုးအစားအချိန်ကာလ ကုန်လွန်ခါနီးပြီးမူလရည်ရွယ်ချက်မပြည့်သေးလို့ ဆက်လက်လှုပ်ရှားနိုင်အောင်နေထိုင်ခွင့် အပိုတောင်းခံတဲ့သဘောပါဘဲ။
.
အလွယ်ဥပမာပေးရရင် ပညာသင်အနေနဲ့လာတယ်၊ဂျပန်ကျောင်းတက်တယ်၊ပြီးတော့ ကောလိပ်(ဆဲမွန်ကျောင်း)တက်တယ်၊ကျောင်းပြီးခါနီးတော့ အလုပ်ရှာတဲ့ လှုပ်ရှားမှု(Shuushoku Katsudou) လုပ်ကြတယ်။
အများစုက ဂျပန်မှာအလုပ်တွေပေါတော့ ကျောင်းမပြီးခင်အလုပ်ရသွားကြတာများတယ်၊ကျောင်းပြီးတာနဲ့ ဗီဇာအဆင့်အတန်းပြောင်းပြီး အလုပ်စလုပ်ပြီပေါ့။အဲဒီမှာအချို့က ကျောင်းပြီးလို့ဗီဇာကုန်ခါနီးအထိ အလုပ်မချိတ်မိသေးတာမျိုးရှိတတ်ကြတယ်။အဲဒီလိုမျိုးအနေအထားမှာ လဝက ကို အသနားခံလျောက်ထားတဲ့အနေအထားလို့ပြောရရင် နားလည်လွယ်မယ်ထင်ပါတယ်။(အလုပ်ရအောင်ရှာဖို့နေထိုင်လှုပ်ရှားခွင့်လေးပေးပါ)ဆိုတဲ့ပုံစံပေါ့။
.
ဒါက နားလည်လွယ်အောင်ပြောတာ၊တကယ်တမ်းလျောက်ထားနိုင်တဲ့ အကြောင်းရင်းက အမျိုးမျိုးရှိနိုင်ပါတယ်။
အနည်းဆုံး အမျိုးအစားပေါင်း ၄၀ကျော်ရှိမယ်ထင်မြင်ရပါတယ်။
မြန်မာတွေအကြား လူသိများတဲ့ ခဆုဒိုး ၄၆ (ကယ်ဆယ်ရေးဗီဇာ လို့ဆိုပါရစေ) ဆိုတာ အမှန်တော့ မြန်မာပြည်နိုင်ငံရေးအခြေအနေမကောင်းမှုကြောင့်မြန်မာနိုင်ငံမှအကြောင်းအမျိုးမျိုးနဲ့ ဂျပန်ရောက်နေသူတွေအပေါ် ဂျပန်လဝကမှအထူးတလည်ခွင့်ပြုပေးနေတဲ့ လူသားခြင်းစာနာထောက်ထားရေးရှုထောင့်ကနေရှုမြင်ပေး၊ခွင့်ပြုပေးနေတဲ့အရာတစ်ခုဖြစ်ပါတယ်။
ပုံမှန်သာမန်အားဖြင့် လျောက်ထားနိုင်ဖို့အတွက် လိုအပ်ချက်တွေက မြင့်မားပါတယ်။ပညာတော်သင်အနေနဲ့‌ရောက်နေတဲ့သူဆိုရင် ကောလိပ်ကျောင်းဘွဲ့လက်မှတ်ရထားမှ ဆိုတဲ့ လိုအပ်ချက်တွေက ခပ်မြင့်မြင့်ရှိပါတယ်။ ပေါပေါလော‌လော လျောက်ထားရယူနိုင်တာမျိုးမဟုတ်ပါ။
