Friday, February 24, 2023

 

 "အနှိုင်းမဲ့မေတ္တာ" ရဲ့ စီစဥ်မှုနဲ့ ဂျပန် သို့ အလုပ်ဗီဇာ ဖြင့် သွားရောက် အလုပ်လုပ် ဖို့ လမ်းကြောင်းပေါ် ရောက်လာပြီဖြစ်တဲ့ နည်းပညာဘွဲ့ရ သမီးငယ် ( ၄ ) ဦးဖြစ်ပါတယ်။

.
ပထမဦးဆုံး အနေနဲ့ "ဂုဏ်ယူဝမ်းမြောက်ရပါတယ်" လို့ပြောပါရစေ။🥰🥰🥰
.
ရန်ကုန် ကတင်မဟုတ်ဘဲ နယ်ဒေသ မှ နည်းပညာဘွဲ့ရထားပြီး ထိုက်တန်တဲ့လုပ်ငန်းခွင် နေရာ မရောက်နိုင်ဘဲ ဖြစ်နေတဲ့ သူတွေအတော်များများရှိကြမယ်ထင်ပါတယ်။သင်ထားတဲ့ ပညာရပ်၊ကုန်ခံထားရတဲ့ အချိန်၊ရင်းနှီးထားရတဲ့ပညာရေးကုန်ကျစရိတ် ဆိုတာတွေ ကို အံကိုက်တဲ့ လုပ်ငန်းခွင်မရောက်ဖြစ်လို့ အချည်းနှီးနည်းပါးဖြစ်နေရတဲ့ လူသားအရင်းအမြစ်အဖိုးတန်လေးတွေကို အ ရောင်တင်ပြောင်လက်လာအောင် လုပ်ပေးနိုင်ဖို့က "အနှိုင်းမဲ့မေတ္တာ" ရဲ့ ဝတ္တရားတစ်ခုလို့ ခံယူထားရင်းနဲ့ တရွေ့ရွေ့....နိုင်စွမ်းနိုင်သမျှလုပ်ဆောင်ပေးနေပါတယ်။
.
တစ်ချိန်ကျရင်ဖြစ်လာမယ့် ပွင့်လင်းတဲ့အနာဂါတ်မြန်မာနိုင်ငံကြီးမှာ လုပ်သားလိုအပ်တဲ့အနေအထားမျိုးရှိလာရင်လည်းသင်လျော်တဲ့ နိုင်ငံများဆီမှ လုပ်သားအင်အားထုကြီးကို မြန်မာနိုင်ငံပြည်တွင်းမှာ လုပ်ကိုင်နိုင်စေဖို့အထိ စီစဥ်ဆောင်ရွက်သွားနိုင်ဖို့အထိရည်ရွယ်ထားပါတယ်။(ပေါ်လစီအနေနဲ့ လူငယ်တွေပြည်ပထွက်ကုန်လို့ လွယ်လွယ်မထွက်ရအောင် PP ကိစ္စ မူလီ ကြပ်လိုက်တဲ့အမြင်တိုတောင်းတဲ့ပေါ်လစီမျိုးထက်.....နိုင်ငံပွင့်လင်းအောင်ပြုလုပ်ပြီး နိုင်ငံတစ်ကာနဲ့ ထိတွေ့ဆက်ဆံပြီးလုပ်သားအင်အားလိုအပ်ရင် ပြည်ပလုပ်သားအင်အားကို ရယူနိုင်တဲ့ ပေါ်လစီမျိုးက တိုင်းပြည်ကိုအမှန်အကျိုးဖြစ်ထွန်းစေမှာပါ။)(ဒါက ... တာဝန်ရှိတယ်ဆိုပြီး နေရာရယူထားတဲ့သူတွေက အထူးသတိပြုလုပ်ဆောင်ရမှာပါ။)
.
အရွေးခံလိုက်ရတဲ့ သမီးငယ် ( ၄ ) ဦးအနေနဲ့လည်း အချိန်တစ်ခု ဖြတ်သန်းပြီးရင် ဂျပန်ရောက်၊လုပ်ငန်းခွင်ဝင်၊ပြည်ပ လုပ်ငန်းခွင်အတွေ့အကြုံတွေဆည်းပူးပြီး ကျွမ်းကျင်အရည်အခြင်းပြည့်ဝတဲ့ စီနီယာကြီးတွေ၊စီမံကွပ်ကဲမှုတွေနဲ့လုပ်ငန်းလည်ပတ်မှုဖေါ်ဆောင်နိုင်တဲ့ အဆင့်ထိရောက်လာအောင်ကြိုးစားပေး၊လုံ့လစိုက်ထုတ်ကြရပါလိမ့်မယ်။
.
အချိန်တစ်ခုကျော်ဖြတ်ပြီးရင် မြန်မာပြည်ကြီးဟာ ပွင့်လင်းလာပြီး မြန်မာပညာရှင်တွေကို လိုအပ်တယ်ဆိုတဲ့အနေအထား ရောက်လာပါလိမ့်မယ်၊အဲဒီအချိန်မှာ နည်းပညာတွေ၊ဗဟုသုတတွေ၊လုပ်ငန်းခွင်အတွေ့အကြုံတွေ ပြည်စုံကြွယ်ဝနေတဲ့ သမီးတို့လို လူမျိုးတွေက တိုင်းပြည်ကို အဓိက ဆွဲခေါ်မောင်းနှင်ကြမယ့် အင်္ဂျင်စက်ကြီးအလားဖြစ်လာပါလိမ့်မယ်။
.
မိမိ တစ်ဦးတည်း အတွက်တင်မက တိုင်းပြည်အတွက်ပါ အကျိုးရှိစေဖို့ လုပ်ကိုင်နေတယ်ဆိုတဲ့ စိတ်ထားနဲ့ စိတ်ဓါတ်မြင့်မြင့်ခံယူချက်နဲ့ တောင်ပံဖွင့်ပြီး ပျံသန်းပေးကြပါသမီးတို့။
.
အဆင်‌ချောချောနဲ့ ဖြောင့်ဖြူးတဲ့ လမ်းကြောင်းလေးဖြစ်ပါစေလို့ဆန္ဒပြုပါတယ်။
.
ဒေါ် ခင်-စန္ဒာ၀င်း
အနှိုင်းမဲ့မေတ္တာ-ဂျပန်အလုပ်အကိုင်ဝန်ဆောင်မှု (Consultant)
ဂျပန်စာ၊စကား-သီးသန့်ကိုယ်စားလှယ်၀န်ဆောင်မှု
တောင်ဥက္ကလာပ/ရန်ကင်း/ဒဂုံဆိပ်ကမ်း
ရန်ကုန်မြို့။
ဖုန်း- 09-672585041, 09-770844556, 09-250143462, 09-255332027, 09-421193580
E-mail- mugenji10905@gmail.com

