Monday, July 17, 2023

 


Job title 0144
Electrical products/Electronic accessories ( Relay ) production engineer (ဘွဲ့ရပညာရှင်)😍😍😍(Overseas-Japan)

ထပ်ပြီးထပ်ပြီးတော့ “အနှိုင်းမဲ့မေတ္တာ”ကနေ EP / EC / Mechatronics / MP (M and E ပညာရပ်သင်ထားသူ) ဘွဲ့ရထားသူများဂျပန်မှာ အလုပ်ဗီဇာနဲ့ ရေရှည် ဝန်ထမ်းအဖြစ်သွားရောက်လုပ်ကိုင်နိုင်မယ့် အလုပ်တစ်ခု မိတ်ဆက်ပေးပါမယ်။မကြာသေးမှီက ခေါ်ယူလိုက်တဲ့ ဘွဲ့ရ ၃ ဦး ကို ကုမ္ပဏီဖက်က သဘောကျသွားတဲ့အတွက်ထပ်မံခေါ်ယူခြင်းဖြစ်ပါတယ်။ပထမအကြိမ်ကခေါ်ယူထားခံရတဲ့ စီနီယာ ၃ ယောက်ကို အထူးကျေးဇူးတင်ရမှာဖြစ်ပါတယ်။🥰
.
ဒုတိယအကြိမ်အနေနဲ့ M-3 Posts (ကျား ၃ ဦး) ထပ်မံခေါ်ယူပါမယ်။🌟🌟🌟
.
Electrical products/Electronic accessories ( Relay ) production engineer ရာထူးအတွက် ဝင်ရောက်လုပ်ကိုင်ရပါမယ်။
အခြေခိုင်ရန်၊အောက်ခြေအဆင့်အောက်သက်ကျေရန်အခြေခံမှ စလုပ်ရပါမယ်။တတ်ကျွမ်းလာပြီဆိုရင် ဂျပန်ပြည်တွင်းအသိအမှတ်ပြုလက်မှတ်များရယူပြီး တာဝန်ခံအင်ဂျင်နီယာ တန်းဝင်ဖြစ်လာပါမယ်။
လက်ရှိတွင်လည်းစက်ရုံမှာ အလုပ်သင်များ အယောက် ၂၀ ကျော် လုပ်ကိုင်နေပြီး ထိုသူတို့နှင့် အဖွဲ့ကျစွာ လုပ်ကိုင်သွားရင်းကျွမ်းကျင်လာပြီဆိုတဲ့အနေအထားမှာ ထုတ်လုပ်ရေးတာဝန်ခံအင်ဂျင်နီယာစစ်စစ်ဖြစ်လာပါမယ်။နိုင်ငံတကာက အလုပ်သင်တွေရှိတဲ့အတွက် သူတို့အတွက် ညွှန်ကြားမှုအပိုင်း၊ထောက်ကူမှုအပိုင်းတွေသေချာလုပ်နိုင်ဖို့ ဘာသာပြန်/စကားပြန် အနေနဲ့လုပ်ပေးရတာမျိုး ရှိနိုင်ပါမယ်။
အဓိက အလုပ်အနေနဲ့ကတော့ ထုတ်လုပ်တဲ့လျှပ်စစ်အီလက်ထရွန်နစ်ပစ္စည်းရဲ့ ကွိုင်ပတ်လုပ်ငန်းစဥ်မှာဝင်ရောက်ပြီးပိုမိုထုတ်လုပ်မှုမြှင့်တင်ပေးရပါမယ်။စက်တွေကို လိုအပ်တာဖြည့်ဆည်းပေးခြင်းနဲ့ ပြုပြင်ထိန်းသိမ်းခြင်းစတာတွေလုပ်ကိုင်ရပါမယ်။နောက်ဆုံး တန်းဝင်လာပြီဆိုရင် ထုတ်လုပ်ရေးပိုင်းမှာ ကြီးကြပ်မယ်၊ထုတ်ကုန်ပစ္စည်းတွေ အရည်အသွေးစစ်ဆေးရတဲ့ QA/QC တာဝန်ခံဖြစ်လာပါမယ်။
.
ဗီဇာအမျိုးအစား-အလုပ်ဗီဇာ၊အမြဲတမ်းဝန်ထမ်းဖြစ်ပါတယ်(ကုမ္ပဏီနဲ့အဆင်ပြေရင်ပင်စင်ယူမယ့်အသက်အထိလုပ်နိုင်ပါမယ်)။🥰🥰🥰
.
စက်ရုံတည်နေရာ-ဂျပန်နိုင်ငံ၊မီယာဇာကီဒေသ
အသက်-၂၂ နှစ် မှ ၃၀ နှစ်အတွင်း
.
