Thursday, August 17, 2023

 


Job Title 0146 (Overseas-Japan)

အဲကွန်းနှင့်လေပေးဝေဖြန့်ဖြူရေးဆိုင်ရာပညာရှင် 🥰🥰🥰
.
လူအများနေတဲ့ အဆောက်အဦး မှာဆိုရင် လေပူလေအေးစနစ်၊လေပေးဝေဖြန့်ဖြူးရေးစနစ်ဆိုတာ အရေးပါပါတယ်။ပြင်ပရာသီဥတု ပြင်းထန်တဲ့အချိန် လူတွေအခန်းတွင်းမှာ သက်တောင့်သက်သာနေနိုင် အောင် စီမံရတဲ့ အလုပ်ဖြစ်ပါတယ်။
အဆောက်အဦး တည်ဆောက်စဥ်ကတည်းက အဲဒီစနစ်တွေထည့်သွင်းတည်ဆောက်ထားကြတာဖြစ်သလို ရေရှည် ကောင်းမွန်တည်တန့်နေအောင် ပုံမှန်စစ်ဆေးမှုနဲ့အတူ ပြုပြင်လဲလှယ်တပ် ဆင်ပေးရတာတွေလည်းရှိပါတယ်။
.
အသစ်တပ်ဆင်ပေးရတာတို့၊ရှိနေပြီးသားတို့ကို ပုံမှန်လိုက်လံစစ်ဆေးမှုတို့မှ အစပြုပြီး တစ်ခုခု error တက်နေရင်ဖြစ်စေ၊အဲဒီအဆောက်အဦး တွင်နေထိုင်သူတို့ထံမှ စနစ်ဆိုင်ရာညီးညူမှုတွေရှိလာပြီဆိုရင် ကောင်းမွန်ပြေလည်အောင် ထိန်းသိမ်းပြုပြင်စီမံလုပ်ဆောင်ပေးရပါမယ်။😎😎😎
.
အလုပ်ဗီဇာ(အလုပ်ဗီဇာ)နဲ့သွားရောက်လုပ်ကိုင်ရမှာဖြစ်တဲ့အတွက် ဘွဲ့အနေနဲ့ MP/Mechatronics တစ်ခုခုကို အနည်းဆုံး B.Tech လောက် ရထားတဲ့သူဆိုရင်လျောက်ထားနိုင်ပါတယ်။ ACMV ကဏ္ဌ မှာ အတွေ့အကြုံရှိထားတဲ့သူဆိုရင်တော့ အံကိုက်ပေါ့။
ပြည်ပမှာအလားတူအလုပ်မျိုးလုပ်ခဲ့ဖူးသူဆိုရင် အင်တာဗျူးအောင်ဖို့ ရာခိုင်နှုန်းမြင့်ပါလိမ့်မယ်။
.
ရုံးကတိုကျိုမှာအခြေစိုက်ပြီး ၄င်းအနီးတဝိုက်မှာလုပ်ကိုင်ပေးရမှာပါ။
.
လစာအနေနဲ့ ယန်း ၂၀၀,၀၀၀ လောက် ရနိုင်ပါမယ်။
.
လက်ရှိမှာမြန်မာတစ်ဦးလုပ်ကိုင်နေပြီး လစာယန်း ၂၃၀,၀၀၀ ရရှိနေသူဖြစ်ပါတယ်။မိမိလည်းဘဲ လုပ်သက်ရလာတာနဲ့ မကြာခင်မှာ အဲဒီလောက်ရနိုင်ပါမယ်။ဆုကြေးငွေကတော့ လုပ်ငန်းအနေအထားပေါ်မှာမူတည်ပြီး အမျိုးမျိုးရှိနိုင်ပါမယ်။နေစရာအတွက်ကတော့ ကုမ္ပဏီကစီစဥ်ပေးပါမယ်။အတိုင်းအတာတစ်ခုအထိ ကုမ္ပဏီဖက်က စိုက်ထုတ်ကျခံပေးပါလိမ့်မယ်။
.
အလုပ်နဲ့ပတ်သက်ပြီးသိလိုတာရှိပါက အင်တာဗျုးမှာ လွတ်လပ်စွာမေးမြန်းနိုင်ပါတယ်။အရစ်ကျနဲ့လည်း သွားလိုပါက သွားနိုင်အောင် "အနှိုင်းမဲ့မေတ္တာ" မှစီစဥ်ပေးပါတယ်။
.
ဘောင်ဝင်စိတ်စားသူများအနေဖြင့် ဓါတ်ပုံပါဝင်သော CV အား
To apply Job Title 0146 ဟုရေး၍
အောက်ဖေါ်ပြပါမေးလ်အားပေးပို့လျောက်ထားနိုင်ပါသည်။
.
mugenji10905@gmail.com သို့ ပေးပို့လျောက်ထားပါရန်။👈👈👈
.
CV Monitoring> Pre-Interview>Final Interview( 2nd week of September )
.
ဩဇီ/ဂျာမဏီ သို့ အလုပ်အကိုင်ဗီဇာဖြင့်သွားရောက်လိုသူများ၊
ဂျပန်သို့ "အလုပ်သင်လုပ်သား" "ကျွှမ်းကျင်လုပ်သား" "ဘွဲ့ရပညာရှင်" "သက်ကြီးပြုစုစောင့်ရှောက်ရေး" စသည့်အလုပ်အကိုင်တို့ဖြင့်သွားရောက်လုပ်ကိုင်လိုသူများ၊ပညာတော်သင်အနေဖြင့်သွားရောက်လိုသူများလည်းစုံစမ်းမေးမြန်းနိုင်ပါသည်။
.
ဒေါ် ခင်-စန္ဒာ၀င်း
အနှိုင်းမဲ့မေတ္တာ-ဂျပန်အလုပ်အကိုင်ဝန်ဆောင်မှု (Consultant)
ဂျပန်စာ၊စကား-သီးသန့်ကိုယ်စားလှယ်၀န်ဆောင်မှု
တောင်ဥက္ကလာပ/ရန်ကင်း/ဒဂုံဆိပ်ကမ်း
ရန်ကုန်မြို့။
ဖုန်း- 09-255557022, 09-770844556, 09-250143462, 09-255332027, 09-421193580
e-mail- mugenji10905@gmail.com

No comments:

Post a Comment

အနှိုင်းမဲ့မေတ္တာ မှ.....ခေါ်ယူပါမယ်။ . ဂျပန် ဘိုးဘွားပြုစု ခိုင်းဂေါ့ (ကျွမ်းကျင်တိုခုတေး)(အေဂျင်စီသင်တန်းဝင်ခွင့်) -မိန်းကလေးသီးသန့် ဖြစ်ရ...