Thursday, February 23, 2023

 

"အနှိုင်းမဲ့မေတ္တာ" က ခင်းပေးလိုက်တဲ့ ဝန်ထမ်းသစ် ပျိုးထောင်ရေး ပရိုဂရမ်မှာ ပါဝင်ခွင့်ရပြီး အလုပ်အကိုင်ရရှိခြင်း၊အလုပ်အကိုင်ဆိုင်ရာပညာရပ်၊ဘာသာစကားတို့ကို သင်ယူခွင့်ရခြင်း၊သင်ကြားရေးကာလမှာတင် အလုပ်မလုပ်ရသေးဘဲနဲ့တင် လစာရရှိခြင်း စတဲ့ ကောင်းချက် ( ၃ ) ချက်နဲ့ ပြည့်စုံတဲ့ အနေအထားကို လက်ဆုပ်ကိုင်ကိုင် ပိုင်နိုင်ခွင့် ရတဲ့ သမီး တို့ကို ဂုဏ်ယူဝမ်းမြောက်ရပါတယ်လို့ပြောပါရစေ။
.
ပညာရပ်ကို အသုံးပြု အသက်မွေးဝမ်းကျောင်းမှု Career Life မှာထူးချွန်ပြောင်မြောက်တဲ့ အရည်အချင်းတွေပြည့်စုံတဲ့ သူတွေ ဖြစ်လာစေဖို့ ဆက်လက်ပြီး အပတ်တကုတ် ကြိုးစားသွားပေးကြပါလို့ ဆန္ဒပြုတိုက်တွန်းလိုက်ပါတယ်နော် သမီးတို့.......🥰🥰🥰
.
ဒေါ် ခင်-စန္ဒာ၀င်း
အနှိုင်းမဲ့မေတ္တာ-ဂျပန်အလုပ်အကိုင်ဝန်ဆောင်မှု (Consultant)
ဂျပန်စာ၊စကား-သီးသန့်ကိုယ်စားလှယ်၀န်ဆောင်မှု
တောင်ဥက္ကလာပ/ရန်ကင်း/ဒဂုံဆိပ်ကမ်း
ရန်ကုန်မြို့။
ဖုန်း- 09-672585041, 09-770844556, 09-250143462, 09-255332027, 09-421193580
E-mail- mugenji10905@gmail.com

