
"အနှိုင်းမဲ့မေတ္တာ" က ဂျာမနီ ဖက်ကို ခြေဦးလှည့်လိုသူတွေအတွက် Ausbildung Program ချိတ်ဆက်လျောက်ထားပေးနေသလို ဂျပန်ဖက်ခြမ်းကိုလည်း အင်ဂျင်နီယာဘွဲ့ရလေးတွေ အလုပ်ဗီဇာနဲ့ သွားရောက်နိုင်ဖို့အရေးတက်တက်ကြွကြွ ချိတ်ဆက်လုပ်ဆောင်ပေးလျက်ရှိပါတယ်။🥰🥰🥰
ဒီနေ့မှာဆိုရင်လည်း Japan - Hiroshima ဖက်ကို သွားမယ့် အင်ဂျင်နီယာဘွဲ့ရ သမီးငယ်တစ်ဦးနဲ့ Japan - Fukuoka ဖက်ကို သွားမယ့် အင်ဂျင်နီယာဘွဲ့ရ သမီးငယ် ၅ ဦး (စုစုပေါင်း ၆ ဦး) ကို လေဆိပ်ထွက်ခွာမှု အပိုင်း လိုက်လံပို့ဆောင်ပေးရင်းနဲ့ အသေအချာ ဂရုတစိုက် လုပ်ဆောင်ပေးခဲ့ပါတယ်။ဂျပန်ဖက်မှာလည်း လာရောက်ကြိုမယ့်သူတွေနဲ့ မလွဲချော်ရအောင် စနစ်တကျလုပ်ဆောင်ပေးထားပြီး သတ်မှတ်လုပ်ငန်းခွင် အဆင်ပြေစွာရောက်ရှိနိုင်ရေး စီမံပေးနိုင်ခဲ့ပါတယ်။🥰🥰🥰
ပညာတတ်လူငယ်လေးတွေ ပြည်ပ ကို ထွက်ကုန်တာဟာ ဦးနှောက်ယိုစီးမှုမဟုတ်ပါ။တစ်ချိန်ကျရင် အတွေ့အကြုံတွေ၊ပညာတွေ ဆည်းပူးပြီး မိခင်နိုင်ငံကို ပြန်လာဖို့ရှိမယ့် လူ့စွမ်းအားအရင်းအမြစ်တွေပါ။
သက်ဆိုင်ရာ တာဝန်ရှိသူတွေက အဲဒီလို အဖိုးတန်ပညာတတ်တွေကို ပြည်ပ ကနေနိုင်ငံတော်တည်ဆောက်ရေးအတွက် သင့်လျော်တဲ့အချိန်တစ်ခု မှာပြန်လာချင်အောင် အနေအထားတွေ ဖန်တီးလုပ်ဆောင် ပေးရမှာပါ။အမျှော် အမြင် ရှိစွာ လုပ်ဆောင်ပေးလိမ့်မယ်လို့ မျှော် လင့်ထားပါတယ်။😍😍😍
သမီးတို့လည်း မိမိအတွက် ကြိုးစား၊မိသားစုအတွက်ကြိုးစားရင်း တစ်ချိန်မှာ နိုင်ငံတော် အတွက်ပါ အကျိုးရှိစေမယ့် ပညာရှင်ကြီးတွေဖြစ်လာပါစေကြောင်း "အနှိုင်းမဲ့မေတ္တာ" မှ ဆုတောင်းပေးလိုက်ပါတယ်နော် 🥰🥰🥰
.
အနှိင်းမဲ့မေတ္တာ
ပြည်ပရွှေ့ပြောင်း(Consultant)
Viber 09250143462 (or) +959250143462
Phone 09255557022
No comments:
Post a Comment