ဒါပေမယ့် မြန်မာနိုင်ငံရဲ့အနေအထားတည်ငြိမ်မှုကင်းမဲ့၊လှုပ်ရမ်းနေတဲ့အခြေအနေမှာအကြောင်းအမျိုးမျိုးနဲ့ဂျပန်ရောက်နေသူ(ဥပမာ-အလုပ်သင်အနေနဲ့ဂျပန်ရောက်နေသူ) တွေဆိုရင် သတ်မှတ်ကာလပြည့်ပြီး မိခင်နိုင်ငံပြန်ရတော့မယ့်အနေအထားမှာ မိခင်နိုင်ငံအခြေအနေမကောင်းမှုအပေါ် ပြန်ရင်မိမိအတွက်အန္တရာယ်ရှိပါတယ်၊ယာယီဆက်လက်လှုပ်ရှားနေထိုင်ခွင့်ပြုပါလို့တောင်းဆိုမှုတွေကြောင့်လူသားခြင်းစာနာထောက်ထားမှုရှုထောင့်တွေအရပေါပေါလောလောယာယီခွင့်ပြုချက်တွေထုတ်ပေးနေတာဖြစ်ပါတယ်။ အမြဲရနေမယ်သွားမျှော်လင့်နေ၍မရပါ။မြန်မာနိုင်ငံအခြေအနေကောင်းသွားသည်နှင့်အမျှ ခွင့်ပြုချက်ချမပေးတော့မည့် ဗီဇာနေထိုင်ခွင့် လျောက်ထားမှုပုံစံမျိုးဖြစ်ပါသည်။
အလုပ်သင် တို့အနေဖြင့် ခွင့်ပြုထားခံရသည့် ကာလ ၃ နှစ်တာ (ပြီးဆုံးကြောင်းသင်တန်းဆင်းလက်မှတ်ရရန် ၂ နှစ်နှင့် ၁၀ လ)၏ နောက်တွင် ကာလအပိုအနေဖြင့် ရရှိနေထိုင်အလုပ်လုပ်နိုင်အောင်လျောက်ထားလေ့ရှိကြပြီး ရရှိသည့်ကာလအတွင်းမှာ ကျွမ်းကျင်အဆင့် အရည်အခြင်းစစ်စာမေးပွဲများ ဂျပန်တွင်ကျင်းပသည်မှာပေါများသည့်အလျောက် ဝင်ရောက်ဖြေဆို အောင်လက်မှတ်များရယူပြီး ကျွမ်းကျင်အနေဖြင့် ဂျပန်တွင်ဆက်လုပ်သွားနိုင်ရေး ကြိုးစားကြလေ့ရှိပါသည်။အောင်မြင်ပါက ခဆုဒိုး‌နေထိုင်မှုအဆင့်မှ ကျွမ်းကျင်အဆင့်သို့ ပြန်ပြောင်းပြီး အလုပ်သင်လုပ်သား ၃ နှစ်ပြည့်ပါက မိခင်တိုင်းပြည်သို့ပြန်ရမည်ဆိုသည့်သတ်မှတ်ချက်အရ ခေတ္တအပြန်ပြပြီး စမတ်ကဒ်ဘာညာသက်တမ်းတိုးကာ ဂျပန်သို့ပြန်လာပြီးဆက်လုပ်သွားကြလေ့ရှိပါသည်။ပေါင်းကူးအနေဖြင့် ဘောင်ထဲမှ အသုံးချသည်ဖြစ်၍ သင့်လျော်လျောက်ပတ်သည်ဟု ပြောနိုင်ပါသော်လည်း ရမည်ဆိုလျင်လက်တစ်ဆုံးနှိုက်လိုသည့် မိမိကိစ္စမှလွဲလျင်အခြားသူတွေဘာဖြစ်ဖြစ်ထည့်မစဥ်းစားတတ်ကြသည့်သူတွေလည်းဘဲအလွဲသုံးကြသည်လည်းတွေ့လာ
ရပါသည်။
ဂျပန်ရောက်လို့မှ အနည်းငယ်ပင်ရှိသေးသည့်အချိန်(၃-၄-၅ လ) လောက်အချိန်အတွင်းမှာပင် အလုပ်ပြောင်း၍မရသတ်မှတ်ထားသည့် ဂျပန်လာစဥ် သဘောတူချုပ်ဆိုထားသည့် အလုပ်သင်စာချုပ်ကိုပင်ပေါ့ပေါ့တန်တန်လွယ်လင့်တကူမလိုက်နာမစောင့်ထိန်းတော့ဘဲ လုပ်ငန်းခွင်စွန့်ခွာခြေရာဖျောက်ပြီးငွေပိုမိုရနိုင်သည့်အလုပ်မျိုးလုပ်နိုင်ရန်အားထုတ်လာသည်ကိုတွေ့ရပါသည်။လောဘနှင့်မိမိတစ်ဦးတည်းသာကောင်းစား‌ရေးဆိုသည့်အရေးကိုဦးစားပေးပြီး အလွဲအသုံးပြုခြင်းဖြစ်ပါသည်။ဂျပန်လဝကမှ မသိ၍ပါလား။
