"အနှိုင်းမဲ့မေတ္တာ" မှတစ်ဆင့် ဖြတ်၍ စိတ်ချရသောအေဂျင်စီတွင် စာရွက်စာတမ်းကိစ္စများလုပ်ဆောင်ပြီး ၂၀၂၂ စက်တင်ဘာ ၃၀ ရက်နေ့တွင် မြန်မာနိုင်ငံမှ ဂျပန်နိုင်ငံသို့ ၃ နှစ်တာ သွားရောက်လုပ်ကိုင်မည့် သမီးချော ယုဇနဝင်း အနေနဲ့ ဘဝရည်မှန်းချက်တို့ အောင်မြင်နိုင်ပါစေကြောင်း ဆန္ဒမွန်ပြုအပ်ပါတယ်။
အေဂျင်စီအနေနဲ့ ၃ နှစ်တာ လုပ်ဆောင်ပေးခဲ့မှုအပေါ် ထိုကာလပြီးပြည့်အောင် ကြိုးစားလုပ်ကိုင်သွားရင်းနှင့် ရှေ့ဆက်ပြီး ဂျပန်တွင် ဆက်လက်နေထိုင်လုပ်ကိုင်သွားလိုပါက ထို ၃ နှစ်တာအလုပ်လုပ်နေစဥ်အတွင်း အလုပ်နယ်ပယ်
၁၄ မျိုးရှိသော ကျွမ်းကျင်တိုကုတေးအဆင့်အောင်လက်မှတ်တွေရအောင် စာမေးပွဲတွေလေ့လာဖြေဆိုသွားရမှာဖြစ်ပါတယ်။
၃ နှစ်(၂နှစ် ၁၀ လ)အလုပ်သင်အဆင့် ပြီးပြည့်၍ ပြီးဆုံးကြောင်းလက်မှတ်များရပြီဆိုပါက လက်ရှိအလုပ်တွင် ဆက်လုပ်လိုပါကသက်တမ်းတိုး ဆက်လုပ်နိုင်မည်ဖြစ်ပြီး အခြားအလုပ်အမျိုးအစား ကျွမ်းကျင်တိုကုတေးလက်မှတ်တစ်ခုခု ရထားပြီဆိုပါက ထိုအလုပ်မျိုးရှာ၍ တရားဝင် အလုပ်ပြောင်းနိုင်ရန် တိုခုတေးခဆုဒိုး အဆင့်ကူးပြောင်းပြီး လုပ်သွားကိုင်သွားနိုင်မှာဖြစ်ပါတယ်။
ယေဘူယျအနေဖြင့် အလုပ်သင် ၃ နှစ်(၂ နှစ် ၁၀ လ)လုပ်ကိုင်ပြီး ပြီးဆုံးကြောင်း လက်မှတ် ရှိနေရန်နှင့် ကျွမ်းကျင်တိုကုတေး အောင်လက်မှတ်ရှိနေပြီဆိုလျင် လမ်းကြောင်းဖြူးသွားပြီပြောနိုင်ပြီဖြစ်ပါသည်။
အခွင့်အရေးကို တစ်ဆင့်ခြင်းဖန်တီးကြိုးစားသွားပေးပါ၊မလောပါနှင့် လို့ သမီး ယုဇနဝင်းကို အကြံပေးလိုက်ပါတယ်နော်။
.
ရေရှည်အောင်မြင်မှုလမ်းကြောင်းပေါ်မှာလျောက်လှမ်းနိုင်ပါစေ။
.
ဒေါ် ခင်-စန္ဒာ၀င်း
.
အနှိုင်းမဲ့မေတ္တာ-ဂျပန်အလုပ်အကိုင်ဝန်ဆောင်မှု(Consultant)
.
ဂျပန်စာ၊စကား-သီးသန့်ကိုယ်စားလှယ်၀န်ဆောင်မှု
တောင်ဥက္ကလာပ/ရန်ကင်း/ဒဂုံဆိပ်ကမ်း
ရန်ကုန်မြို့။
.
ဖုန်း- 09-672585041, 09-770844556, 09-250143462, 09-255332027, 09-421193580
E-mail- mugenji10905@gmail.com
No comments:
Post a Comment