Saturday, October 8, 2022







🥰🥰🥰"အနှိုင်းမဲ့မေတ္တာ" မှ တစ်ဆင့် ချိတ်ဆက်လုပ်ဆောင်ပြီး ဂျပန်နိုင်ငံသို့ သွားရောက်လုပ်ကိုင်သည့် "ချစ်သမီး ခင်သူဇာချို" မှာ အလုပ်ခန့်ကာလပြည့် ၃ နှစ် (၂နှစ် ၁၀ လ) ပြီးပြည့်ကျော်လွန်အောင် လုပ်ဆောင်ပေးခဲ့သည့်အတွက် အထူးဝမ်းမြောက်ဂုဏ်ယူရပါသည်။🥰🥰🥰"အနှိုင်းမဲ့မေတ္တာ" နှင့်အကြားထားရှိခဲ့သည့် ဂတိဂဝတ်ကိစ္စ ကိစ္စများအားလည်း ပြီးပြတ်မရှိတော့ပြီဖြစ်ကြောင်း အသိပေးလိုပါသည်။(လူကြီးမိဘများကို စိတ်အေးရအောင် အသိပေးပေးပါသမီး)။🥰🥰🥰
အလုပ်သင်လုပ်သားအနေဖြင့် ပထမ အကြိမ် အနေဖြင့် အေဂျင်စီမှ ချုပ်ဆို ၃ နှစ် လုပ်ကိုင်ပြီးခဲ့ပြီဖြစ်သော်လည်း မိမိအနေဖြင့် ဂျပန်တွင်တရားဝင်လမ်းကြောင်းအပေါ်မှ ဆက်လက်လုပ်ကိုင်လိုသည့်ဆန္ဒရှိနေပါက အလျဥ်းသင့်သလို အခွင့်အရေးရှိနေသေးမည့် အလုပ်သင် အဆင့် ၃ (၂ နှစ်သက်တမ်းတိုးခြင်း)၊အထူးကျွမ်းကျင်တိုကုတေးဂီနိုး အဆင့် ၁ (၅ နှစ်တာ သက်တမ်းရှိ)တို့အား ကူးပြောင်းနိုင်ရန် သတ်မှတ်ထားသည့် စာရွက်စာတမ်းများ ပြည့်စုံအောင်ပြုလုပ်၍(အလုပ်အမျိုးအစားမတူလျင် သာမာန် တိုကုတေးခဆုဒိုး နေထိုင်ခွင့်ကြားညှပ်၍သက်ဆိုင်ရာအလုပ်အမျိုးအစားအရည်အခြင်းစစ်စာမေးပွဲများဖြေခြင်း၊အောင်လက်မှတ်များရယူခြင်းတို့ပြုလုပ်၍)အလုပ်ရှာအလုပ်ပြောင်းခြင်းများတရားဝင် လုပ်နိုင်ပြီဖြစ် ပါသည်။မိမိဆန္ဒအလျောက် လွတ်လပ်စွာဆုံးဖြတ်နိုင်ပြီဖြစ်ပြီး "အနှိုင်းမဲ့မေတ္တာ" အနေဖြင့် ကန့်ကွက်ရန်မရှိသလို၊လိုအပ်ပါက နိုင်ရာနေရာမှ ပန့်ပိုးပေးသွားမည်ဖြစ်ပါကြောင်း အကြောင်းကြားပြောပေးလိုပါသည်။
မြန်မာနိုင်ငံ၏လက်ရှိအခြေအနေမှာလည်းမြင်နေသိနေကြသည့်အတိုင်းအခြေအနေမှန်ကို သုံးသပ်ပြီးကာယကံရှင် မိမိ အကျိုးမယုတ်စေရန် လုပ်ဆောင်သွားဖို့ တိုက်တွန်းလိုပါသည်။အရေးကြီးသည်မှာ ဂျပန်နိုင်ငံတွင် ဂျပန်နိုင်ငံ၏ ဥပဒေလိုက်နာလျက် လုပ်ဆောင်သွားရန် ဂရုစိုက်ရပါမည်။ ဂျပန်နိုင်ငံသည် လူ့အခွင့်အရေး လေးစားသော နိုင်ငံဖြစ်ပြီး ဥပဒေဖောက်ဖျက်ကျူးလွန်သူမဟုတ်ပါက ကာယကံရှင် သဘောမတူသရွေ့အတင်းအကြပ် မိခင်နိုင်ငံသို့ ပြန်လွှတ်ခြင်း မပြုလုပ်ပါ။(ဤနေရာတွင်ပြောလိုသည်က နန်းမင်းတိုကုတေးလျောက်ရန်ပြောနေခြင်းမဟုတ်ပါ၊အခြားတိုကုတေးအမျိုးအစားလျောက်ထားပြီး မပြည့်စုံသေးသည့် စာရွက်စာတမ်းများကြိုးစားရယူခြင်း၊အလုပ်ပြောင်းရန်အလုပ်ရှာခြင်းတို့အတွက်အချိန်ရယူနိုင်စေရန်ပြောနေခြင်းသာဖြစ်ပါသည်။)(အလုပ်သင်ကာလပြည့်လုပ်ထားသူတို့ အဖို့ တိုကုတေးခဆုဒိုး အဆင့်ကြားညှပ်ပြီး အထူးကျွမ်းကျင် တိုကုတေးဂိနိုး အဆင့်ပြောင်းဖို့က အရမ်းအဆင်ပြေလွယ်ကူလှပါသည်။)
အကျိုးရှိရှိ တရားဝင်လမ်းကြောင်းပေါ်မှ လုပ်ဆောင်သွားရင်း ရေရှည် လုပ်ကိုင်သွားနိုင်ပါစေကြောင်း ချစ်သမီး ခင်သူဇာချို အား ဆန္ဒမွန်ပြုအပ်ပါသည်။သီတင်းကျွတ်လပြည့်နေ့မှာ မိဘများအားကန်တော့ရင်းနဲ့ အသိပေးလိုက်ပါဦးနော်။🥰🥰🥰
.
ရေရှည်အောင်မြင်မှုလမ်းကြောင်းပေါ်မှာလျောက်လှမ်းနိုင်ပါစေ။
.
ဒေါ် ခင်-စန္ဒာ၀င်း
.
အနှိုင်းမဲ့မေတ္တာ-ဂျပန်အလုပ်အကိုင်ဝန်ဆောင်မှု(Consultant)
.
ဂျပန်စာ၊စကား-သီးသန့်ကိုယ်စားလှယ်၀န်ဆောင်မှု
တောင်ဥက္ကလာပ/ရန်ကင်း/ဒဂုံဆိပ်ကမ်း
ရန်ကုန်မြို့။
.
ဖုန်း- 09-672585041, 09-770844556, 09-250143462, 09-255332027, 09-421193580
E-mail- mugenji10905@gmail.com

No comments:

Post a Comment

အနှိုင်းမဲ့မေတ္တာ မှ.....ခေါ်ယူပါမယ်။ . ဂျပန် ဘိုးဘွားပြုစု ခိုင်းဂေါ့ (ကျွမ်းကျင်တိုခုတေး)(အေဂျင်စီသင်တန်းဝင်ခွင့်) -မိန်းကလေးသီးသန့် ဖြစ်ရ...