မဟုတ်ပါ၊လျောက်ထားမှုအပေါ် လျောက်ထားသူသည်လာခဲ့စဥ်ကဗီဇာအ‌နေအထားအရ စည်းမျဥ်းစည်းကမ်းတွေမချိုးမဖောက်လိုက်နာလျက်ရည်မှန်းချက်ပြည့်ပြီးနေသည့်အနေအထားလား(အလုပ်သင်ဖြင့်လာထားလျင် ၃ နှစ်ပြီးဆုံးလက်မှတ်ရထားသည့်အနေအထားလား)ဒါမှမဟုတ် ကာလမပြည့်မှီ သတ်မှတ်လုပ်ငန်းထံမှခြေရာဖျောက်ထွက်ပြေးပြီးလာရောက်လျောက်ထားသည့်အနေအထားမျိုးဖြစ်သည်လား၊ဘာများကျူးလွန်ထားသည့်အရာများရှိပါသလဲ၊ဘာပြဿနာတွေရှိခဲ့လဲဟူ၍ လာရောက်လျောက်ထားသည့်အချိန်မှ နောက်ပြန်ပြီး တစ်နှစ်တာလောက်အထိပြန်လှန်စီစစ်ပြီး၊ကြည့်ရှုပြီးမှ ခွင့်ပြုချက်ချထားပေးခြင်းမျိုးဖြစ်ပါသည်။ခွင့်ပြုချက်ချထားပေးသည်မှာလည်း အမှတ်ပေး
အဆိုးအကောင်းမှာကာယကံရှင်၏မှတ်တမ်းများအပေါ်မူတည်၍ ၃ လ၊၆ လ၊၁ နှစ် စသည်ဖြင့် ဂျပန်လဝကမှ ခွင့်ပြုပေးသည်တို့လည်းအမျိုးမျိုးရှိနိုင်ပြီး အလုပ်လုပ်ခွင့်နာရီ အချိန်ဖြင့်လည်းပြန်ကန့်သတ်ထားပြန်ပါသည်။ မယုံကြည်ရသူများဆိုလျင် တစ်ပတ်လျင် ၂၈ နာရီ၊ ထွေကာလီကာမရှိသည့် ရိုးသားသူ၊စည်းမျဥ်းစည်းကမ်းလိုက်နာသူများဆိုလျင် တစ်ပတ်လျင် ၄၀ နာရီ စသဖြင့် စီစစ်ကာ ခွင့်ပြုပေးပါသည်။
တစ်ဘို့တည်းကြည့်တတ်သည့်သူများ၊ပြဿနာအထွေအထူးမရှိပါဘဲနှင့် စာချုပ်စာတမ်းဆိုင်ရာဂတိဖောက်ဖျက်ပြီး ၃ နှစ်ပြီးဆုံးကြောင်းလက်မှတ်မရရှိဘဲလျောက်ထားသူများဆိုလျင် ဂျပန်လဝကမှ အလုပ်ချိန်နာရီအပြည့်မပေးတော့ဘဲ ခွင့်ပြုနာရီ
အနည်းငယ်ဖြင့်သာနေနိုင်ယုံ၊စားဝယုံလောက်သာခွင့်ပြုချက်ချထားပေးခံရပြီး လောဘဖြင့် ငွေပိုရအောင် ခွင့်ပြုချက်ဖောက်ဖျက်ကာခွင့်ပြုနာရီအချိန်ကျော်လွန်အလုပ်လုပ်ရသည့်အနေသို့ တစ်ဆင့်ပြီးတစ်ဆင့်ရောက်ရှိသွားရပြီး နောက်ဆုံးတွင် “တရားမဝင် အလုပ်လုပ်ခြင်း”ခွင်ထဲရောက်ကာ သိရှိဖမ်းမိခံရလျင် ပြည်နှင်ဒဏ်ခံရမည့်အနေအထားပင် ဖြစ်ပါသည်။
