Friday, August 25, 2023

 


 Job Title 0147 (Overseas-Japan)

.
ICT နည်းပညာအသုံးပြု၍ဆောက်လုပ်ရေးလုပ်ငန်းခွင်အားတိုင်းထွာ၊ပုံစံဆွဲ၊လုပ်ငန်းခွင်ကြီးကြပ်ပညာရှင်
(ဒရုန်း အသုံးပြုဒေတာရယူပြီး Survey လုပ်၊ပုံစံဆွဲ၊ဆောက်လုပ်ရေးလုပ်ငန်းလုပ်ဆောင်ခြင်း)
.
ICT (Information and Communications Technology)ဆိုသဖြင့် စိတ်ဝင်စားမှုအထူးဖြစ်မိပါသည်။ထို့အပြင် ဒရုန်းအသုံးပြုပြီး လုပ်ငန်းခွင်နေရာကို Survey လုပ်၊ဒေတာကောက်ယူပြီး ၄င်းအပေါ် ပုံစံပြန်ဆွဲပြီး Plan ချ၊ တည်ဆောက်ရေးအပိုင်းကိုလုပ်ဆောင်ဆိုသည့် အလုပ်ဖြစ်သဖြင့် ခောတ်မှီနည်းပညာကို အသုံးချလေ့လာသွားနိူင်မည့် အလုပ်မျိုးဖြစ်ပါသည်။🥰🥰🥰
.
ဂျပန်နိုင်ငံ-ခါကိုဂျိမာဒေသ တွင် ကုမ္ပဏီရုံးစိုက်ပြီး လုပ်ကိုင်ရမည့် နေရာမှာ အလုပ်အော်ဒါအရ လုပ်ငန်းခွင်နေရာစုံရှိမည်။
.
ဆောက်လုပ်ရေးလုပ်ငန်းနယ်ပယ်ဖြစ်၍ Civil ဘွဲ့ရများ၊ Geology ဘွဲ့ရ Survey သမားများ လျောက်ထားနိုင်ပါမည်။
အခြားစွမ်းရည်အနေဖြင့် ပုံဆွဲ ဆော့ဖ်ဝဲလ်အသုံးပြုစွမ်းရည် လိုအပ်ပါမည်။(ဥပမာ Auto CAD စကေး)
လုပ်ငန်းခွင်ကြီးကြပ်ရေး ကဏ္ဌ လည်းရှိမည်။
.
အမျိုးသမီး- 1 ဦး
လုပ်ကိုင်ကာလအနေဖြင့် ၃ နှစ်နှင့် အထက် လုပ်ကိုင်နိုင်သူဖြစ်ရမည်။(ကုမ္ပဏီဖက်မှ ရေရှည်ခန့်ထားလိုသည်)
.
အသက် ၂၀ နှစ်နှင့် အထက်
.
အလုပ်ချိန် 8:00 နာရီမှ 17:00 အတွင်းဖြစ်ပြီး ကြားနားချိန်အနေဖြင့် 100 မိနစ် ရှိမည်။
.
နားရက်/ပိတ်ရက်အနေဖြင့် တနင်္ဂနွေ၊တစ်ပတ်ခြား စနေ၊ နှစ်သစ်ကူးရက်၊နွေရာသီပိတ်ရက်၊ကုမ္ပဏီသတ်မှတ်ပိတ်ရက်
.
အင်တာဗျူးတွင် ဂျပန်စာအရည်အခြင်း နှင့် အလုပ်အတွေ့အကြုံအပေါ် အဓိကအမှတ်ပေးမည်။
.
ဗီဇာအမျိုးအစား- ပညာရှင်အလုပ်ဗီဇာ
.
ထွက်ရှိလစာ- 210,000 ~ 250,000 ယန်း ခန့် (MMK သိန်း 50 ခန့်)
အိမ်လခ- 25,000 ~ 35,000 ယန်း ခန့်
ရေမီးမီတာခ- 10,000 ယန်း ခန့်
လူမှုဖူလုံရေးဆိုင်ရာအခွန်အခများ- 39,000 ~47,000 ယန်း ခန့်
