မြန်မာယာဥ်မောင်းလိုင်စင်ကနေဂျပန်ယာဥ်မောင်းလိုင်စင်ရအောင် ဘယ်လိုလုပ်ဆောင်ရမလဲ။
.
အနှစ်ချုပ် အောက်ပါအဆင့်တွေ ရှိနိုင်ပါမယ်။
.
၁။ မြန်မာကားမောင်းလိုင်စင်ရှိထားမယ်။ ထုတ်ပေးနှစ်မှ ၃ လ အထက် ကာလကျော်လွန်နေရပါမယ်(ဂျပန်မလာခင် ၃ လ မတိုင်မှီရထားရမယ်)။(ထုတ်ပေးခုနှစ်သာပါပြီးနေ့မပါ၍ဖြစ်သည်)
၂။ မြန်မာလိုင်စင်ကသက်တမ်းရှိနေရပါမယ်။
၃။ ဂျပန်လိုင်စင်ပြောင်းရန်နေထိုင်ရာဂျပန်ဒေသ၏ဆိုင်ရာ လိုင်စင်ရုံး(Unten Menkyou Shikenjou)မှာလဲရပါမယ်။
စာရွက်စာတမ်းအစုံ(မြန်မာလိုင်စင်/ယင်း၏ဘာသာပြန်၊မြန်မာလိုင်စင်ရုံးမှ Driving Record ထောက်ခံချက်)(လိုင်စင်ကို မြန်မာသံရုံးမှာဘာသာပြန်(သို့) JAF မှာဘာသာပြန်ရန်လို)(Yen 3500 ခန့်)(လူသွားလုပ် ၁နာရီခန့် /စာတိုက်မှလည်းပို့နိုင်-တစ်ပတ်ခန့်ကြာ၍ကြိုလုပ်ထားရန်လို)(လျောက်လွှာတွင်ကပ်ရန် ဓါတ်ပုံတစ်ပုံ)၊
PP စာအုပ်ရှိသမျှ၊ My Number ကဒ်၊ Juuminhyou (နေထိုင်ကြောင်းထောက်ခံချက်)အားရပ်ကွက်ရုံးမှယူထားရန်) နဲ့ စုံပြီဆိုရင် မနက်စောစောသွား၊စုံလားမစုံလားစစ်ခိုင်း၊လက်ခံလိုက်ပြီဆိုရင်အဲဒီနေ့မှာ Chishiki Kakunin Shiken ဗဟုသုတစာမေးပွဲရေးဖြေဖြေရမည်(ကြိုလေ့လာထားရန်လို)(Futsuu Menkyou ယာဥ်စည်းကမ်းလမ်းစည်းကမ်း စာအုပ်ရှိ)(အင်္ဂလိပ်/ဂျပန်စာနှင့်ရှိသည်)
(၁၀ ပုဒ်မှာ ၆ ပုဒ်လောက်မှန်ရင် အိုကေ)အောင်သွားရင် လက်တွေ့မောင်းပြဖြေခွင့်ရပါမယ်။အချိန်သတ်မှတ်ပေးပါလိမ့်မယ်။(လေ့ကျင့် ဦးမယ်နောက်မှဖြေမယ်ဆိုရင် အချိန်နေ့ရက်ညှိလို့ရပါတယ်။)
မောင်းကွင်း Course A,B,C မောင်းပြနိုင်ဖို့ လေ့ကျင့်ကွင်းမှာလျောက်ထားပြီး တစ်နာရီ ယန်း ၇၄၀၀ အထက်နဲ့ ဝင်ကြေးသွင်းလေ့ကျင့်ရပါလိမ့်မယ်။(လေ့ကျင့်မယ့်ရက် ရဖို့ ၂ ပတ် လောက်ခွာပြီးပေးတတ်ပါတယ်။)လေ့ကျင့်ပါ။
လက်တွေ့မောင်းဖြေပြရမယ့်နေ့မှာ ဘယ် Course မောင်းပြရမလဲ သတ်မှတ်ပေးပါလိမ့်မယ်။လျောက်လွှာကြေးနဲ့ကားအသုံးပြုခ ယန်း ၃၃၅၀ ခန့် သွင်းပြီးအဆင်ပြေပြေမောင်းပြနိုင်ခဲ့ရင်အောင်ပါမယ်။ကဒ်ထုတ်ခ ယန်း ၂၀၅၀ ခန့် သွင်းပြီးဓါတ်ပုံရိုက် ပြီးမကြာခင်ချက်ချင်းရပါမယ်။လိုက်နာရမယ့် စာရွက်တွေရပါမယ်။ဖတ်ရှုပြီး လိုက်လုပ်ပေးပါရန်။
.
မြန်မာကားမောင်းလိုင်စင်မှ ဂျပန်ကားမောင်းလိုင်စင်ပြောင်းနည်း
https://www.youtube.com/watch?v=DvWjuF_oczo
.
KAZU (အနှိုင်းမဲ့မေတ္တာ-ဂျပန်အလုပ်အကိုင်)
+959250143462 (Viber)
No comments:
Post a Comment