ထို့အတွက်ကြောင့် ဂျပန်သို့ အလုပ်သင်တို့အနေဖြင့် ရောက်ရှိလုပ်ကိုင်နေသူတို့အနေဖြင့် မလိုအပ်ဘဲ လောဘကြီးခြင်း၊ရလျင်ရသလို လက်တဆုံးနှိုက်ခြင်းစသည့်မျိုးတို့ကိုရှောင်ရှားပြီး ရေရှည်ဂျပန်တွင် ရှည်ကြာနေထိုင်လုပ်ကိုင်သွားနိုင်ရန် လမ်းကြောင်းများရှိနေပြီးသည်ဖြစ်သည့်အလျောက် အလုပ်သင် ၃ နှစ်လုပ်နေစဥ်အတွင်းတိုကုတေးကျွမ်းကျင်လက်မှတ်များရရှိနိုင်ရန် ကြိုးစားဖြေဆိုရယူခြင်း၊ ၃ နှစ် ပြည့်မြောက်(၂နှစ် ၁၀ လ ခန့်တွင်စာမေးပွဲအောင်လျင်ရရှိနိုင်)တွင် ရနိုင်မည့် အလုပ်သင်ပြီးမြောက် အောင်လက်မှတ်တို့မှာမဖြစ်မနေရအောင်ယူထားကြဖို့နည်းလမ်းမှန်မှန်ဖြင့်လုပ်သွားရန်လိုပါလိမ့်မည်(၃ နှစ်တာသည်းခံကြိုးစားကျော်ဖြတ်နိုင်အောင်-လမ်းပြပေးနေခြင်းဖြစ်ပါသည်)။(၃ နှစ်ပြည့်လက်မှတ်ရလျင် အလုပ်ပြောင်းနိုင်ပြီဖြစ်ပါသည်)
လုပ်ငန်းခွင်မှ ထွက်ပြေးပြောင်းပြေးသည်ဆိုသည်မှာ ကုန်ကုန်ပြောရရင် ဘယ်အချိန်ထလုပ်လုပ် ရသည့် အရာဖြစ်ပါသည်။ဘာတွေများလောနေပါမည်နည်း.......ကုန်ကျခဲ့သည်တို့ အရင်ပြန်ရအောင်လုပ်ပါလေဦး။(ဂျပန်ရောက်တာမှမကြာသေး......ပြေးပြီဆိုသောသူများကိုရည်ရွယ်၍ပြောပါသည်)။၃ နှစ် တာလုပ်ပြီး လက်မှတ်ရပြီးလျင် အလုပ်ပြောင်းခွင့်ရှိသွားပြီဆိုသည့်အလျောက် ထိုအခိုက်အတန့်အတွက် ကြိုတင်ပြင်ဆင်စရာရှိတာပြင်ဆင်၊ကြိုးစားစရာရှိတာကြိုးစားပြီးလိုအပ်ချက် ဖြစ်သည့် လက်မှတ်များလက်ထဲရရှိနေအောင်လုပ်ရမှာမဟုတ်ပေဘူးလား။၃ နှစ် ပြည့်၍ ဗီဇာကုန်တော့မည်ဖြစ်သော်လည်း အလုပ်ပြောင်းရန် အလုပ်သစ်မရသေး၊ထိုမှမဟုတ် လိုအပ်မည်ဖြစ်သည့် တိုကုတေးကျွမ်းကျင်လက်မှတ်မရသေးသောအခါမျိုးတွင်မှ ဂျပန်မှပြန်ထွက်ရမည့်ကာလကိုဆွဲဆန့်သည့်အနေဖြင့် ခဆုဒိုးဗီဇာအားလျောက်ထားရယူရမည်မဟုတ်ပါလား။ပြီးတော့မှ စာမေးပွဲဖြေ၊လက်မှတ်ယူ၊အလုပ်သစ်ရှာ၊အလုပ်ရအောင်ပြုလုပ်၊စာရွက်စာတမ်းကိစ္စများပြီး