Wednesday, October 19, 2022


 

အနှိုင်းမဲ့မေတ္တာ ဆိုတာ ပုံမှာပါတဲ့အတိုင်းဖုန်းနံပါတ် ကိုဆက်ရင် ဒေါ်ခင်စန္ဒာဝင်း ဆီကိုချိတ်မိပါလိမ့်မယ်။ဆက်ရအနည်းငယ်ခက်တတ်ပေမယ့် ကြိုးစားဆက်ရင် အသေအချာ ချိတ်ဆက်မိပါမယ်။
.
ဒီလိုမှမဟုတ်ဘဲ အခြားနံပါတ်တွေကိုသွားဆက်ပြီးဒေါ်ခင်စန္ဒာဝင်း(အနှိုင်းမဲ့မေတ္တာ)လို့ ထင်မြင်ယူဆဟိုလက်လွန်ဒီလက်လွန်ဆိုရင်တော့ သင့်သမိုင်းနှင့်သင့် ဇတ်လမ်းပါ။စိတ်မကောင်းပါလို့ပြောယုံကလွဲပြီး ဘာမှမတတ်နိုင်ပါ။
.
ဒေါ်ခင်-စန္ဒာ၀င်း
.
အနှိုင်းမဲ့မေတ္တာ-ဂျပန်အလုပ်အကိုင်ဝန်ဆောင်မှု(Consultant)
.
ဂျပန်စာ၊စကား-သီးသန့်ကိုယ်စားလှယ်၀န်ဆောင်မှု
တောင်ဥက္ကလာပ/ရန်ကင်း/ဒဂုံဆိပ်ကမ်း
ရန်ကုန်မြို။
.
ဖုန်း- 09-672585041, 09-770844556, 09-250143462, 09-255332027, 09-421193580
E-mail- mugenji10905@gmail.com


