“အနှိုင်းမဲ့မေတ္တာ” မှ ဂျပန်သို့
သွားရာလမ်း...လမ်းသစ်ဖောက်မည်။ပရောဂျက် အသစ်ဖြင့် အလုပ်သွားရောက်လုပ်ကိုင်နိုင်ရေး
အားထုတ်သွားမည်။
.
အလုပ်သင်တွေ၊တိုခုတေးကျွမ်းကျင်တွေဘာတွေ
တစ်မျှော်တစ်ခေါ်ကြီးမလုပ်ချင်ဘူး၊အချိန်မသုံးချင်ဘူး၊အလုပ်တွေလုပ်ပြီး လုပ်သက်ရအောင်သည်းမခံချင်ဘူးဆိုတဲ့သူတွေ၊ချက်ချင်းရေတွင်းတူး၊ချက်ချင်းရေကြည်သောက်ချင်တဲ့သူတွေအတွက်
နည်းလမ်းမရှိဘူးလား။ရှိသမျှသိပ်ရှိသပေါ့။
.
အဲဒီနည်းလမ်းကတော့ ပညာတော်သင်နဲ့သွားပြီးစာမေးပွဲဖြေအောင်လက်မှတ်ရရင် တစ်ခါတည်း ၁၀၀ ရာခိုင်နှုန်း စပွန်ဆာပေးခဲ့တဲ့ ဆေးရုံ(သို့)ဂေဟာ ပြန်ဝင်လုပ်ပြီး ဂျပန်မှာ လုပ်ကိုင်သွားတဲ့ဟာမျိုးတွေ ရှိသမျှသိပ်ရှိသပေါ့။
.
တစ်ခုဘဲလိုတယ်။လေ့လာသင်ယူမှုအားသန်ဖို့လိုပါမယ်။ပညာတော်သင်အနေနဲ့ သွားတာဖြစ်တဲ့အတွက် စာသင်ရမှာ တွေရှိပါမယ်၊ပညာရပ်ဆိုင်ရာတွေသင်ယူရတာတွေရှိပါ။
၂ နှစ်နဲ့ ၆ လ လောက် သင်ကြားမှုနဲ့ အချိန်ကုန်ပါမယ်။ကျောင်းပြီးလက်မှတ်ရတဲ့နောက်မှာ သက်ကြီးရွယ်အိုလေ့ကျင့် ပြုစုစောင့်ရှောက်ရေးပညာရှင် စာမေးပွဲအစိုးရစစ် ဝင်ဖြေပြီးအောင်မြင်လက်မှတ်ရပြီဆိုရင် ကာလကန့်သတ်မှုမရှိတဲ့ အလုပ်ဗီဇာနဲ့ခပ်ဆင်ဆင် ဗီဇာအမျိုးအစားနဲ့ လုပ်ကိုင်သွားနိုင်မှာ (အလုပ်ကချိတ်ထားပြီးသား) ဖြစ်သလို
မအောင်နိုင်ခဲ့ရင်လည်း အများသိကြတဲ့ ခဆုဒိုး ဗီဇာလျောက်ထားအချိန်ဆွဲဆန့်ပြီး စာမေးပွဲထပ်ဖြေထပ်ဖြေ ပုံစံနဲ့ အောင်သည်အထိကြိုးစားနိုင်မှာဖြစ်သလို မဖြေချင်တော့ဘူး...အလုပ်ဘဲလုပ်တော့မယ်၊သင်တာတွေတော်ပြီ...မြန်မြန်လုပ်ချင်ပြီဆိုရင်လည်း တိုခုတေးကျွမ်းကျင်အဆင့် ၁ အနေနဲ့ ၅ နှစ်တာလုပ်နိုင်မှာဖြစ်သလို တိုခုတေးကျွမ်းကျင်အဖြစ်မလုပ်ခင်မှာလည်း ဘောင်ထဲကနေ ကျောင်းပြီးလက်မှတ်ရှိနေတဲ့အတွက် ခဆုဒိုးဗီဇာနဲ့ ကာလကို ဆွဲဆန့်ပြီး ရသမျှဂျပန်သက်တမ်းကို ဆွဲဆန့်နိုင်မှာဖြစ်ပါတယ်။
.
