Germany Dream ရှိသူတွေအတွက် "အနှိုင်းမဲ့မေတ္တာ" မှ သင့်လျော်တဲ့ ချိတ်ဆက်ဝန်ဆောင်မှုကို Ausbildung Program အတွက် စတင်လုပ်ဆောင်ပေးပါမယ်။
သိကြတဲ့ အတိုင်း ဥရောပ ဂျာမနီဆိုတာ စက်မှု ထိပ်သီးနိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်ပြီး စီးပွားရေးမှာလည်း ကောင်းမွန်တဲ့ တိုင်းပြည်ဖြစ်ပါတယ်။လူမှုဖူလုံရေးစနစ်တွေအားကောင်းပြီး၊အလုပ်နဲ့ဘဝနေထိုင်မှု အချိုးအစားမျှတစွာ ရှိနေနိုင်တဲ့ စည်းမျဥ်းစည်းကမ်းကို အထူးလိုက်နာတဲ့ ဒေသခံတွေရှိတဲ့ နိုင်ငံပါ။
အလုပ်လုပ်စဥ်မှာ မဆိုင်တာ မပြောဆိုကြဘဲ အာရုံစူးစိုက်ကြပြီး၊အလုပ်ချိန်ပြီးလို့ ကိုယ်ပိုင်အချိန်ရောက်ပြီဆိုရင် ဝင်လာတဲ့ အလုပ်ဖုန်းကိုလည်းမကိုင်တတ်တဲ့ အလုပ်နဲ့ ကိုယ်ရေးကိုယ်တာ ကို တစ်ကန့်စီ သီးခြားထားတတ်တဲ့ စရိုက်ဓလေ့ ရှိကြပါတယ်။စကားပြောဆိုရာမှာလည်းသွယ်ဝိုက်အားနာမဝံ့မရဲ ပြောတာမျိုးမရှိကြဘဲ၊ဒုတ်ထိုးအိုးပေါက် ဒဲ့ကြီးဘဲ ပြောထုတ်တတ်တဲ့ သူတွေက အများစုပါ။စည်းမျဥ်းစည်းကမ်းတွေ ချမှတ်ထားရင်လည်း အထူးလိုက်နာတတ်ကြသလို မလိုက်နာတဲ့သူတွေကိုလည်း မကြည်ဖြူကြပါ။အာရှတိုက်ရဲ့ ဓလေ့ စရိုက်ကနေကြည့်ရင်တော့ ထူးခြားနေမှာပါ။
ဒုတိယကမ္ဘာစစ်မှာ စစ်ရှုံးခဲ့တော့ အဲဒီနောက်ပိုင်း စီးပွားရေးမှာဘဲ စူးစိုက်ပြီးနေလာခဲ့တော့ အခြားဥရောပ နိုင်ငံတွေနဲ့ ယှဥ်ရင် စီးပွားရေးအထူးကောင်းမွန်ပါတယ်။အလုပ်အကိုင်တွေပေါပါတယ်။လစာတွေကောင်းပါတယ်။လူမှုဖူလုံရေးစနစ်တွေလည်း ကောင်းမွန်တော့ ဂျာမနီနိုင်ငံထဲမှာ ငတ်ပြတ်နေတဲ့ သူမရှိသလောက်ပါ။လူမှုဖူလုံရေးစနစ်နဲ့ ကာကွယ်စောင့်ရှောက်ပေးထားခြင်းခံရပါတယ်။အဲဒီတော့ ပြောရမယ်ဆိုရင် ဂျာမနီဆိုတာ လောကနိဗ္ဗာန် ဘုံ အလားပါ။နေထိုင်အခြေချစရာ အလွန်ကောင်းလှပါတယ်။
အဲဒီလို နိုင်ငံကို သွားဖို့ ဆိုရင် အခြေချဖို့ဆိုရင် သတ်မျတ်ချက်တွေနဲ့ ပြည့်မှီတဲ့ သူတွေကိုသာ လက်ခံပါတယ်။
ထိုင်း၊မလေးရှားတို့လို ဘယ်သူမဆို လှုပ်ရှားလုပ်ကိုင်နိုင်သူဆိုရင် "လာထား" ဆိုတာမျိုးမဟုတ်ပါ။
အခုချိန်မှာ ဂျာမနီက သူ့နိုင်ငံ ကို ကဏ္ဍ အသီးသီးမှာ ချောမွေ့စွာ လည်ပတ်နိုင်ဖို့အတွက် တိုင်းပြည်ကို ဖွင့်ပြီး နိုင်ငံတကာက စံမှီတဲ့ ကျွမ်းကျင် အလုပ်သမားတွေကို လက်ခံနေချိန်ဖြစ်ပါတယ်။ဒါတင်မကသေးဘဲ စံနှုန်းမမှီသေးတဲ့ ကျွမ်းကျင်အနေအထားမရောက်သေးတဲ့သူတွေကိုလည်း အသက်မွေးဝမ်းကျောင်းမှုသင်တန်း တက်ရောက်စေပြီး အောင်မြင်လက်မှတ်ရရှိသွားသူဆိုရင် ဆက်လက်ပြီး ကျွမ်းကျင်အနေနဲ့ ဆက်လုပ်သွားနိုင်စေမယ့် အစီအစဥ်တွေလည်းလုပ်ကိုင်ဆောင်ရွက်လျက်ရှိပါတယ်။
