Job Title 0164 (Overseas-Japan)
CAD/CAM Operator
.
ကုမ္ပဏီကတော့ Semi-Conductor
စက်ခုံနှင့် အစိတ်အပိုင်းများ၊ဆောက်လုပ်ရေးဗိသုကာဆိုင်ရာ သတ္ထု
ပစ္စည်းများ၊သံသတ္ထုပြားများအား အနုစိတ် ပြုလုပ်ခြင်းနှင့် စက်တို့ဖြင့်ပြုပြင်လုပ်ဆောင်ခြင်း၊အမျိုးမျိုးသော
ဆေးဖက်ဆိုင်ရာစက်ပစ္စည်းအစိတ်အပိုင်းများ၊စားသောက်ကုန်ထုတ်လုပ်စက်ပစ္စည်းများ
ဖန်တီးပြုလုပ်ခြင်းစသည်တို့ပြုလုပ်သည့် ကုမ္ပဏီဖြစ်ပါသည်။
ယခု ခေါ်ယူအလုပ်အတွက် ပုံဆွဲခြင်းနှင့် ပရိုဂရမ် ပြုလုပ်ခြင်းတို့လုပ်ဆောင်
ပေးရမှာဖြစ်ပါသည်။
ပုံဆွဲခြင်းအတွက် CAD/CAM အသုံးပြု
လုပ်ဆောင်ရပါမယ်။စက်များအသုံးပြုလုပ်ဆောင်နိုင်ရန် ပရိုဂရမ်နှင့်
လုပ်ဆောင်ပေးရပါမည်။
အင်တာဗျုးဝင်စဥ်မှာ ဂျပန်စာ N-3 သင်နေဆဲ (သို့) N-3 လက်မှတ် ကိုင်ထားသူ ဖြစ်ရန်လိုပြီး ဂျပန်ဝင်ရောက် စဥ်မှာ N-2 အဆင့်
ရှိနေရမှာဖြစ်လို့
လိုအပ်ရင် ဂျပန် ကုမ္ပဏီစရိတ်နဲ့ ဆက်သင်သွားပေးရမှာဖြစ်ပါတယ်။
လူသစ်တန်း အဆင့် ခေါ်ယူတာဖြစ်လို့ ရောက်တာနဲ့ အလုပ် ကို ဝုန်းဒိုင်း တာဝန်ချထားပေးမှာမဟုတ်ပါ။သင်ပြတွဲခေါ်ပေးမည့်
စီနီယာများရှိမှာဖြစ်ပြီး သင်ယူရင်းနဲ့လုပ်ကိုင်သွားရမှာဖြစ်ပါတယ်။နယ်ဖက် အလုပ်ဖြစ်ပါ၍
အလုပ်ဗီဇာဖြင့် ကာလ ရှည်ကြာ ခန့်ထားလိုကြသည်ဖြစ်ပြီး ကုမ္ပဏီသဘောထားကိုနားလည်သည့်အလျောက်
မိမိဖက်မှလည်းလိုက်လျောညီထွေ အရည်အခြင်းတို့ပြည့်စုံလာအောင် ကြိုးစားသွားရင်း လုပ်သက်ရင့်
ပရို တစ်ယောက်ဖြစ်လာဖို့ အားထုတ်ရမည်ဖြစ်ပါသည်။
.
ရုံးချုပ်တည်ရာ ဂျပန်-အိုအိတဒေသ-ဆိုင်းခိ မြို့ရဲ့ စက်ရုံ
မှာတာဝန်ကျလုပ်ကိုင်ရပါမယ်။
အသက် - 22 နှစ် မှ
35 နှစ်အတွင်း၊
အမျိုးသမီး 2 ဦး
ဘွဲ့တစ်ခုခု ရထားသူ (သို့)
(B.Tech/B.E/M.E ဘွဲ့ရများထဲမှ MP/Mechatronics) ဆိုလျင် ပိုအဆင်ပြေပါမည်။
အခြားအရည်အခြင်း- Auto CAD (သို့) CAM အသုံးပြုနိုင်သူ
.
