Tuesday, September 10, 2024

"အနှိုင်းမဲ့မေတ္တာ" မှ ထပ်မံ၍ ဂျပန်သို့သွားရောက် ပြီးအလုပ်ဗီဇာဖြင့် လုပ်ကိုင်သွားနိုင်ရန် လမ်းညွှန်လုပ်ဆောင်ပေးလိုက်နိုင်ပါပြီ။
9.Sep.2024 ရက်နေ့မှာ လေဆိပ်သို့လိုက်လံပို့ဆောင်ပေးခဲ့ပြီး ဒီနေ့ဆိုရင်ဖြင့် ဂျပန်ဖက်တွင် လာရောက်ကြိုဆိုပေးမည့်သူနှင့် အချိတ်အဆက်မိမိ နှင့် စိုးရိမ်ရန်တစ်ကြောင်းတစ်ပါဒမှ မလိုအပ်ဘဲ သက်ဆိုင်ရာ လုပ်ငန်းခွင်ရှိရာ ကုမ္ပဏီအသီးသီးဆီသို့ ရောက်ရှိသွားကြပြီဖြစ်ပါသည်။Hiroshima  နှင့် Fukuoka မြို့ ဖက်ခြမ်းတွင် ပညာရှင်အနေဖြင့် အလုပ်ဗီဇာအမျိုးအစားနှင့် လုပ်ကိုင်သွားကြမည်ဖြစ်ပါသည်။
အနာဂါတ်အတွက် ဖြောင့်ဖြူးသည့် လမ်းကြောင်းပေါ်သို့ရောက်ရှိပြီဟုပြောနိုင်ပါလိမ့်မည်။
ကျန်သည်မှာတော့ ရောက်ရှိနေသည့်လမ်းကြောင်းပေါ်မှ ရှေ့သို့‌ရှေ့သို့ ဆိုသကဲ့သို့ လျောက်လှမ်းဖို့သာလိုပါတော့မည်။မိမိအစွမ်းရှိသမျှ အခြားသူများနှင့် ယဥ်ဘောင်တန်းပြိုင်ဆိုင်ရင်း၊လုပ်ကိုင်ရင်း အရည်အသွေးမြှင့်တင်ခြင်းနဲ့အတူ ကြိုးစားအားထုတ်သွားရမည်ဖြစ်ပါသည်။
မြန်မာနိုင်ငံ၏အနာဂတ်အတွက် မျှော်ကြည့်လိုက်လျင် ဤကဲ့သို့သော လူငယ်ပညာတတ် လူ့စွမ်းအားအရင်းအမြစ်များ နိုင်ငံတော်အတွက် သင့်လျော်သည့် နေရာတွင် ပါဝင်တည်ဆောက်ခွင့်ရရလေအောင် ပိုမို လမ်းဖွင့် ပြီးပိုမို ဆည်းပူးနိုင်သည့် စွမ်းရည်မြှင့်နိုင်သည့်အနေအထားမျိုးဖန်တီးပေးသင့်သလို၊ပိုမို၍လည်းလုပ်ဆောင်သင့်ပါသည်။နိုင်ငံတော်အနေဖြင့် အခွန်ကောက်နေယုံနှင့်ပြီးမနေဘဲ သင့်တင့်လျောက်ပတ်သည့် လုပ်ငန်းခွင်အနေအထားများလည်းရှိနေရအောင် ဖန်တီးပြုလုပ်ပေးရမည်မှာ နိုင်ငံတော်ကို ကိုင်တွယ် လုပ်ဆောင်မည့် သူတိုအဖို့ဉာဏ်အမျှော်အမြင်ကြီးမားဖို့လိုလှပါသည်။အမျှော်အမြင်ကြီးမားသူသာ တိုင်းပြည်၏ထိပ်ပိုင်းနေရာတွင်သာရှိနေသင့်လှပါသည်။သို့မှသာ အင်ဂျင်စက်ရုန်းအားကောင်းမှုအပေါ် တွဲလျက်အမှီပြုနေကြသည့် အခြားသောစီးနင်းလိုက်ပါသူများသည်လည်းခရီးရောက်ကြနိုင်ပါမည်။မဟုတ်လျင် ရောက်ရမည့်ခရီးအတွက် ပျက်နေသည့် ယာဥ်အားနောက်ချန်ထားခဲ့လျက် ရှေ့သို့လိုရာခရီးဆက်ကုန်ကြမှာဖြစ်သည်မဟုတ်ပါလား။စုတ်ပြတ်သံချေးတက်ပျက်စီးနေသည့်အရာကို မည်သူတွေကတွယ်ဖက်နေပါမည်နည်း။မဟုတ်ပါ၍လော။
