ဂျပန်ကိုအလုပ်နဲ့ သွားနိင်ဖို့ရာ...........ဘယ်လိုတွေရှိမလဲ။





.
ဂျပန်ကို အလုပ်နဲ့သွားဖို့ အားထုတ်ကြတဲ့နေရာမှာ အလုပ်သင်၊ကျွမ်းကျင်၊အလုပ်ဗီဇာ စသည်ဖြင့် ရှိကြပါတယ်။
အလုပ်သင်နဲ့ ကျွမ်းကျင်အဆင့်တွေကတော့ အတန်းပညာရေးသိပ်မလိုပါ၊အလယ်တန်းအောင်ထားရင်လောက်ဆိုရင်ရပါပြီ။ဂျပန်စာက N-4လောက်နဲ့အဆင်ပြေပါတယ်။
ယေဘူယျကတော့ အသက် ၃၀ လောက်အထိပါ။ကျွမ်းကျင်ဆိုတာကတော့ အလုပ်သင်အဆင့်ပြီးရင် တစ်ဆင့်မြင့်တဲ့ အနေအထားပါ။
.
အလုပ်ဗီဇာကတော့ ပုံမှန်အားဖြင့် ဘွဲ့ရထားမှ ရနိုင်ပါမယ်။ဂျပန်စာအရည်အခြင်းအားဖြင့် N-3 အဆင့်လောက်ရှိထားမှ အဆင်ပြေနိုင်ပါမယ်။သူလည်းဘဲ ယေဘူယျအားဖြင့် အသက် ၃၀ လောက် အထိပါ။ အလုပ်အတွေ့အကြုံသိပ်ကောင်းတဲ့သူဆိုရင် အသက် ၃၅ လောက်အထိ အိုကေပါတယ်။
.
“အနှိုင်းမဲ့မေတ္တာ” ကနေ အလုပ်ဗီဇာနဲ့သွားလိုသူတွေအတွက်ကတော့ အင်တာဗျူးဝင်စဥ်မှာ ဂျပန်စာ မရသေးလည်း ပြဿနာမရှိပါ။
အင်တာဗျုးအောင်ပြီးနောက်အေဂျင်စီ က စာရွက်စာတမ်းတွေလုပ်ဖို့ ၆ လ လောက်ကြာတဲ့အနေအထားမှာ အဲဒီအတောအတွင်း ကုမ္ပဏီမှစရိတ်ကျခံမှုနဲ့ ဂျပန်စာ သင်ပေးပါတယ်။အိုကေလောက်ပြီဆိုရင်၊ အေဂျင်စီဖက်ကစာရွက်စာတမ်းတွေ ပြီးစီးပြီဆိုရင် ဂျပန်ဖက်ကို လွှတ်ပေးပါတယ်။တရားဝင်ဘောင်ထဲကပါဘဲ။





.
အရစ်ကျစနစ်နဲ့သွားလိုလျင်လည်း အဆင်ပြေအောင်လုပ်ဆောင်ပေးပါတယ်။ငွေကြေးအခက်အခဲရှိလို့ဂျပန်ကိုအလုပ်နဲ့မသွားနိုင်ဘူးမဖြစ်ရအောင်စီစဥ်ပေးထားပါတယ်။





.
ဂျပန်ကို အလုပ်ဗီဇာနဲ့ဆိုရင် သွားနိုင်မယ့် အမျိုးအစားတွေ အောက်ပါအတိုင်းအမျိုးမျိုးရှိနိုင်ပေမယ့်....
工学系エンジニア Engineering engineer
建築系エンジニア Architectural engineer
デザイナー designer
SE、プログラマー SE, programmer
営業 sale business
総務 admin
経理 accountant
広報宣伝 public relations
商品開発 product development
貿易 trading
通訳翻訳 Interpreter translator
語学教師 language teacher
“အနှိုင်းမဲ့မေတ္တာ” အနေနဲ့ အားသန်တာကတော့ 建築系エンジニア Architectural engineer, 工学系エンジニア Engineering engineer, プログラマー programmer, デザイナー designer အမျိုးအစားအလုပ်ခေါ်စာတွေ ဖက်မှာ အားသန်ပါတယ်။ကျန်တဲ့ ကဏ္ဌ တွေမှာတော့ ကြိုးစားဆဲပါ။
လက်တွဲလုပ်လိုတဲ့ သူများရှိရင်လည်း ကြိုဆိုလျက်ပါ။
ဖတ်ရှုသူတွေထဲက မိမိဖာသာအလုပ်ရှာကြည့်ချင်သူတွေရှိရင်လည်း မြန်မာပြည်ကနေ လှမ်းပြီး အလုပ်ရှာကြည့်နိုင်အောင် နိုင်ငံခြားသားတွေ အခေါ်များတဲ့ အလုပ်ရှာ Web Site တွေဖေါ်ပြပေးလိုက်ပါတယ်။ကြိုးစားကြည့်စေချင်ပါတယ်။
နိုင်ငံခြားသားတွေကို အလုပ်အခေါ်များတဲ့ Web site အချို့ပါ။မိမိရဲ့ ဂျပန်စာအနေအထားကျွမ်းကျင်မှုကို အားထားပြီး ကြိုးစားကြည့်ရပါလိမ့်မယ်။
外国人採用サイト一覧表
အကယ်၍ “အနှိုင်းမဲ့မေတ္တာ”ကို အားကိုးအားထားပြုချင်ရင်လည်း ယုံကြည်စိတ်ချစွာ အားကိုးအားထားပြုနိုင်ပါတယ်။
.
ဒေါ် ခင်-စန္ဒာ၀င်း
အနှိုင်းမဲ့မေတ္တာ-ဂျပန်အလုပ်အကိုင်ဝန်ဆောင်မှု (Consultant)
ဂျပန်စာ၊စကား-သီးသန့်ကိုယ်စားလှယ်၀န်ဆောင်မှု
တောင်ဥက္ကလာပ/ရန်ကင်း/ဒဂုံဆိပ်ကမ်း
ရန်ကုန်မြို့။
ဖုန်း- 09-255557022, 09-770844556, 09-250143462, 09-255332027, 09-421193580
e-mail- mugenji10905@gmail.com
website- mugenji.blogspot.com
No comments:
Post a Comment