Wednesday, February 22, 2023

 

Job Title 0138 (Production Line Operator)
(Production Of Machine Parts)
.
"အနှိုင်းမဲ့မေတ္တာ" က ဂျပန်ကို အလုပ်ဗီဇာနဲ့ သွားလုပ်လို့ရနိုင်မယ့် အခွင့်အရေးတွေ ကိုထပ်ခါထပ်ခါ ရှာဖွေလာပြီး စိတ်ဝင်စားသူ၊ပြည်ပထွက်အလုပ်လုပ်ချင်သူတွေ အတွက်ကော်ဇောနီလေးတွေအလားခင်းကျင်းပေးနေပါပြီ။🥰🥰🥰
.
ဂျပန်-Saga ဒေသဖက်မှာရှိတဲ့ ကြိတ်ချေစက်(Crushing Machine)တွေ ထုတ်လုပ်တဲ့ကုမ္ပဏီ ကြီးမှာ အဲဒီစက်တွေမှာအသုံးပြုမယ့် စက်ပစ္စည်းအစိတ်အပိုင်းတွေ တီထွင်၊ထုတ်လုပ်၊ရောင်းချ၊ပြုပြင်တဲ့ ကဏ္ဌတွေမှာ ပါဝင်လုပ်ကိုင်ရမှာပါ။
အဓိက က အစိတ်အပိုင်းတွေကို စက်ကိရိယာတွေနဲ့ တီထွင်ပြုလုပ်ထုတ်လုပ်ခြင်းဆိုတဲ့ လုပ်ငန်းစဥ်တွေပါဝင်တဲ့ ထုတ်လုပ်ရေးကဏ္ဌအလုပ်ဖြစ်ပါတယ်။Software Skill, ပွန်းစားဖြတ်တောက်၊အပေါက်ဖေါက်တဲ့ Machining Skill တွေလိုပါမယ်။လူသစ်တန်း ဖြစ်တဲ့အတွက် မကျွမ်းကျင်သေးရင်လည်း လေ့ကျင့်ယူရမှာပါ။
.
B.Tech, B.E, M.E နည်းပညာဘွဲ့ရတွေထဲက Mechanical Power လိုင်းသမားတွေအတွက် အထူးသင့်လျော်ပါမယ်။ကုမ္ပဏီဖက်က သူခန့်မယ့်ဝန်ထမ်း လုပ်သက်ရလာရင် အခြားနိုင်ငံများဆီသို့ Marketing ကိစ္စတွေ, Exhibition ပွဲတွေတက်ရောက်အကျယ်ချဲ့ဖို့တွေရည်ရွယ်တာမို့လို့ E-skill တွေလည်းအတန်အသင့်လိုအပ်ပါမယ်။(အသက်အပိုင်းအခြားလည်း ၃၅ နှစ်အထိဖြစ်တဲ့အတွက် စင်္ကာပူပြန်၊အခြားနိုင်ငံမှာ အလုပ်လုပ်ဖူးတဲ့သူတွေဆို ပိုအဆင်ပြေနိုင်ပါမယ်။)(ဂျပန်စာအနည်းငယ်ထပ်သင်ယုံလောက်သာလိုပါလိမ့်မယ်)။
.
လုပ်ရကိုင်ရမှာကတော့ စက်တွေနဲ့ဖြစ်ပါတယ်။
.
ခန့်အပ်မယ့် အရေအတွက်ကတော့ အမျိုးသား ( ၂ ) ဦးပါ။
.
ပုံမှန်‌ရေရှည်ဝန်ထမ်းအနေနဲ့ခန့်မှာပါ။အလုပ်ဗီဇာအမျိုးအစားနဲ့ပါ။
.
လိုအပ်အရည်အခြင်းကတော့ B.Tech, B.E, M.E နည်းပညာဘွဲ့တွေထဲက Mechnical, Metalluargy ဘွဲ့သမားတွေ ဘောင်ဝင်လျောက်ထားလို့ရပါမယ်။