ပညာသင် ၂ နှစ် ၆ လ >>>ကျောင်းပြီးလက်မှတ်ရ >>> ခဆုဒိုးလျောက် (အများဆုံး ၅ နှစ်အထိရနိုင်) >>> အဲဒီကာလမှာ
စာမေးပွဲတွေ အလုပ်လုပ်ရင်းဝင်ဝင်ဖြေနေ
>>> အောင်သွားပြီဆိုရင်
သက်ကြီးရွယ်အိုလေ့ကျင့် ပြုစုစောင့်ရှောက်ရေးပညာရှင် အနေနဲ့လုပ်ငန်းခွင်ဝင်မယ်
(သို့) ခဆုဒိုးသက်တမ်းကုန်ခါနီးအထိ အဲဒီ ပညာရှင်လက်မှတ် အတွက် မအောင်သေးရင်တော့
တိုခုတေး ကျွမ်းကျင် အဆင့် ၁ အနေနဲ့ ၅ နှစ်တာဝင်လုပ်ပြီး
ငါးမရရေချိုးပြန်မယ်ဆိုတဲ့ လမ်းကြောင်းအသစ်လေးတွေ ဒီလိုဒီလိုတွေပါ။
.
ဘယ်လိုလူတွေက အံကိုက်ဘောင်ဝင်ပါမလဲ။
စာလိုက်နိုင်တဲ့သူဖြစ်ရပါမယ်။ဒီမှာပြထားတဲ့လမ်းကြောင်းအတိုင်းသွားနိုင်လုပ်နိုင်မယ့်သူဖြစ်ရပါမယ်။ဂျပန်ရောက်ရင်ပြီးရောဆိုတဲ့သူနဲ့အံကိုက်မှာမဟုတ်ပါ။အာဝါဒါးတွေမလာပါနဲ့။ ဂျပန်ဖက်က ပညာတော်သင် စပွန်ဆာ ၁၀၀ ရာခိုင်နှုန်းပေးမှာမို့လို့ (ပြန်ပေးစရာမလိုတဲ့စပွန်ဆာပညာတော်သင်စရိတ်)ဂျပန်ဖက်ကထုတ်ပေးမှာမို့လို့ ဂျပန်ရောက်မှ ပြေးမယ်၊ပြောင်းမယ်အတွေးရှိတဲ့သူတွေနဲ့ ဘယ်လိုမှ မဖြစ်နိုင်ပါ။မျက်နှာပျက်စရာတွေအများကြီးရှိနိုင်ပါမယ်။ဒီဖက်က အသေအချာရွေးချယ်ပြီးလွှတ်မှာဖြစ်တဲ့အတွက် ရွှီရှောင်သမားတွေအတွက်နေရာရှိမည်မဟုတ်ပါ။ပညာသင် ၂ နှစ် ၆ လ အတွင်းမှာ သင်စရာတွေ အားစိုက်သင်နေရမှာဖြစ်တဲ့အတွက်အလုပ်လုပ်ငွေပို့ဆိုတာ အဲဒီကာလအတွင်းမှာဖြစ်နိုင်မှာမဟုတ်ပါ၊တကယ်တတ်အောင်အားစိုက်သင်ရမှာဖြစ်သလို၊အချိန်ပိုင်း အလုပ်လောက်ဘဲပညာသင်ချိန်မှာတစ်ပတ် ၂၈ နာရီ လုပ်နိုင်မှာဖြစ်တဲ့အတွက် ကျောင်းဖွင့်နေတဲ့ ၉ လတာကတော့ ငွေစုနိုင်မှာပို့နိုင်မှာမဟုတ်ပါ။ကျောင်းပိတ်ထားတဲ့ ၃ လတာမှာတော့ အချိန်ပြည့်လုပ်နိုင်မှာလုပ်ခွင့်ရှိမှာဖြစ်တဲ့အတွက် အဲဒီ ကျောင်းပိတ်ကာလ ၃ လတာမှာတော့ ဝင်ငွေများနိုင်ပါမယ်။အလုပ်နဲ့ပတ်သက်ပြီးအချိန်ပိုင်းဘဲဖြစ်ဖြစ်၊အချိန်ရှည်ဘဲဖြစ်ဖြစ် စပွန်ဆာပေးခဲ့တဲ့နေရာမှာလုပ်ပေးရမှာဖြစ်ပြီးအခြားမှာ သွားလုပ်၍ရမည်မဟုတ်ပါ။