မြောက်ပြီ(ခုမိအိုင်းကလုပ်ပေးသည်ရှိသလို၊မိမိဖာသာ လုပ်ရသည်လည်းရှိနိုင်)ဆိုမှတစ်ခါပြန်ထွက်ပေးရမည်ဆိုသည့် ဆွဲဆန့်ထားသည့်ကိစ္စအတွက် မြန်မာပြည်ခဏ အပြန်ပြ၊စမတ်ကဒ်ဘာညာသက်တမ်းကုန်နေရင် အဲဒီပြန်နေစဥ်ကာလမှာ အလုပ်အသစ်မှ ချုပ်ထားတဲ့ အလုပ်ခန့်စာချုပ်တို့ဖြင့်ပြန်လည်သက်တမ်းတိုးအသစ်ပြန်လုပ်ပြီး တစ်လလောက်နေရင် ဂျပန်သို့ပြန်ထွက်တယ်ဆိုသည့် လုပ်ကိုင်မှုတို့ကို အထာကျကျ လုပ်တတ်သွားဖို့ ကို သိနေတတ်နေရမှာဖြစ်ပါသည်။ဤသည်မှာခဆုဒိုးဗီဇာကို အကျိုးရှိရှိအသုံးချခြင်းဖြစ်ပါသည်၊တလွဲအသုံးချခြင်းမျိုးမဟုတ်ပါ။
ရသည်ဆိုသည်နှင့် လက်တဆုံးမိမိအတွက်ဘဲကြည့်ပြီး လုပ်ချင်ရာလုပ်မည်ဆိုပါက ကာလမပြည့်မှီပြောင်းပြေးခြေရာဖျောက်သည့်အလုပ်သင်သည်လည်းမိမိကိုယ်တိုင်ပင်လျင် နစ်နာမှုတွေရှိသလို(ကျန်းမာရေးအာမခံကိစ္စ၊ပြန်ရမည့်ပင်စင်ကိစ္စ၊အလုပ်သမားရေးရာကိစ္စ၊အခွင့်အရေးရပိုင်ခွင့်ဆိုင်ရာကိစ္စတို့တွင်အားကိုးအားထားရာမရှိတော့ဘဲမိမိဖာသာရင်ဆိုင်ဖြေရှင်းရတော့မည်ဖြစ်၍နဂိုကမှ ဂျပန်စကားမကျွမ်းကျင်ရသည့်အထဲတိုင်တွေပတ်ကုန်တော့မည်ဖြစ်ခြင်း)၊အလုပ်ခန့်ထားကုမ္ပဏီဖက်မှလည်းအလုပ်သင်များခေါ်ယူနိုင်ရေးငွေးကြေးကုန်ကျခံထားမှုများလည်းရှိပါသောကြောင့်သူတို့သည်လည်းလုပ်ငန်းတွင်နစ်နာမှုများဖြစ်ရပါသည်၊ပို့ပေးသည့်အေဂျင်စီဖက်မှာလည်းထပ်မံခေါ်ယူမည့်အလုပ်သင်တို့အတွက် ပယ်ဖျက်ခံရခြင်းဆိုသည့်နစ်နာမှု၊သက်ဆိုင်ရာဝန်ကြီးဌာနသို့ အစီရင်ခံတင်ပြရခြင်းစတဲ့ အပိုအလုပ်များဝန်ပိလာမှုစတဲ့ ကိစ္စအခြင်းအရာတို့ရှိပြီး အဖက်ဖက် ကောင်းသည်ဟူသည့်အခြင်းအရာဟူ၍မရှိပါ။ထို့အတွက်ကြောင့် ပြဿနာအထွေအထူးမရှိဘဲ၊ရှိသော်လည်းတာဝန်ရှိသူတို့နှင့် ပူးပေါင်းဖြေရှင်းရန်လုပ်ဆောင်မှုမရှိဘဲ ၃ နှစ်မပြည့်မှီ၊ပြီးဆုံးကြောင်းလက်မှတ်မရပါဘဲနှင့်ထွက်ပြေးခြေရာဖျောက်၊ပြီး ခဆုဒိုးကယ်ဆယ်ရေးဗီဇာအားအလွဲသုံးပြီး တစ်ကိုယ်ကောင်းဆန်စွာမလုပ်သင့်ကြောင်း ပြောပြအသိ‌ပေးလိုလှပါသည်။
.
