ပြည်ပ ရွှေ့ပြောင်း မယ်ဆိုရင် စားဝတ်နေရေးအတွက် စဥ်းစားရပါတယ်။အဲဒီစားဝတ်နေရေးအတွက် ဘယ်လိုအဆင်ပြေပြေ ရှိအောင်လုပ်ရမလဲ ထပ်စဥ်းစားရပါတယ်။
လူဆိုတာလူ့အဖွဲ့အစည်းထဲမှာ နေကြတာဖြစ်လို့ ပေါင်းသင်းထိတွေ့ဆက်ဆံရတာတွေ ရှိပါတယ်။တစ်ဦးနဲ့တစ်ဦး ပြောဆိုဆက်ဆံရတာတွေရှိတယ်ဆိုတဲ့အလျောက် အဆင်ချောထိမိနေအောင် ဘာသာစကားဆိုတာ လိုလာပါတယ်။
ပြည်ပရွှေ့ပြောင်းအခြေချဖို့စဥ်းစားတဲ့အခါမှာ တိုးတက်တဲ့ ကိုးရီးယား၊ဂျပန်တို့ ဖက်စဥ်းစားကြသလို အမေရိက၊ဥရောပဖက် ကို ချိန်ထိုးကြည့်ကြတာတွေ ရှိကြပါတယ်။
အရင်ကဆို ဥရောပဖက်သွားဖို့ဆိုရင် အတော်လေး ခက်ခဲခဲ့ပါတယ်။ဗီဇာလည်းရနိုင်ဖို့လိုအပ်ချက်တွေများပြီးမြင့်မြင့် ရှိခဲ့လို့ စကော်လာကျောင်းသမားတွေ၊ဆရာဝန်၊အင်ဂျင်နီယာအစရှိတဲ့ ပညာတတ်အမြင့်ပိုင်းသမားတွေအတွက်သာ လမ်းကြောင်းတွေရှိခဲ့တာပါ။
ကိုယ်တွေ ငယ်စဥ်ကလည်း သွားချင်လိုက်တာဆိုပြီးစိတ်ကူးရှိခဲ့ပေမယ့် ဘယ်ကနေဘယ်လိုစလုပ်ရမယ်မှန်းမသိ၊နီးစပ်မှုပတ်ဝန်းကျင်လည်းမရှိခဲ့တော့ အကောင်အထည်ရုပ်လုံးမပေါ်ခဲ့ပါဘူး။
အခုခောတ်အခါအချိန်ကျတော့ တစ်ဖက်က ပြောင်းလည်းလာတဲ့အနေအထားအပေါ် ၊လုပ်ပုံလုပ်နည်း၊ချဥ်းကပ်ပုံချဥ်းကပ်နည်းတွေနိုင်ငံနှစ်နိုင်ငံကြားမှာဖြစ်တည်လာတဲ့အတွက်ကြောင့် ရွှေ့ပြောင်းအခြေချလိုရင် လွယ်ကူလာပါတယ်။
လိုအပ်ချက်တွေကိုလည်းလွယ်လင့်တကူပြည့်အောင်လုပ်ဆောင်ပန့်ပိုးနိုင်မယ့်၊ထောက်ကူဝန်ဆောင်မှုပေးမယ့် ဘာသာစကားသင်တန်းကျောင်း၊ပြည်ပအလုပ်အကိုင်ရှာဖွေချိတ်ဆက်ပေးရေးအေဂျင်စီအစရှိတာတွေပေါ်ထွန်းလာပါတယ်။
ပြောရရင် စားချင်ရင် ဆိုင်တစ်ဆိုင် ဝင်ပြီးမှာစားတဲ့အခါမှာ မိမိရှေ့ စားစရာ အဆင်သင့်ရှေ့မှောက်ရောက်လာသလိုမျိုးပါ။
.
ဥရောပ (ဂျာမဏီ)ဖက်ကို စိတ်ဝင်စားတဲ့သူတွေအဖို့က ကျောင်းပညာရေး ဒီလောက်အမြင့်ကြီးမလိုတဲ့ အနေအထားမျိုးနဲ့ သွားလာလို့ရတဲ့အနေအထားမျိုးရှိနေပါပြီ။
အထက်တန်းအောင် အဆင့်လောက်နဲ့တင် သွားလို့ရနေပါပြီ။





