Job Title 0145 (Overseas-Japan)
အဆောက်အဦးထိန်းသိမ်းရေးဆိုင်ရာစီမံကွပ်ကဲရေးပညာရှင်





.
မြန်မာပြည်မှာတော့ အလားတူအမျိုးအစားအလုပ်ကတော့ ရှိတော့ရှိမယ်၊ရှားမယ် ဆိုပြီးပြောလို့ရပါလိမ့်မယ်။
ဘာကြောင့်လည်းဆိုတော့ အခန်းတွေအများကြီးရှိတဲ့ လူနေအဆောက်အဦး ကြီးကြီးမားမား ကွန်ဒိုမီနီယံ ဆိုတာ နည်းသေးတာကြောင့်လို့ပြောလို့ရပါမယ်။





.
သိကြတဲ့အတိုင်း ဂျပန်မှာလူအများနေထိုင်ကြတဲ့အဆောက်အဦးတစ်ခုမှာဆိုရင် Life Line လို့ခေါ်တဲ့ ရေ၊မီး(လျှပ်စစ်)၊ဂက်စ်(လောင်စာ) ပေးဝေတဲ့စနစ်တွေ ရှိပါတယ်။အဲဒါအပြင် လုံခြုံရေးအတွက် CCTV စနစ်၊ မီးဘေးကာကွယ်ဖို့အတွက် မီးငြိမ်းမီးသတ်စနစ်၊အထပ်မြင့်တွေဆီသွားရောက်နိုင်ဖို့အတွက် ဓါတ်လှေကားစနစ်၊ လေဝင်လေထွက် ကောင်းမွန်ရန် လေခွဲဝေဖြန့်ဖြူးရေးစနစ်၊အမှိုက်စွန့်ပစ်စနစ်၊ရေဆိုးစွန့်ပစ်စနစ် စတဲ့စတဲ့ အခြေခံစနစ်တွေ ရှိကြပါတယ်။အဲဒီ စနစ်တွေကို စီမံကိုင်တွယ်ရမယ့် အလုပ်ပါ။
နေ့စဥ် လိုက်လံစစ်ဆေးမှ အစပြုပြီး တစ်ခုခု error တက်နေရင်ဖြစ်စေ၊အဲဒီအဆောက်အဦး တွင်နေထိုင်သူတို့ထံမှ စနစ်ဆိုင်ရာညီးညူမှုတွေရှိလာပြီဆိုရင် ပြေလည်အောင် ထိန်းသိမ်းစီမံလုပ်ဆောင်ပေးရပါမယ်။ပုံမှန်အားဖြင့် ဘယ်နေရာကိုဘယ်လို စစ်ရမယ်ဆိုတဲ့ စနစ်လက်စွဲစာအုပ်ဆိုတာ ရှိပြီးသားပါ။စစ်စရာရှိတာပုံမှန်စစ်၊ရလာတဲ့ ဒေတာကို Log Book ထဲမှာ အချက်အလက်တွေထည့်သွင်းရတဲ့ ဟာမျိုးပါ၊အရေးပေါ်အခြေအနေမျိုးကြုံလာရင်လည်း ဘယ်လို လုပ်ဆောင်ရမယ်၊ဘယ်ကိုဘယ်လိုအကြောင်းကြားရမယ်ဆိုတာလည်းပါပြီးသားပါ။ မိမိက တာဝန်ကျတဲ့ အဆောက်အဦးဆိုင်ရာစနစ်တွေကို ပုံမှန်လှည့်ပတ်စီစစ်စစ်ဆေးရင်း ထိန်းသိမ်းမှုလုပ်ဆောင်ပေးရမှာပါ။
.
ဒီလောက်ပြောပြလိုက်ရင်တော့ အလုပ်ရဲ့သဘောသဘာဝကိုနားလည်ပြီထင်ပါတယ်။