Saturday, October 8, 2022







🥰🥰🥰"အနှိုင်းမဲ့မေတ္တာ" မှ တစ်ဆင့် ချိတ်ဆက်လုပ်ဆောင်ပြီး ဂျပန်နိုင်ငံသို့ သွားရောက်လုပ်ကိုင်သည့် "ချစ်သမီး ခင်သူဇာချို" မှာ အလုပ်ခန့်ကာလပြည့် ၃ နှစ် (၂နှစ် ၁၀ လ) ပြီးပြည့်ကျော်လွန်အောင် လုပ်ဆောင်ပေးခဲ့သည့်အတွက် အထူးဝမ်းမြောက်ဂုဏ်ယူရပါသည်။🥰🥰🥰"အနှိုင်းမဲ့မေတ္တာ" နှင့်အကြားထားရှိခဲ့သည့် ဂတိဂဝတ်ကိစ္စ ကိစ္စများအားလည်း ပြီးပြတ်မရှိတော့ပြီဖြစ်ကြောင်း အသိပေးလိုပါသည်။(လူကြီးမိဘများကို စိတ်အေးရအောင် အသိပေးပေးပါသမီး)။🥰🥰🥰
အလုပ်သင်လုပ်သားအနေဖြင့် ပထမ အကြိမ် အနေဖြင့် အေဂျင်စီမှ ချုပ်ဆို ၃ နှစ် လုပ်ကိုင်ပြီးခဲ့ပြီဖြစ်သော်လည်း မိမိအနေဖြင့် ဂျပန်တွင်တရားဝင်လမ်းကြောင်းအပေါ်မှ ဆက်လက်လုပ်ကိုင်လိုသည့်ဆန္ဒရှိနေပါက အလျဥ်းသင့်သလို အခွင့်အရေးရှိနေသေးမည့် အလုပ်သင် အဆင့် ၃ (၂ နှစ်သက်တမ်းတိုးခြင်း)၊အထူးကျွမ်းကျင်တိုကုတေးဂီနိုး အဆင့် ၁ (၅ နှစ်တာ သက်တမ်းရှိ)တို့အား ကူးပြောင်းနိုင်ရန် သတ်မှတ်ထားသည့် စာရွက်စာတမ်းများ ပြည့်စုံအောင်ပြုလုပ်၍(အလုပ်အမျိုးအစားမတူလျင် သာမာန် တိုကုတေးခဆုဒိုး နေထိုင်ခွင့်ကြားညှပ်၍သက်ဆိုင်ရာအလုပ်အမျိုးအစားအရည်အခြင်းစစ်စာမေးပွဲများဖြေခြင်း၊အောင်လက်မှတ်များရယူခြင်းတို့ပြုလုပ်၍)အလုပ်ရှာအလုပ်ပြောင်းခြင်းများတရားဝင် လုပ်နိုင်ပြီဖြစ် ပါသည်။မိမိဆန္ဒအလျောက် လွတ်လပ်စွာဆုံးဖြတ်နိုင်ပြီဖြစ်ပြီး "အနှိုင်းမဲ့မေတ္တာ" အနေဖြင့် ကန့်ကွက်ရန်မရှိသလို၊လိုအပ်ပါက နိုင်ရာနေရာမှ ပန့်ပိုးပေးသွားမည်ဖြစ်ပါကြောင်း အကြောင်းကြားပြောပေးလိုပါသည်။
မြန်မာနိုင်ငံ၏လက်ရှိအခြေအနေမှာလည်းမြင်နေသိနေကြသည့်အတိုင်းအခြေအနေမှန်ကို သုံးသပ်ပြီးကာယကံရှင် မိမိ အကျိုးမယုတ်စေရန် လုပ်ဆောင်သွားဖို့ တိုက်တွန်းလိုပါသည်။အရေးကြီးသည်မှာ ဂျပန်နိုင်ငံတွင် ဂျပန်နိုင်ငံ၏ ဥပဒေလိုက်နာလျက် လုပ်ဆောင်သွားရန် ဂရုစိုက်ရပါမည်။ ဂျပန်နိုင်ငံသည် လူ့အခွင့်အရေး လေးစားသော နိုင်ငံဖြစ်ပြီး ဥပဒေဖောက်ဖျက်ကျူးလွန်သူမဟုတ်ပါက ကာယကံရှင် သဘောမတူသရွေ့အတင်းအကြပ် မိခင်နိုင်ငံသို့ ပြန်လွှတ်ခြင်း မပြုလုပ်ပါ။(ဤနေရာတွင်ပြောလိုသည်က နန်းမင်းတိုကုတေးလျောက်ရန်ပြောနေခြင်းမဟုတ်ပါ၊အခြားတိုကုတေးအမျိုးအစားလျောက်ထားပြီး မပြည့်စုံသေးသည့် စာရွက်စာတမ်းများကြိုးစားရယူခြင်း၊အလုပ်ပြောင်းရန်အလုပ်ရှာခြင်းတို့အတွက်အချိန်ရယူနိုင်စေရန်ပြောနေခြင်းသာဖြစ်ပါသည်။)(အလုပ်သင်ကာလပြည့်လုပ်ထားသူတို့ အဖို့ တိုကုတေးခဆုဒိုး အဆင့်ကြားညှပ်ပြီး အထူးကျွမ်းကျင် တိုကုတေးဂိနိုး အဆင့်ပြောင်းဖို့က အရမ်းအဆင်ပြေလွယ်ကူလှပါသည်။)
အကျိုးရှိရှိ တရားဝင်လမ်းကြောင်းပေါ်မှ လုပ်ဆောင်သွားရင်း ရေရှည် လုပ်ကိုင်သွားနိုင်ပါစေကြောင်း ချစ်သမီး ခင်သူဇာချို အား ဆန္ဒမွန်ပြုအပ်ပါသည်။သီတင်းကျွတ်လပြည့်နေ့မှာ မိဘများအားကန်တော့ရင်းနဲ့ အသိပေးလိုက်ပါဦးနော်။🥰🥰🥰
.
ရေရှည်အောင်မြင်မှုလမ်းကြောင်းပေါ်မှာလျောက်လှမ်းနိုင်ပါစေ။
.
ဒေါ် ခင်-စန္ဒာ၀င်း
.
အနှိုင်းမဲ့မေတ္တာ-ဂျပန်အလုပ်အကိုင်ဝန်ဆောင်မှု(Consultant)
.
ဂျပန်စာ၊စကား-သီးသန့်ကိုယ်စားလှယ်၀န်ဆောင်မှု
တောင်ဥက္ကလာပ/ရန်ကင်း/ဒဂုံဆိပ်ကမ်း
ရန်ကုန်မြို့။
.
ဖုန်း- 09-672585041, 09-770844556, 09-250143462, 09-255332027, 09-421193580
E-mail- mugenji10905@gmail.com

 


မြန်မာယာဥ်မောင်းလိုင်စင်ကနေဂျပန်ယာဥ်မောင်းလိုင်စင်ရအောင် ဘယ်လိုလုပ်ဆောင်ရမလဲ။

.

အနှစ်ချုပ် အောက်ပါအဆင့်တွေ ရှိနိုင်ပါမယ်။

.