သူတို့ ဥရောပမှာက ဌာနေမဟုတ်တဲ့အလုပ်သမားတစ်ယောက်ဆိုရင် နိုင်ငံခြားမှလာတဲ့ သူဆိုရင် ဥရောပစံနှုန်းမှီ အလုပ်လုပ်ကိုင်နိုင်ခွင့် လက်မှတ်က လိုအပ်ပါတယ်။ဒီအတိုင်းသွားချလိုက်ပြီးအလုပ်လုပ်လို့မရပါ(ချွင်းချက်အနည်းငယ်ကိစွတွေကိုမဆိုလိုပါ)။
အဲဒီလို ဘလူးကော်လာ စံနှုန်းမှီ လက်မှတ်ရဖို့က ဂျာမဏီဖက်ခြမ်းမှာ Ausbildung Program (အော်စပီဒုန်) လို့ခေါ်တဲ့ အသက်မွေးဝမ်းကျောင်းမှု ပရိုဂရမ် ကို ချိတ်ဆက်တက်ရောက်ပြီး ရှေ့မှာပြောခဲ့တဲ့ ဥရောပ စံနှုန်းမှီ အလုပ်လုပ်ကိုင်ခွင့် လက်မှတ် ဆိုမလား အထွေထွေလုပ်သား လက်မှတ်ဆိုမည်လား အဲဒါကိုရပြီး အလုပ်လုပ်ကိုင်သွားနိုင်မှာဖြစ်ပါတယ်။
သင်တန်းသွားတက်ရတယ်ဆိုတဲ့ပုံစံမျိုးဖြစ်ပါတယ်။
ဘာသာစကားအဆင့်ကလည်း B1 အဆင့်လောက်ပုံမှန်တောင်းတတ်ပြီး သွားရောက်တက်ရောက်နိုင်မယ့် အလုပ်အမျိုးအစားကလည်းမျိုးစုံရှိနေပါတယ်။
.
ကျွန်တော်တို့ အနှိုင်းမဲ့မေတ္တာ အနေနဲ့ကတော့ ဘာသာစကားနဲ့ပတ်သက်ပြီး GSL German Study Lab လို့ခေါ်တဲ့ ဂျာမန်ဘာသာသင်တန်းကျောင်းနဲ့ ချိတ်ဆက်ပြီး ဥရောပ (ဂျာမဏီ) ဖက်ကို ရွှေ့ပြောင်းလိုသူ၊သင်တန်းတက်ရောက်ပြီးအသိအမှတ်ပြုလက်မှတ်ရယူလိုသူတွေအတွက် ဘာသာစကား ပိုင်းဆိုင်ရာ အထောက်အကူပြုကိစ္စရပ်များ လုပ်ဆောင်ပေးနေသလို၊ Warehouse/Logistics အလုပ်အမျိုးအစားနဲ့လည်း Ausbildung Program ချိတ်ဆက်ပြီးသွားရောက်သင်တန်းတက်နိုင်ဖို့ ဝန်ဆောင်မှုပေးလျက်ရှိနေပါတယ်။
.
ကာလကြာမြင့်စွာ သေသေချာချာ လုပ်ကိုင်ပေးနေသည့် ဂျပန်ဖက် တွင်သာမက ဥရောပ(ဂျာမဏီ) ဖက်ပါကိုပါဝန်ဆောင်မှုပေးနေသည့်အတွက် စိတ်ချယုံကြည်စွာနဲ့ စုံစမ်းမေးမြန်းနိုင်ပါတယ်။






.
၁၀ လပိုင်းမှာလည်း သင်တန်းအသစ်ဖွင့်ရန် ရှိပြီး တက်ရောက်လိုသူများအတွက် "အနှိုင်းမဲ့မေတ္တာ" ရဲ့ဂျာမန်လမ်းကြောင်းထိုးဖောက်ခြင်းအထိမ်းအမှတ်နှစ်ပတ်လည်နှင့်ကြုံကြိုက်ပါသောကြောင့် သင်တန်းကြေး 20% Discount သက်သာခွင့်နှင့်လည်းကြုံကြိုက်မှာဖြစ်ပါတယ်။





.
အဲဒါကြောင့် ဥရောပ (ဂျာမဏီ)ဖက်ကို သွားဖို့ ရည်ရွယ်နေသူတို့အတွက် အထူးသတင်းကောင်းလေးအနေနဲ့အသိပေးအကြောင်းကြားအပ်ပါတယ်။





.
ဒေါ် ခင်-စန္ဒာ၀င်း
အနှိုင်းမဲ့မေတ္တာ-ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု (Consultant)
သီးသန့်ကိုယ်စားလှယ်၀န်ဆောင်မှု
ဒဂုံဆိပ်ကမ်း
ရန်ကုန်မြို့။
ဖုန်း- 09-255557022, 09-770844556, 09-250143462, 09-255332027, 09-421193580
e-mail- mugenji10905@gmail.com
.
GSL German Study Lab
Viber 09-250143462
Ph. 09-776318305 (Office Hours)
2-F (204/205), Excel Treasure Tower, Shwe Gone Daing Crossroads, Bahan Township, Yangon
No comments:
Post a Comment