အခြေခံလစာ-ယန်း ၁၇၀,၀၀၀ +(အချိန်ပို နာရီ ၂၀ ခန့် >>> ယန်း ၂၀,၀၀၀ ခန့်) = ယန်း ၁၉၀,၀၀၀ လောက်ရနိုင်ပါမည်။
(မြန်မာကျပ်ငွေနဲ့ သိန်း ၄၀ ပတ်ဝန်းကျင်ရှိပါတယ်)
.
ညဆိုင်းတာဝန်ကျသည်ရှိသော် သီးသန့် ခံစားခွင့်ရှိပါမည်။
နေထိုင်စရာအတွက် ကုမ္ပဏီမှစီစဥ်ပေးမှာဖြစ်ပြီး နယ်ဒေသဖြစ်တဲ့အတွက် အိမ်ခန်းခ ဈေးကြီးမှာမဟုတ်ပါ။အင်တာဗျုးအောင်ကြတဲ့ သူတွေ ဂျပန်ရောက်တဲ့အခါမှာ တွဲပြီးနေမယ်ဆိုရင် အခန်းခပိုပြီးသက်သာပါ
လိမ့်မယ်။
အလုပ်အတွေ့အကြုံ ရှိရမယ် မပြောထားတဲ့အတွက် ဘွဲ့ရလူသစ်လေးတွေ အတွက် အခွင့်ကောင်းဖြစ်ပါမယ်။
ဂျပန်စာ လယ်ဗယ် မြင့်မြင့် ရှိထားယုံနဲ့ အရွေးခံရနိုင်ခြေရှိပါမယ်။အလုပ်အတွေ့အကြုံပါရှိထားမယ်ဆိုရင်တော့ အင်တာဗျူးမှာ
“ဂေါ် “ပြီပေါ့။
.
အလုပ်နဲ့ပတ်သက်ပြီးသိလိုတာရှိပါက အင်တာဗျုးမှာ လွတ်လပ်စွာမေးမြန်းနိုင်ပါတယ်။အရစ်ကျနဲ့လည်း သွားလိုပါက သွားနိုင်အောင် "အနှိုင်းမဲ့မေတ္တာ" မှစီစဥ်ပေးပါတယ်။
.
ဘောင်ဝင်စိတ်စားသူများအနေဖြင့် ဓါတ်ပုံပါဝင်သော CV အား
To apply Job Title 0144 ဟုရေး၍
အောက်ဖေါ်ပြပါမေးလ်အားပေးပို့လျောက်ထားနိုင်ပါသည်။
.
mugenji10905@gmail.com သို့ ပေးပို့လျောက်ထားပါရန်။👈👈👈
.
CV Monitoring> Pre-Interview>Final Interview( end of July )
.
ဩဇီ/ဂျာမဏီ သို့ အလုပ်အကိုင်ဗီဇာဖြင့်သွားရောက်လိုသူများ၊
ဂျပန်သို့ "အလုပ်သင်လုပ်သား" "ကျွှမ်းကျင်လုပ်သား" "ဘွဲ့ရပညာရှင်" "သက်ကြီးပြုစုစောင့်ရှောက်ရေး" စသည့်အလုပ်အကိုင်တို့ဖြင့်သွားရောက်လုပ်ကိုင်လိုသူများ၊ပညာတော်သင်အနေဖြင့်သွားရောက်လိုသူများလည်းစုံစမ်းမေးမြန်းနိုင်ပါသည်။
.
ဒေါ် ခင်-စန္ဒာ၀င်း
အနှိုင်းမဲ့မေတ္တာ-ဂျပန်အလုပ်အကိုင်ဝန်ဆောင်မှု (Consultant)
ဂျပန်စာ၊စကား-သီးသန့်ကိုယ်စားလှယ်၀န်ဆောင်မှု
တောင်ဥက္ကလာပ/ရန်ကင်း/ဒဂုံဆိပ်ကမ်း
ရန်ကုန်မြို့။
ဖုန်း- 09-255557022, 09-770844556, 09-250143462, 09-255332027, 09-421193580
e-mail- mugenji10905@gmail.com
website- mugenji.blogspot.com

 

 

No comments:

Post a Comment

အနှိုင်းမဲ့မေတ္တာ မှ.....ခေါ်ယူပါမယ်။ . ဂျပန် ဘိုးဘွားပြုစု ခိုင်းဂေါ့ (ကျွမ်းကျင်တိုခုတေး)(အေဂျင်စီသင်တန်းဝင်ခွင့်) -မိန်းကလေးသီးသန့် ဖြစ်ရ...