၁။ မြန်မာကားမောင်းလိုင်စင်ရှိထားမယ်။ ထုတ်ပေးနှစ်မှ ၃ လ အထက် ကာလကျော်လွန်နေရပါမယ်(ဂျပန်မလာခင် ၃ လ မတိုင်မှီရထားရမယ်)။(ထုတ်ပေးခုနှစ်သာပါပြီးနေ့မပါ၍ဖြစ်သည်)

၂။ မြန်မာလိုင်စင်ကသက်တမ်းရှိနေရပါမယ်။

၃။ ဂျပန်လိုင်စင်ပြောင်းရန်နေထိုင်ရာဂျပန်ဒေသ၏ဆိုင်ရာ လိုင်စင်ရုံး(Unten Menkyou Shikenjou)မှာလဲရပါမယ်။

စာရွက်စာတမ်းအစုံ(မြန်မာလိုင်စင်/ယင်း၏ဘာသာပြန်၊မြန်မာလိုင်စင်ရုံးမှ Driving Record ထောက်ခံချက်)(လိုင်စင်ကို မြန်မာသံရုံးမှာဘာသာပြန်(သို့) JAF မှာဘာသာပြန်ရန်လို)(Yen 3500 ခန့်)(လူသွားလုပ် ၁နာရီခန့် /စာတိုက်မှလည်းပို့နိုင်-တစ်ပတ်ခန့်ကြာ၍ကြိုလုပ်ထားရန်လို)(လျောက်လွှာတွင်ကပ်ရန် ဓါတ်ပုံတစ်ပုံ)၊

PP စာအုပ်ရှိသမျှ၊ My Number ကဒ်၊ Juuminhyou (နေထိုင်ကြောင်းထောက်ခံချက်)အားရပ်ကွက်ရုံးမှယူထားရန်) နဲ့ စုံပြီဆိုရင် မနက်စောစောသွား၊စုံလားမစုံလားစစ်ခိုင်း၊လက်ခံလိုက်ပြီဆိုရင်အဲဒီနေ့မှာ Chishiki Kakunin Shiken ဗဟုသုတစာမေးပွဲရေးဖြေဖြေရမည်(ကြိုလေ့လာထားရန်လို)(Futsuu Menkyou ယာဥ်စည်းကမ်းလမ်းစည်းကမ်း စာအုပ်ရှိ)(အင်္ဂလိပ်/ဂျပန်စာနှင့်ရှိသည်)

(၁၀ ပုဒ်မှာ ၆ ပုဒ်လောက်မှန်ရင် အိုကေ)အောင်သွားရင် လက်တွေ့မောင်းပြဖြေခွင့်ရပါမယ်။အချိန်သတ်မှတ်ပေးပါလိမ့်မယ်။(လေ့ကျင့် ဦးမယ်နောက်မှဖြေမယ်ဆိုရင် အချိန်နေ့ရက်ညှိလို့ရပါတယ်။)

မောင်းကွင်း Course A,B,C မောင်းပြနိုင်ဖို့ လေ့ကျင့်ကွင်းမှာလျောက်ထားပြီး တစ်နာရီ ယန်း ၇၄၀၀ အထက်နဲ့ ဝင်ကြေးသွင်းလေ့ကျင့်ရပါလိမ့်မယ်။(လေ့ကျင့်မယ့်ရက် ရဖို့ ၂ ပတ် လောက်ခွာပြီးပေးတတ်ပါတယ်။)လေ့ကျင့်ပါ။

လက်တွေ့မောင်းဖြေပြရမယ့်နေ့မှာ ဘယ် Course မောင်းပြရမလဲ သတ်မှတ်ပေးပါလိမ့်မယ်။လျောက်လွှာကြေးနဲ့ကားအသုံးပြုခ ယန်း ၃၃၅၀ ခန့် သွင်းပြီးအဆင်ပြေပြေမောင်းပြနိုင်ခဲ့ရင်အောင်ပါမယ်။ကဒ်ထုတ်ခ ယန်း ၂၀၅၀ ခန့် သွင်းပြီးဓါတ်ပုံရိုက် ပြီးမကြာခင်ချက်ချင်းရပါမယ်။လိုက်နာရမယ့် စာရွက်တွေရပါမယ်။ဖတ်ရှုပြီး လိုက်လုပ်ပေးပါရန်။

.

မြန်မာကားမောင်းလိုင်စင်မှ ဂျပန်ကားမောင်းလိုင်စင်ပြောင်းနည်း

https://www.youtube.com/watch?v=DvWjuF_oczo

.