အဲဒါကတော့ အပေါ်မှာပြောခဲ့တဲ့ Ausbildung Program လို့ခေါ်တဲ့ အသက်မွေးဝမ်းကျောင်းမှု လေ့ကျင့်ရေးသင်တန်းအစီအစဥ်ဖြစ်ပါတယ်။အခုချိန်မှာ ဂျာမနီကို သွားရအလွယ်ဆုံး အနေအထားတစ်ခုဖြစ်ပါတယ်။အမျိုးအစားပေါင်း ၃၀၀ ကျော်ရှိပါတယ်။စိတ်ကြိုက်ရွေးလို့ရပါတယ်။
ဘဝတစ်သက်တာမှာ ဘာအလုပ်အမျိုးအစားနဲ့ ရေရှည်အသက်မွေးချင်လဲ.....ကျွမ်းကျင်အောင် စာတွေ့လက်တွေ့သင်ပေးမယ်ဆိုတဲ့သင်တန်းပါ။သင်တန်းဆိုပေမယ့် လက်တွေ့လည်း လုပ်ငန်းခွင်မှာလုပ်ကိုင်ရလို့ ဝင်ငွေရပါတယ်။လောက်ငှပါတယ်။အဲဒီတော့ ဒီဟာလေးကို ကျော်ဖြတ်နိုင်ခဲ့ရင် လောကနိဗ္ဗာန် နဲ့တူတဲ့ ဂျာမနီမှာ နေသွားအခြေချသွားဖို့ လမ်းပွင့်လာတော့မှာဆိုတော့ ဒီက လူအများ ရဲ့ German Dreamဖြစ်လာတာ မဆန်းဘူးလို့ပြောနိုင်မှာပါ။
အထက်တန်းအောင်အဆင့်+ဂျာမန်ဘာသာစကား B1 (or) B2 (or) B,A German ဘွဲ့လက်မှတ်ရှိထားရင်၊ရောဂါဘယ ကင်းစင်ရင် လျောက်ထားဖို့ဘောင်ဝင်နေပြီဖြစ်ပါတယ်။ အဓိက အခက်အခဲက ဂျာမန်စာ လက်မှတ်ရဖို့ဖြစ်ပါတယ်။အဲဒါတွေရှိနေပြီဆိုရင် "အနှိုင်းမဲ့မေတ္တာ" အနေနဲ့ ကူညီလုပ်ဆောင်ပေးလို့ရသွားပါပြီ။
ငွေကြေးတတ်နိုင်သူတွေကတော့ အဆင်သင့် One Stop Service နဲ့ ငွေခင်းပြီးလွယ်လွယ် ရောက်သွားနိုင်ပေမယ့် ငွေကြေးမပြည့်စုံသူတွေ က အများကြီး ရှိနေပါသေးတယ်။အဲဒီလို လိုအပ်ချက်ရှိနေတဲ့သူတွေကို ရည်ရွယ်ချက်အထမြောက်ဖို့ ဖြစ်မြောက်သွားအောင်လုပ်ပေးဖို့ ရည်ရွယ်တာဖြစ်ပါတယ်။ကုန်ကျစရိတ် မများစေရဘူး၊တရားဝင်အမှန်အကန်ဖြစ်ရမယ်၊လုပ်ငန်းစဥ်တွေမှာ လုပ်ပုံလုပ်နည်းတွေ ညွှန်ပြပေးမယ်၊မိမိကိုယ်တိုင်ကတော့ပါဝင်လုပ်ဆောင်သွားတာတော့ရှိမယ်၊ဆိုတော့ ပိုမကောင်းဘူးလား။မိမိကိုယ်မိမိလည်း လုပ်နေကိုင်နေတာ ဟိုမသိ၊ဒီမသိမဟုတ်တော့ဘဲ ယုံကြည်မှုရှိလာစေပါမယ်။မိခင် ကုမ္ပဏီ က လုပ်ဆောင်ပေးနေတဲ့ One Stop Service မှာ မပါတဲ့ အမျိုးအစားတွေကို လုပ်ဆောင်ပေးမှာဖြစ်ပါတယ်။
Logistics အမျိုးအစားကို မိခင် ကုမ္ပဏီက လုပ်ဆောင်ပေးနေတဲ့အတွက် အဲဒီအမျိုးအစားကိုတော့ မလုပ်ဆောင်ပေးပါ။အမျိုးအစား ၃၀၀ ကျော်ထဲက အခြားစိတ်ကြိုက်အမျိုးအစားကို ကြိုးစားကြည့်ချင်တယ်ဆိုရင်တော့ဖြင့် အနှိုင်းမဲ့မေတ္တာက နွေးထွေးစွာ ကြိုဆိုလျက်ပါ။
.
အနှိုင်းမဲ့မေတ္တာ
ပြည်ပရွှေ့ပြောင်း(Consultant)
Viber 09250143462 (or) +959250143462
Phone 09255557022
mugenji10905@gmail.com
mugenji.blogspot.com
No comments:
Post a Comment