နည်းမှန်လမ်းမှန်အကျိုးရှိရှိလုပ်ကြပါ၊အလွဲသုံးတာမျိုးရှောင်ကြပါလို့သာတိုက်တွန်းလိုက်ရပါသည်။
.
KAZU    

Monday, July 17, 2023

 


Job title 0144
Electrical products/Electronic accessories ( Relay ) production engineer (ဘွဲ့ရပညာရှင်)😍😍😍(Overseas-Japan)

ထပ်ပြီးထပ်ပြီးတော့ “အနှိုင်းမဲ့မေတ္တာ”ကနေ EP / EC / Mechatronics / MP (M and E ပညာရပ်သင်ထားသူ) ဘွဲ့ရထားသူများဂျပန်မှာ အလုပ်ဗီဇာနဲ့ ရေရှည် ဝန်ထမ်းအဖြစ်သွားရောက်လုပ်ကိုင်နိုင်မယ့် အလုပ်တစ်ခု မိတ်ဆက်ပေးပါမယ်။မကြာသေးမှီက ခေါ်ယူလိုက်တဲ့ ဘွဲ့ရ ၃ ဦး ကို ကုမ္ပဏီဖက်က သဘောကျသွားတဲ့အတွက်ထပ်မံခေါ်ယူခြင်းဖြစ်ပါတယ်။ပထမအကြိမ်ကခေါ်ယူထားခံရတဲ့ စီနီယာ ၃ ယောက်ကို အထူးကျေးဇူးတင်ရမှာဖြစ်ပါတယ်။🥰
.
ဒုတိယအကြိမ်အနေနဲ့ M-3 Posts (ကျား ၃ ဦး) ထပ်မံခေါ်ယူပါမယ်။🌟🌟🌟
.
Electrical products/Electronic accessories ( Relay ) production engineer ရာထူးအတွက် ဝင်ရောက်လုပ်ကိုင်ရပါမယ်။
အခြေခိုင်ရန်၊အောက်ခြေအဆင့်အောက်သက်ကျေရန်အခြေခံမှ စလုပ်ရပါမယ်။တတ်ကျွမ်းလာပြီဆိုရင် ဂျပန်ပြည်တွင်းအသိအမှတ်ပြုလက်မှတ်များရယူပြီး တာဝန်ခံအင်ဂျင်နီယာ တန်းဝင်ဖြစ်လာပါမယ်။
လက်ရှိတွင်လည်းစက်ရုံမှာ အလုပ်သင်များ အယောက် ၂၀ ကျော် လုပ်ကိုင်နေပြီး ထိုသူတို့နှင့် အဖွဲ့ကျစွာ လုပ်ကိုင်သွားရင်းကျွမ်းကျင်လာပြီဆိုတဲ့အနေအထားမှာ ထုတ်လုပ်ရေးတာဝန်ခံအင်ဂျင်နီယာစစ်စစ်ဖြစ်လာပါမယ်။နိုင်ငံတကာက အလုပ်သင်တွေရှိတဲ့အတွက် သူတို့အတွက် ညွှန်ကြားမှုအပိုင်း၊ထောက်ကူမှုအပိုင်းတွေသေချာလုပ်နိုင်ဖို့ ဘာသာပြန်/စကားပြန် အနေနဲ့လုပ်ပေးရတာမျိုး ရှိနိုင်ပါမယ်။
အဓိက အလုပ်အနေနဲ့ကတော့ ထုတ်လုပ်တဲ့လျှပ်စစ်အီလက်ထရွန်နစ်ပစ္စည်းရဲ့ ကွိုင်ပတ်လုပ်ငန်းစဥ်မှာဝင်ရောက်ပြီးပိုမိုထုတ်လုပ်မှုမြှင့်တင်ပေးရပါမယ်။စက်တွေကို လိုအပ်တာဖြည့်ဆည်းပေးခြင်းနဲ့ ပြုပြင်ထိန်းသိမ်းခြင်းစတာတွေလုပ်ကိုင်ရပါမယ်။နောက်ဆုံး တန်းဝင်လာပြီဆိုရင် ထုတ်လုပ်ရေးပိုင်းမှာ ကြီးကြပ်မယ်၊ထုတ်ကုန်ပစ္စည်းတွေ အရည်အသွေးစစ်ဆေးရတဲ့ QA/QC တာဝန်ခံဖြစ်လာပါမယ်။
.
