Job Title 0148 (Overseas-Japan)
ကွန်ကရစ်ပစ္စည်းများထုတ်လုပ်ရေးပညာရှင်
(Precast Concrete Products
Manufacturing Technician)
.
ရေရှည်အနေဖြင့် ကွန်ကရစ်ပစ္စည်းများထုတ်လုပ်သည့် စက်ရုံတွင်
စက်ရုံမှူးအဆင့်အထိတာဝန်ယူနိုင်မည့်သူအားရည်ရွယ်ခေါ်ယူသည့် အလုပ်ဖြစ်သည်။
.
ပါဝင်သည့်ကုန်ကြမ်းပစ္စည်းများ၊အသုံးပြုအချိုးအစားများ၊ကြာမြင့်အချိန်ကာလ၊ပြီးစီးထွက်ရှိလာပစ္စည်းများအားစံနှုန်းမှီမမှီ၊ပစ္စည်းမှာယူသောဖောက်သည်ကာစတန်မာထံသို့
ပို့ဆောင်ခြင်းစတဲ့ လုပ်ငန်းစဥ်များနဲ့ အကျွမ်းတဝင်ရှိရမှာဖြစ်ပါတယ်။QA/QC
skill များလိုအပ်မည်ဖြစ်ပါသည်။
.
အခြားအရည်အခြင်းအနေဖြင့် ဂျပန်ဝင်ရောက်စဥ်မှာ N-3 လက်မှတ်
(ဥပမာ JLPT/NAT-Test စသည့်လက်မှတ်တစ်ခုခု) ရှိနေရမှာဖြစ်ပြီး
(အင်တာဗျုးဝင်ရန်အတွက် လက်မှတ်မရှိသေးလည်း လျောက်ထားနိုင်ပါသည်။အရွေးခံရပါက
လိုအပ်သည့်ဂျပန်စာအရည်အခြင်းအတွက် ကုမ္ပဏီစရိတ်ဖြင့် သင်ကြားပေးမှုရှိမည်။)
.
ကျား- ၂ ဦး
.
Civil မြို့ပြ ဘွဲ့ရထားသူ ( B.Tech / B.E / M.E ) များလျောက်ထားနိုင်ပါမည်။
.
အမြဲတမ်းဝန်ထမ်း ရေရှည်လုပ်ကိုင်နိုင်မည့်သူကို ခေါ်ယူခြင်းဖြစ်ပါသည်။
.
ဗီဇာအမျိုးအစားမှာ ပညာရှင်အလုပ်ဗီဇာ အမျိုးအစားဖြစ်သည်။
.
ဂျပန်-မီယာဇာကီ ဒေသ တွင် လုပ်ကိုင်ရမည်။
.
အသက် ၂၂ ~ ၃၂ နှစ် အတွင်း
.
အဆောင်ခ ယန်း ၁၅,၀၀၀ မှ ၂၀,၀၀၀ အတွင်း
.
အလုပ်ချိန် ၈ နာရီ + နားချိန် ၁.၅ နာရီ
.
လစာ- ယန်း ၁၈၀,၀၀၀ မှ ယန်း ၂၀၀,၀၀၀ အတွင်း (အစမ်းခန့် ကာလ လုပ်ရည်ကိုင်ရည်အရ
ဆုံးဖြတ်မည်)
.
အစမ်းခန့်ကာလ- ၃ လ ရှိမည်။
.
ပိတ်ရက်- အထိမ်းအမှတ်ရက် နှင့် အခြား(ကုမ္ပဏီသတ်မှတ်ပိတ်ရက်)
.
ခံစားခွင့်ရှိ ခွင့်ရက်- လုပ်သက်
၆ လ ကျော်လွန်ပြီးပါက ရရှိခံစားနိုင်မည်။(အသုံးပြုလိုလျင်
ကြိုတင်ခွင့်တင်ညှိနှိုင်းရမည်။)
.
လုပ်ငန်းပြီးမြောက်ခံစားခွင့် လစဥ်ရှိမည်။(ယန်း ၂,၀၀၀ မှ ယန်း ၁၀,၀၀၀ အတွင်း)
.
ဘောနပ်စ်ဆုကြေးငွေ ရှိမည် (၈လပိုင်း၊၁၂ လပိုင်း)(ပမာဏမှာကုမ္ပဏီအဆုံးအဖြတ်အရ)
.
အချိန်ပို- ရှိမည်။(၀ နာရီမှ ၅၀
နာရီအတွင်း)(လစဥ် ပျှမ်းမျ ၄၀ နာရီ ခန့်) (အချိန်ပိုကြေး- သီးသန့် ယန်း ၄၀,၀၀၀ ခန့်
မျှော်မှန်းနိုင်)
.
အလုပ်အာမခံ၊လုပ်ငန်းခွင်ထိခိုက်မှုအာမခံ၊ပင်စင်၊ကျန်းမာရေးအာမခံ များထည့်ဝင်ရခြင်းနှင့် ဂျပန်နိုင်ငံဥပဒေအရသတ်မှတ် အခွန်အခများရှိမည်။
.
အလုပ်နဲ့ပတ်သက်ပြီးသိလိုတာရှိပါက အင်တာဗျုးမှာ လွတ်လပ်စွာမေးမြန်းနိုင်ပါတယ်။
အရစ်ကျနဲ့လည်း သွားလိုပါက သွားနိုင်အောင် "အနှိုင်းမဲ့မေတ္တာ"
မှစီစဥ်ပေးပါတယ်။
.
ဘောင်ဝင်စိတ်စားသူများအနေဖြင့် ဓါတ်ပုံပါဝင်သော CV အား
To apply Job Title 0148 ဟုရေး၍
အောက်ဖေါ်ပြပါမေးလ်အားပေးပို့လျောက်ထားနိုင်ပါသည်။(အလုပ်အတွေ့အကြုံကို အကျယ်ချဲ့ရေးထားတာပါပါစေနော်။)
.
mugenji10905@gmail.com သို့ ပေးပို့လျောက်ထားပါရန်။
.
CV Monitoring> Pre-Interview>Final Interview ( 2nd week of October )
.
ဩဇီ/ဂျာမဏီ သို့ အလုပ်အကိုင်ဗီဇာဖြင့်သွားရောက်လိုသူများ၊
ဂျပန်သို့ "အလုပ်သင်လုပ်သား" "ကျွှမ်းကျင်လုပ်သား" "ဘွဲ့ရပညာရှင်" "သက်ကြီးပြုစုစောင့်ရှောက်ရေး" စသည့်အလုပ်အကိုင်တို့ဖြင့်သွားရောက်လုပ်ကိုင်လိုသူများ၊ပညာတော်သင်အနေဖြင့်သွားရောက်လိုသူများလည်းစုံစမ်းမေးမြန်းနိုင်ပါသည်။
.
ဒေါ် ခင်-စန္ဒာ၀င်း
အနှိုင်းမဲ့မေတ္တာ-ဂျပန်အလုပ်အကိုင်ဝန်ဆောင်မှု (Consultant)
ဂျပန်စာ၊စကား-သီးသန့်ကိုယ်စားလှယ်၀န်ဆောင်မှု
တောင်ဥက္ကလာပ/ရန်ကင်း/ဒဂုံဆိပ်ကမ်း
ရန်ကုန်မြို့။
ဖုန်း- 09-255557022, 09-770844556, 09-250143462, 09-255332027, 09-421193580
e-mail- mugenji10905@gmail.com
No comments:
Post a Comment