.
စက်ပစ္စည်းထုတ်လုပ်ရေးအလုပ်အတွေ့အကြုံရှိတဲ့သူ၊စင်္ကာပူပြန်(ပြည်ပနိုင်ငံတစ်ခုခုတွင်အလုပ်လုပ်
ဖူးတယ်ဆိုရင်တော့ဖြင့် သေချာပေါက်အရွေးခံရဖို့အလားအလာများပါမယ်)။ဦးဆောင်တတ်ပြီးအများနဲ့ပူးပေါင်းညှိနှိုင်းလုပ်
ဆောင်တတ်သူဆိုရင်တော့ဖြင့်.......အတိုင်းထက်အလွန်ပါ။
.
အခြေခံလစာ- ယန်း ၁၈၀,၀၀၀~
ကုမ္ပဏီအဆောင်- နေထိုင်စရိတ်ခံစားခွင့် ယန်း ၁၅,၀၀၀ ရှိမည်။
အစမ်းခန့်ကာလ- ၃ လ (လစာမပြောင်းလဲပါ)
ကုမ္ပဏီနေ့လည်စာ- ထမင်းဗူးစနစ်ရှိ
တစ်နေ့ အလုပ်ချိန်- ၈ နာရီ+(နားချိန် ၇၀ မိနစ်)
ပိတ်ရက်များကတော့ စနေ၊တနင်္ဂနွေ၊နှစ်သစ်ကူး၊GW၊အိုဘွန်ပိတ်ရက်တွေရှိပါမယ်။(အလုပ်များကာလရှိတဲ့အတွက် တစ်နှစ်ကို စနေ ၅ ကြိမ်ခန့် အလုပ်ဆင်းရတာမျိုးရှိပါမယ်)။
လစာမှ ပြန်နှုတ်တာတွေက အခွန်၊လူမှုဖူလုံရေးကြေး၊ကျန်းမာရေးအာမခံ၊အလုပ်အာမခံ စတဲ့ မပေးဆောင်မနေရအရာတွေ ရှိပါမယ်။
အသားတင်လက်ရောက်ကတော့ ယန်း ၁၅၀,၀၀၀ ပတ်ခြာလည် ဖြစ်ပါမယ်။(မြန်မာငွေ သိန်း ၃၀ ကျော်ပါမယ်)
.
If you got some interest to apply this job.......please write.....
To apply Job Title 0138 ........and send us your CV to below e mail address.
.
mugenji10905@gmail.com
.
တိုင်ပင်ဆွေးနွေးအကြံရယူခြင်းဖြင့် မိမိလျောက်လှမ်းမည့်လမ်း လင်းလင်းထင်းထင်း စိတ်ချလက်ချ ရှေးရှုဦးတည်နိုင်ရန်အစဥ်ရည်ရွယ်လျက်.....................
.
ဒေါ် ခင်-စန္ဒာ၀င်း
အနှိုင်းမဲ့မေတ္တာ-ဂျပန်အလုပ်အကိုင်ဝန်ဆောင်မှု (Consultant)
ဂျပန်စာ၊စကား-သီးသန့်ကိုယ်စားလှယ်၀န်ဆောင်မှု
တောင်ဥက္ကလာပ/ရန်ကင်း/ဒဂုံဆိပ်ကမ်း
ရန်ကုန်မြို့။
ဖုန်း- 09-672585041, 09-770844556, 09-250143462, 09-255332027, 09-421193580
E-mail- mugenji10905@gmail.com

 

Tuesday, February 21, 2023

 