KAZU (အနှိုင်းမဲ့မေတ္တာ-ဂျပန်အလုပ်အကိုင်)

+959250143462 (Viber)

Saturday, October 1, 2022

 

 

"အနှိုင်းမဲ့မေတ္တာ" မှတစ်ဆင့် ဖြတ်၍ စိတ်ချရသောအေဂျင်စီတွင် စာရွက်စာတမ်းကိစ္စများလုပ်ဆောင်ပြီး ၂၀၂၂ စက်တင်ဘာ ၃၀ ရက်နေ့တွင် မြန်မာနိုင်ငံမှ ဂျပန်နိုင်ငံသို့ ၃ နှစ်တာ သွားရောက်လုပ်ကိုင်မည့် သမီးချော ယုဇနဝင်း အနေနဲ့ ဘဝရည်မှန်းချက်တို့ အောင်မြင်နိုင်ပါစေကြောင်း ဆန္ဒမွန်ပြုအပ်ပါတယ်။

အေဂျင်စီအနေနဲ့ ၃ နှစ်တာ လုပ်ဆောင်ပေးခဲ့မှုအပေါ် ထိုကာလပြီးပြည့်အောင် ကြိုးစားလုပ်ကိုင်သွားရင်းနှင့် ရှေ့ဆက်ပြီး ဂျပန်တွင် ဆက်လက်နေထိုင်လုပ်ကိုင်သွားလိုပါက ထို ၃ နှစ်တာအလုပ်လုပ်နေစဥ်အတွင်း အလုပ်နယ်ပယ် ၁၄ မျိုးရှိသော ကျွမ်းကျင်တိုကုတေးအဆင့်အောင်လက်မှတ်တွေရအောင် စာမေးပွဲတွေလေ့လာဖြေဆိုသွားရမှာဖြစ်ပါတယ်။
၃ နှစ်(၂နှစ် ၁၀ လ)အလုပ်သင်အဆင့် ပြီးပြည့်၍ ပြီးဆုံးကြောင်းလက်မှတ်များရပြီဆိုပါက လက်ရှိအလုပ်တွင် ဆက်လုပ်လိုပါကသက်တမ်းတိုး ဆက်လုပ်နိုင်မည်ဖြစ်ပြီး အခြားအလုပ်အမျိုးအစား ကျွမ်းကျင်တိုကုတေးလက်မှတ်တစ်ခုခု ရထားပြီဆိုပါက ထိုအလုပ်မျိုးရှာ၍ တရားဝင် အလုပ်ပြောင်းနိုင်ရန် တိုခုတေးခဆုဒိုး အဆင့်ကူးပြောင်းပြီး လုပ်သွားကိုင်သွားနိုင်မှာဖြစ်ပါတယ်။
ယေဘူယျအနေဖြင့် အလုပ်သင် ၃ နှစ်(၂ နှစ် ၁၀ လ)လုပ်ကိုင်ပြီး ပြီးဆုံးကြောင်း လက်မှတ် ရှိနေရန်နှင့် ကျွမ်းကျင်တိုကုတေး အောင်လက်မှတ်ရှိနေပြီဆိုလျင် လမ်းကြောင်းဖြူးသွားပြီပြောနိုင်ပြီဖြစ်ပါသည်။
အခွင့်အရေးကို တစ်ဆင့်ခြင်းဖန်တီးကြိုးစားသွားပေးပါ၊မလောပါနှင့် လို့ သမီး ယုဇနဝင်းကို အကြံပေးလိုက်ပါတယ်နော်။
.
ရေရှည်အောင်မြင်မှုလမ်းကြောင်းပေါ်မှာလျောက်လှမ်းနိုင်ပါစေ။
.
ဒေါ် ခင်-စန္ဒာ၀င်း
.
အနှိုင်းမဲ့မေတ္တာ-ဂျပန်အလုပ်အကိုင်ဝန်ဆောင်မှု(Consultant)
.
ဂျပန်စာ၊စကား-သီးသန့်ကိုယ်စားလှယ်၀န်ဆောင်မှု
တောင်ဥက္ကလာပ/ရန်ကင်း/ဒဂုံဆိပ်ကမ်း
ရန်ကုန်မြို့။
.
ဖုန်း- 09-672585041, 09-770844556, 09-250143462, 09-255332027, 09-421193580
E-mail- mugenji10905@gmail.com

 

 

 

 

 

 

 

 

 

 

အနှိုင်းမဲ့မေတ္တာ မှ.....ခေါ်ယူပါမယ်။ . ဂျပန် ဘိုးဘွားပြုစု ခိုင်းဂေါ့ (ကျွမ်းကျင်တိုခုတေး)(အေဂျင်စီသင်တန်းဝင်ခွင့်) -မိန်းကလေးသီးသန့် ဖြစ်ရ...