လိုရာလမ်းကြောင်းပေါ်ရောက်သွားသည့် သမီးငယ် ၃ ဦးနှင့်အတူသူတို့၏ တောက်ပြောင်ထွန်းလင်းမည့်အနာဂါတ်အားတွေးမိရင်း မိခင်မြန်မာနိုင်ငံကြီးကိုပါတစ်ချိန်ပြန်ရောက်သည့်အခါမှာ တတ်စွမ်းသမျှအရည်အခြင်းကို အသုံးချ၍နိုင်ငံတော်ကြီးပိုမိုတိုးတက်လာအောင်လုပ်ဆောင်ပေးကြပါလို့သာ ရင်ထဲကဆုတောင်းနေမိပါသည်။အချိန်တန်လျင် မိခင်တိုင်းပြည်သို့အရောက်ပြန်လာပြီး ပညာတတ်လူငယ်များအဖြစ် ဦးဆောင်ပေးကြပါလို့ မျှော်လင့်မိပါသည်။
လျောက်လှမ်းတဲ့ခရီးလမ်းမှာ ကြိုးစားလုံ့လစိုက်ထုတ်မှုကို မလစ်ဟင်းစေဘဲ ဆထက်တန်ဖိုးတိုးသည်ထက်တိုးအောင် အရည်အချင်းမြှင့်ပေးပါလို့သာ...........မှာစကားပါးလိုက်လိုပါသည်။
.
"အနှိုင်းမဲ့မေတ္တာ"အနေဖြင့် ဂျပန်သည်သာမက ဥရောဖက်(ဂျာမဏီ) ဆီသို့စိတ်ဝင်စားရွှေ့ပြောင်းလိုသူတို့အတွက်လည်း ဆွေးနွေးအတိုင်ပင်ခံ ဝန်ဆောင်ပေးနေပါသည်။ စိတ်ဝင်စားသူများရှိပါက ဂျာမန်စာသင်တန်းအပြင် ဥ‌ရောပစံနှုန်းမှီ အလုပ်သမားတစ်ဦးအဆင့်အဖြစ် ရောက်ရှိနိုင်စေရန် သင်တန်းသားပရိုဂရမ်(Ausbildung Program)များဖြင့်ပါ ချိတ်ဆက်ပေးလျက်ရှိနေပါ၍ပေါ့ပေါ့ပါးပါး စုံစမ်းမေးမြန်းနိုင်ပါသည်။
Viber 09-250143462 သို့ လှမ်း Hi လိုက်ပြီးချိတ်ဆက်နိုင်ပါသည်။
.
ဒေါ် ခင်-စန္ဒာ၀င်း
အနှိုင်းမဲ့မေတ္တာ-ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု (Consultant)
သီးသန့်ကိုယ်စားလှယ်၀န်ဆောင်မှု
ဒဂုံဆိပ်ကမ်း
ရန်ကုန်မြို့။
ဖုန်း- 09-255557022, 09-770844556, 09-250143462, 09-255332027, 09-421193580
e-mail- mugenji10905@gmail.com
.
GSL German Study Lab
Viber 09-250143462
Ph. 09-776318305 (Office Hours)
2-F (204/205), Excel Treasure Tower, Shwe Gone Daing Crossroads, Bahan Township, Yangon



 

 

No comments:

Post a Comment

  "အနှိုင်းမဲ့မေတ္တာ" မှ ဂျပန် အလုပ်ဗီဇာ အလုပ် တစ်ခု အတွက် ခေါ် ယူပါမယ်။ 😍 😍 😍 Japan-Toyama ဒေသမှာ Drafter အနေနဲ့ လုပ်ကိုင်ရပါမ...