လစာ - ယန်း 180,000~
အစမ်းခန့် ကာလ-လေ့လာသင်ယူကာလ 3 လ (လစာတူ) ရှိမှာဖြစ်ပါတယ်။
တစ်နေ့ အလုပ်ချိန် 8 နာရီ နဲ့ ကြားနားချိန် 70 မိနစ် ရှိပါမယ်။
အချိန်ပိုလည်း တစ်လမှာ ပျှမ်းမျှ 20 နာရီ
ခန့်ရှိမှာဖြစ်ပါတယ်။
တစ်ပတ်လျင် 2 ရက်နားစနစ်ဖြစ်ပြီး
အိုဘွန်ပွဲတော်ပိတ်ရက်၊နှစ်သစ်ကူးပိတ်ရက်တို့ရှိမှာဖြစ်ပါတယ်။
သည့်အပြင် ခံစားခွင့်ရှိ ခွင့်ရက် တို့ ရနိုင်ဦးမှာဖြစ်ပါတယ်။
နေဖို့ အတွက် အဆောင် စီစဥ်ပေးမှာဖြစ်ပါတယ်။
အလုပ်သွားလာစရိတ်ခံစားခွင့်နှင့်
အခြားခံစားခွင့်တွေလည်းရှိမှာဖြစ်ပါတယ်။
လစာတိုးစနစ်လည်းရှိပါတယ်။
ဆုကြေးငွေ
တစ်နှစ်မှာ 2 ကြိမ် ရနိုင်ပါမယ်(ဇူလိုင် နဲ့
ဒီဇင်ဘာ တို့မှာ ယန်း ၁၀ သောင်း နှင့် အထက် ရနိုင်ပါလိမ့်မယ်)(လုပ်သက်ရင့် ပရို ဖြစ်ပြီဆိုရင် ယန်း ၈၀၀,၀၀၀ လောက် အထိ ဆုကြေးငွေ ရနိုင်ပါမယ်)
ဖြတ်တောက် အခွန် အခကတော့ ဂျပန်ဥပဒေနဲ့ အညီ ဖြစ်ပါမယ်။
ဂျပန်စာ လိုအပ်ချက် ပြည့်စုံနေပြီးသူဆိုပါက ကာလအားဖြင့် အမြန်ဆုံး 3 လ မှ 5 လ ခန့်တွင် ဂျပန် လုပ်ငန်းခွင်
ဝင်ရောက်နိုင်ပါမည်။
(3 လ ဆိုတာ ဖြစ်နိုင်မဖြစ်နိုင် လုပ်ပေးနေတဲ့လုပ်ငန်းစဥ် အနေနဲ့
မြင်နိုင်အောင်ပြောပြပေးပါမယ်။ COE ကျလာပြီး ၃ ပတ် အတွင်းစမတ်ကဒ်ကိစ္စပြီးစီးကာ
မြန်မာမှ ထွက်နိုင်ပါတယ်။ COE လျောက်ထားမှုက ပျှမ်းမျအားဖြင့်
ဂျပန်ဖက်မှာ တစ်လခွဲလောက်ဘဲကြာပါတယ်(မြန်ရင်
1 လလောက်ပါ)။အဲဒီတော့ တွက်ချက်ကြည့်ပါ။ မြန်မြန် သွက်သွက်
လုပ်နိုင်ရင် 3 လ တောင် အချိန်မလိုပါဘူး။ကာယကံရှင်တွေနဲ့ဆိုင်တဲ့
အချက်အလက်လိုအပ်ချက်တွေ ရှိနေမှသာ အဲဒီထက် ပိုပြီး အချိန်ကြာမှာဖြစ်ပါတယ်။)
.
အင်တာဗျူး >>>>> မတ်လ အတွင်း
သင်တန်းကြေး၊လေယာဥ်လက်မှတ်ခ .... မရှိပါ။(ဂျပန်ကုမ္ပဏီဖက်မှ
ကျခံပေးပါမည်)
.
စိတ်ဝင်စားလျောက်ထားလိုပါက.......
To apply Job Title 0164....ဟုရေးသား၍အောက်ဖေါ်ပြပါ မေးလ်လိပ်စာသို့ပေးပို့လျောက်ထားနိုင်ပါသည်။
.
mugenji10905@gmail.com ⬅️⬅️⬅️
.
CV အား မေးလ်မှပေးပို့ပြီးလျင် ဒုတိယအနေဖြင့်စာရင်းပေးသွင်းရန်မှာ........အောက်ပါလင့်ခ့်အားဝင်ရောက်ပါ။
.
https://docs.google.com/forms/d/1G84CQM3Jg1WSt_bjPR0QBrEAkBY7JvBCGEvuaEZ85gc/edit?fbclid=IwAR1YFfuzPa9DW77p4ia4E02dgS4RxSEVsPdKGVh5XXOsE5ZzOZ0ersgAbvc
.
ဒေါ် ခင်-စန္ဒာ၀င်း
အနှိုင်းမဲ့မေတ္တာ-ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု (Consultant)
သီးသန့်ကိုယ်စားလှယ်၀န်ဆောင်မှု
တောင်ဒဂုံ (Tosta Housing)
ရန်ကုန်မြို့။
ဖုန်း- 09-255557022, 09-770844556, 09-250143462, 09-255332027, 09-421193580
e-mail- mugenji10905@gmail.com
No comments:
Post a Comment