ဗီဇာအမျိုးအစား-အလုပ်ဗီဇာ၊အမြဲတမ်းဝန်ထမ်းဖြစ်ပါတယ်(ကုမ္ပဏီနဲ့အဆင်ပြေရင်ပင်စင်ယူမယ့်အသက်အထိလုပ်နိုင်ပါမယ်)။🥰🥰🥰
.
စက်ရုံတည်နေရာ-ဂျပန်နိုင်ငံ၊မီယာဇာကီဒေသ
အသက်-၂၂ နှစ် မှ ၃၀ နှစ်အတွင်း
.
အခြေခံလစာ-ယန်း ၁၇၀,၀၀၀ +(အချိန်ပို နာရီ ၂၀ ခန့် >>> ယန်း ၂၀,၀၀၀ ခန့်) = ယန်း ၁၉၀,၀၀၀ လောက်ရနိုင်ပါမည်။
(မြန်မာကျပ်ငွေနဲ့ သိန်း ၄၀ ပတ်ဝန်းကျင်ရှိပါတယ်)
.
ညဆိုင်းတာဝန်ကျသည်ရှိသော် သီးသန့် ခံစားခွင့်ရှိပါမည်။
နေထိုင်စရာအတွက် ကုမ္ပဏီမှစီစဥ်ပေးမှာဖြစ်ပြီး နယ်ဒေသဖြစ်တဲ့အတွက် အိမ်ခန်းခ ဈေးကြီးမှာမဟုတ်ပါ။အင်တာဗျုးအောင်ကြတဲ့ သူတွေ ဂျပန်ရောက်တဲ့အခါမှာ တွဲပြီးနေမယ်ဆိုရင် အခန်းခပိုပြီးသက်သာပါ
လိမ့်မယ်။
အလုပ်အတွေ့အကြုံ ရှိရမယ် မပြောထားတဲ့အတွက် ဘွဲ့ရလူသစ်လေးတွေ အတွက် အခွင့်ကောင်းဖြစ်ပါမယ်။
ဂျပန်စာ လယ်ဗယ် မြင့်မြင့် ရှိထားယုံနဲ့ အရွေးခံရနိုင်ခြေရှိပါမယ်။အလုပ်အတွေ့အကြုံပါရှိထားမယ်ဆိုရင်တော့ အင်တာဗျူးမှာ
“ဂေါ် “ပြီပေါ့။
.
အလုပ်နဲ့ပတ်သက်ပြီးသိလိုတာရှိပါက အင်တာဗျုးမှာ လွတ်လပ်စွာမေးမြန်းနိုင်ပါတယ်။အရစ်ကျနဲ့လည်း သွားလိုပါက သွားနိုင်အောင် "အနှိုင်းမဲ့မေတ္တာ" မှစီစဥ်ပေးပါတယ်။
.
ဘောင်ဝင်စိတ်စားသူများအနေဖြင့် ဓါတ်ပုံပါဝင်သော CV အား
To apply Job Title 0144 ဟုရေး၍
အောက်ဖေါ်ပြပါမေးလ်အားပေးပို့လျောက်ထားနိုင်ပါသည်။
.
mugenji10905@gmail.com သို့ ပေးပို့လျောက်ထားပါရန်။👈👈👈
.
CV Monitoring> Pre-Interview>Final Interview( end of July )
.
ဩဇီ/ဂျာမဏီ သို့ အလုပ်အကိုင်ဗီဇာဖြင့်သွားရောက်လိုသူများ၊
ဂျပန်သို့ "အလုပ်သင်လုပ်သား" "ကျွှမ်းကျင်လုပ်သား" "ဘွဲ့ရပညာရှင်" "သက်ကြီးပြုစုစောင့်ရှောက်ရေး" စသည့်အလုပ်အကိုင်တို့ဖြင့်သွားရောက်လုပ်ကိုင်လိုသူများ၊ပညာတော်သင်အနေဖြင့်သွားရောက်လိုသူများလည်းစုံစမ်းမေးမြန်းနိုင်ပါသည်။
.