ငွေကြေးပြေလည်တဲ့မိသားစုမှ ဆင်းသက်လာသူဖြစ်ရပါမယ်။(၂ နှစ် ၆ လ ပညာသင်ရမှာဖြစ်တဲ့အတွက် ငွေရှာ၊ငွေစု ထိုကာလမှာ တတ်နိုင်မှာမဟုတ်သောကြောင့်ဖြစ်ပါတယ်)
အနည်းဆုံး N-4 လက်မှတ်ကိုင်ထားသူဖြစ်ရပါမယ်။ပိုမြင့်တဲ့လက်မှတ်ကိုင်ထားလေလေ အရွေးခံရဖို့ရာခိုင်နှုန်း များလေလေဖြစ်ပါမယ်။ဂျပန်မှာသင်ယူရမှုတွေအတွက် သက်တောင့်သက်သာဖြစ်ပါလိမ့်မည်။
ပညာတော်သင် ဖြစ်တဲ့အတွက် အထက်တန်းအောင်မြင်ထားသူဖြစ်ရပါမယ်။
COE မလျောက်ဖူးသူဖြစ်ရပါမယ်။အသက် ၃၅ လောက်အထိ ပါ။
အထက်ပါအချက်တွေနဲ့ ဘောင်ဝင်အံကိုက်သူတွေလျောက်ထားနိုင်ပါမယ်။ဂျပန်ဖက်လုပ်ငန်းရှင် စပွန်ဆာပေးကြေးငွေဆုံးရှုံးမျက်နှာမပျက်ရအောင် အာမခံပေးရတဲ့အနေအထားတွေရှိမှာဖြစ်တဲ့ အတွက် “အနှိုင်းမဲ့မေတ္တာ” နဲ့ သီးခြား ညှိနှိုင်းလုပ်ကိုင်ရမှာတွေရှိပါမယ်။ဒီကဏ္ဌကိုတော့ လျောက်ထားတဲ့သူတွေထဲမှသာလက်ခံတွေ့ဆုံပြောဆိုပေးမှာဖြစ်ပါတယ်။
.
စိတ်ဝင်စားလျင်ဖြင့် To apply Japanese Kaigo Fukushi-shi Scholar 0156 လျောက်ထားရန်ဆိုပြီး CV ပေးပို့လျောက်ထားရမှာဖြစ်ပါတယ်။စာရင်းလည်းသွင်းရမှာဖြစ်ပါတယ်နော်။
.
"ခိုင်မာသေချာတဲ့ လမ်းကြောင်းမှသာ ဂျပန်ကို ရောက်စေမည်"
.
ယုံကြည်စိတ်ချစွာနဲ့ စုံစမ်းမေးမြန်းတိုင်ပင်နိုင်ပါတယ်။
.
အသေးစိတ်ကို 09-250143462 (Viber) ကနေ စုံစမ်းမေးမြန်းနိုင်ပါတယ်။
.
ဒေါ် ခင်-စန္ဒာ၀င်း
အနှိုင်းမဲ့မေတ္တာ-ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု (Consultant)
သီးသန့်ကိုယ်စားလှယ်၀န်ဆောင်မှု
တောင်ဒဂုံ (Tosta Housing)
ရန်ကုန်မြို့။
ဖုန်း- 09-255557022, 09-770844556, 09-250143462, 09-255332027, 09-421193580
e-mail- mugenji10905@gmail.com
မှတ်ပုံတင်စာရင်းသွင်းရန် လင့်ခ်
https://docs.google.com/forms/d/1G84CQM3Jg1WSt_bjPR0QBrEAkBY7JvBCGEvuaEZ85gc/edit?fbclid=IwAR1YFfuzPa9DW77p4ia4E02dgS4RxSEVsPdKGVh5XXOsE5ZzOZ0ersgAbvc
No comments:
Post a Comment