.
အလုပ်ဗီဇာနဲ့သွားရောက်လုပ်ကိုင်ရမှာဖြစ်တဲ့အတွက် ဘွဲ့အနေနဲ့ MP/EP/EC/Civil/Mechatronic တစ်ခုခုကို အနည်းဆုံး B.Tech လောက် ရထားတဲ့သူဆိုရင်လျောက်ထားနိုင်ပါတယ်။
ဒါမှမဟုတ် ပြည်ပမှာအလားတူအလုပ်မျိုးလုပ်ခဲ့ဖူးသူများလည်းလျောက်ထားနိုင်ပါတယ်။
.
တိုကျိုကိုအခြေစိုက်ပြီး အနီးတဝိုက်မှာရှိတဲ့ အဆောက်အဦးတွေကို ထိန်းသိမ်းကိုင်တွယ်ပေးရမှာပါ။
.
လစာအနေနဲ့ ယန်း ၂၀၀၀၀၀ လောက် ရနိုင်ပါမယ်။
.
လက်ရှိမှာမြန်မာတစ်ဦးလုပ်ကိုင်နေပြီး လစာယန်း ၂၃၀၀၀၀ ရရှိနေသူဖြစ်ပါတယ်။မိမိလည်းဘဲ လုပ်သက်ရလာတာနဲ့ မကြာခင်မှာ အဲဒီလောက်ရနိုင်ပါမယ်။ဆုကြေးငွေကတော့ လုပ်ငန်းအနေအထားပေါ်မှာမူတည်ပြီး အမျိုးမျိုးရှိနိုင်ပါမယ်။နေစရာအတွက်ကတော့ ကုမ္ပဏီကစီစဥ်ပေးပါမယ်။အတိုင်းအတာတစ်ခုအထိ ကုမ္ပဏီဖက်က စိုက်ထုတ်ကျခံပေးပါလိမ့်မယ်။
.
အလုပ်နဲ့ပတ်သက်ပြီးသိလိုတာရှိပါက အင်တာဗျုးမှာ လွတ်လပ်စွာမေးမြန်းနိုင်ပါတယ်။အရစ်ကျနဲ့လည်း သွားလိုပါက သွားနိုင်အောင် "အနှိုင်းမဲ့မေတ္တာ" မှစီစဥ်ပေးပါတယ်။
.
ဘောင်ဝင်စိတ်စားသူများအနေဖြင့် ဓါတ်ပုံပါဝင်သော CV အား
To apply Job Title 0145 ဟုရေး၍
အောက်ဖေါ်ပြပါမေးလ်အားပေးပို့လျောက်ထားနိုင်ပါသည်။
.
mugenji10905@gmail.com သို့ ပေးပို့လျောက်ထားပါရန်။





.
CV Monitoring> Pre-Interview>Final Interview( 1st week of September )
.
ဩဇီ/ဂျာမဏီ သို့ အလုပ်အကိုင်ဗီဇာဖြင့်သွားရောက်လိုသူများ၊
ဂျပန်သို့ "အလုပ်သင်လုပ်သား" "ကျွှမ်းကျင်လုပ်သား" "ဘွဲ့ရပညာရှင်" "သက်ကြီးပြုစုစောင့်ရှောက်ရေး" စသည့်အလုပ်အကိုင်တို့ဖြင့်သွားရောက်လုပ်ကိုင်လိုသူများ၊ပညာတော်သင်အနေဖြင့်သွားရောက်လိုသူများလည်းစုံစမ်းမေးမြန်းနိုင်ပါသည်။
.
ဒေါ် ခင်-စန္ဒာ၀င်း
အနှိုင်းမဲ့မေတ္တာ-ဂျပန်အလုပ်အကိုင်ဝန်ဆောင်မှု (Consultant)
ဂျပန်စာ၊စကား-သီးသန့်ကိုယ်စားလှယ်၀န်ဆောင်မှု
တောင်ဥက္ကလာပ/ရန်ကင်း/ဒဂုံဆိပ်ကမ်း
ရန်ကုန်မြို့။
ဖုန်း- 09-255557022, 09-770844556, 09-250143462, 09-255332027, 09-421193580
e-mail- mugenji10905@gmail.com
website- mugenji.blogspot.com
No comments:
Post a Comment