ဒေါ် ခင်-စန္ဒာ၀င်း
အနှိုင်းမဲ့မေတ္တာ-ဂျပန်အလုပ်အကိုင်ဝန်ဆောင်မှု (Consultant)
ဂျပန်စာ၊စကား-သီးသန့်ကိုယ်စားလှယ်၀န်ဆောင်မှု
တောင်ဥက္ကလာပ/ရန်ကင်း/ဒဂုံဆိပ်ကမ်း
ရန်ကုန်မြို့။
ဖုန်း- 09-255557022, 09-770844556, 09-250143462, 09-255332027, 09-421193580
e-mail- mugenji10905@gmail.com
website- mugenji.blogspot.com

 

 

Thursday, July 6, 2023

   


 
 "အနှိုင်းမဲ့မေတ္တာ" မှ တဆင့် ဂျပန်သို့ ပညာရှင်လူငယ်တွေ ယွန်းကြပြန်ပါပြီ။🥰🥰🥰
သင်ထားတဲ့ပညာရပ်ကို အသုံးချနိုင်မယ့် ရွှေပြည်တော်ကို ဦးတည်ကြတာ မှန်ကန်တဲ့လုပ်ရပ်လို့ ချီးမွမ်းထောပနာပြုချင်ပါတယ်။👏👏👏
နဂါးနိုင်အတတ်ပညာတတ်ထားပြီး နဂါးမရှိတဲ့အရပ်မှာ ရှိနေမိရင် အချည်းနှီးဖြစ်မနေပေဘူးလား။အဲဒီလိုအချည်းနှီးမဖြစ်ရအောင်လည်း "အနှိုင်းမဲ့မေတ္တာ"က လမ်းကြောင်းတွေဖေါ်ဆောင်ပေးနေပြီးပညာတတ်လူငယ်လေးတွေကို တောက်ပတဲ့အနာဂါတ်တွေပိုင်ဆိုင်နိုင်အောင် လျောက်လှမ်းနေစေတာဖြစ်ပါတယ်။
.
"ပတ္တမြားဖြစ်နေပါရဲ့နဲ့ နွံထဲနစ်နေစေလို့ဘယ်ဖြစ်ပါ့မလဲ"
.
ရှင်းရှင်းလေး ခံယူထားပါတယ်။
ထပ်ပြီးတော့လည်းအင်ဂျင်နီယာဘွဲ့ရတွေ၊ဘူမိဗေဒ ဘွဲ့ရတွေနဲ့ အခြားဘွဲ့ရလူငယ်တွေသာမက လူလတ်ပိုင်း လုပ်ငန်းခွင်အတွေ့အကြုံရှိနေပြီးသားသူတွေကိုပါ ဂျပန်မှာသွားရောက်အလုပ်လုပ်နိုင်အောင် ဆက်လက်ပြီးကြိုးစားပေးသွားပါမယ်လို့........🥰🥰🥰
.
ဒေါ် ခင်-စန္ဒာ၀င်း
အနှိုင်းမဲ့မေတ္တာ-ဂျပန်အလုပ်အကိုင်ဝန်ဆောင်မှု (Consultant)
ဂျပန်စာ၊စကား-သီးသန့်ကိုယ်စားလှယ်၀န်ဆောင်မှု
တောင်ဥက္ကလာပ/ရန်ကင်း/ဒဂုံဆိပ်ကမ်း
ရန်ကုန်မြို့။
ဖုန်း- 09-255557022, 09-770844556, 09-250143462, 09-255332027, 09-421193580
e-mail- mugenji10905@gmail.com

အနှိုင်းမဲ့မေတ္တာ မှ.....ခေါ်ယူပါမယ်။ . ဂျပန် ဘိုးဘွားပြုစု ခိုင်းဂေါ့ (ကျွမ်းကျင်တိုခုတေး)(အေဂျင်စီသင်တန်းဝင်ခွင့်) -မိန်းကလေးသီးသန့် ဖြစ်ရ...