လက်ရောက်လစာ- 14,300 ယန်း ~ 160,000 ယန်း ခန့်
.
ဆုကြေးငွေဘောနပ်စ်- ရှိမည် 👍👍👍
အလုပ်ထွက်ထောက်ပန့်ကြေး- 3 နှစ်အထက်လုပ်ကိုင်ပြီးပါကရှိမည်။
.
အသွားလေယာဥ်လက်မှတ်ခ- မိမိဖာသာကျခံရမည်။
ဂျပန်ရောက်ခါစတွင် အလုပ်ဝင်ထောက်ပန့်ကြေး 200,000 ယန်း ရှိမည်။😮😮😮
.
ကဲ.......အဲလိုဆိုတော့ မင်မင် ကိုယ်တိုင်တောင်စိတ်ဝင်စားပြီး သွားလုပ်ချင်စိတ်ပေါက်လာပြီ။😎😎😎
.
အလုပ်နဲ့ပတ်သက်ပြီးသိလိုတာရှိပါက အင်တာဗျုးမှာ လွတ်လပ်စွာမေးမြန်းနိုင်ပါတယ်။အရစ်ကျနဲ့လည်း သွားလိုပါက သွားနိုင်အောင် "အနှိုင်းမဲ့မေတ္တာ" မှစီစဥ်ပေးပါတယ်။
.
ဘောင်ဝင်စိတ်စားသူများအနေဖြင့် ဓါတ်ပုံပါဝင်သော CV အား
To apply Job Title 0147 ဟုရေး၍
အောက်ဖေါ်ပြပါမေးလ်အားပေးပို့လျောက်ထားနိုင်ပါသည်။(အလုပ်အတွေ့အကြုံကို အကျယ်ချဲ့ရေးထားတာပါပါစေနော်။)😊😊😊
.
mugenji10905@gmail.com သို့ ပေးပို့လျောက်ထားပါရန်။👈👈👈
.
CV Monitoring> Pre-Interview>Final Interview( 2nd week of September )
.
ဩဇီ/ဂျာမဏီ သို့ အလုပ်အကိုင်ဗီဇာဖြင့်သွားရောက်လိုသူများ၊
ဂျပန်သို့ "အလုပ်သင်လုပ်သား" "ကျွှမ်းကျင်လုပ်သား" "ဘွဲ့ရပညာရှင်" "သက်ကြီးပြုစုစောင့်ရှောက်ရေး" စသည့်အလုပ်အကိုင်တို့ဖြင့်သွားရောက်လုပ်ကိုင်လိုသူများ၊ပညာတော်သင်အနေဖြင့်သွားရောက်လိုသူများလည်းစုံစမ်းမေးမြန်းနိုင်ပါသည်။
.
ဒေါ် ခင်-စန္ဒာ၀င်း
အနှိုင်းမဲ့မေတ္တာ-ဂျပန်အလုပ်အကိုင်ဝန်ဆောင်မှု (Consultant)
ဂျပန်စာ၊စကား-သီးသန့်ကိုယ်စားလှယ်၀န်ဆောင်မှု
တောင်ဥက္ကလာပ/ရန်ကင်း/ဒဂုံဆိပ်ကမ်း
ရန်ကုန်မြို့။
ဖုန်း- 09-255557022, 09-770844556, 09-250143462, 09-255332027, 09-421193580
e-mail- mugenji10905@gmail.com

 

No comments:

Post a Comment

အနှိုင်းမဲ့မေတ္တာ မှ.....ခေါ်ယူပါမယ်။ . ဂျပန် ဘိုးဘွားပြုစု ခိုင်းဂေါ့ (ကျွမ်းကျင်တိုခုတေး)(အေဂျင်စီသင်တန်းဝင်ခွင့်) -မိန်းကလေးသီးသန့် ဖြစ်ရ...