Job Title 0137 Machine Operator (Construction Steel materials production Operator)
.
"အနှိုင်းမဲ့မေတ္တာ" က ဂျပန်ကို အလုပ်ဗီဇာနဲ့ သွားလုပ်လို့ရနိုင်မယ့် အခွင့်အရေးတွေ ရော့ ယူလိုက်ပါဆိုပြီး ထပ်ခါထပ်ခါ ချပြနေပါပြီ။🥰🥰🥰
ဒီတစ်ခေါက်ကတော့ ဂျပန်-Miyagi ဒေသဖက်မှာရှိတဲ့ Steel Structure Construction Materials တွေ ထုတ်လုပ်တဲ့ကုမ္ပဏီ မှာ Machine Operator အနေနဲ့ လုပ်ကိုင်ရမှာပါ။
အဓိက အလုပ်ကတော့ သံဘောင်တွေ၊ယက်တန်းတွေ၊အဆစ်တွေ ကို တိုင်းထွာမယ်၊ဖြတ်တောက်မယ်၊အပေါက်ဖေါက်မယ်၊တပ်ဆင်မယ်၊ဂဟေဆော်မယ်၊ဆေးသုတ်မယ်၊စစ်ဆေးမယ်ဆိုတဲ့ လုပ်ငန်းစဥ်တွေပါဝင်တဲ့ အလုပ်ဖြစ်ပါတယ်။အလုပ်ခန့်ဖို့ ကျားမ မရွေးပါ လို့ ဆိုထားပေမယ့် အမျိုးသားနဲ့ပိုသင့်တော်မလား ထင်မြင်မိပါတယ်။ဒါပေမယ့် ကျားတွေနဲ့ ပြိုင် ပြီး အနှိုင်မခံအရှုံးမပေးစိတ်ဓါတ်ပြင်းတဲ့ ကျားကျာယားယား အမျိုးသမီးတွေလည်း ဝင်ပြီးလျောက်ထားနိုင်ပါတယ်။
လုပ်ရကိုင်ရမှာကတော့ စက်တွေနဲ့ဖြစ်ပါတယ်။
.
ခန့်အပ်မယ့် အရေအတွက်ကတော့ ( ၂ ) ဦးပါ။
.
ပုံမှန်‌ရေရှည်ဝန်ထမ်းအနေနဲ့ခန့်မှာပါ။အလုပ်ဗီဇာအမျိုးအစားနဲ့ပါ။
.
လိုအပ်အရည်အခြင်းကတော့ B.Tech, B.E, M.E နည်းပညာဘွဲ့တွေထဲက Civil, Archi, Mechnical, Metalluargy ဘွဲ့သမားတွေ ဘောင်ဝင်လျောက်ထားလို့ရပါမယ်။
.
Steel Structure Construction Material Production အလုပ်အတွေ့အကြုံရှိတဲ့သူဆိုရင်တော့ သေချာပေါက်အရွေးခံရဖို့အလားအလာများပါမယ်။လက်စလက်နကောင်းပြီးအများနဲ့ပူးပေါင်းညှိနှိုင်းလုပ်ဆောင်တတ်သူဆိုရင်တော့ဖြင့်.......အတိုင်းထက်အလွန်ပါ။
.
အခြေခံလစာ- ယန်း ၁၈၉,၂၀၀
ရက်မှန်ကြေး- +ယန်း ၁၀,၀၀၀
ကုမ္ပဏီအဆောင်- စီစဥ်ပေးမည်
အစမ်းခန့်ကာလ- ၃ လ (လစာမပြောင်းလဲပါ)
ကုမ္ပဏီနေ့လည်စာ- ထမင်းဗူးစနစ်ရှိ
တစ်နေ့ အလုပ်ချိန်- ၈ နာရီ+(နားချိန် ၈၀ မိနစ်)
ပိတ်ရက်များကတော့ နှစ်သစ်ကူး၊GW၊နွေရာသီပိတ်ရက်တွေအပြင်ကုမ္ပဏီပြက္ခဒိန်အရတစ်နှစ်ကို ၁၀၅ ရက်ခန့်ရှိပါမယ်။(တစ်ပတ် ၂ ရက်နှုန်းလောက်ရှိပါတယ်)
လစာတိုးတာတွေ၊
ဆုကြေးငွေတွေလည်းရှိပါတယ်။
အချိန်ပိုတွေလည်းရှိပါတယ်။ပျမ်းမျ တစ်လကို နာရီ ၃၀ ဝန်းကျင်ခန့်ပါ။(အချိန်ပိုကြေး မှန်းခြေ ယန်း ၃၀,၀၀၀ ခန့် မျှော်လင့်နိုင်ပါတယ်)
လစာမှ ပြန်နှုတ်တာတွေက အခွန်၊လူမှုဖူလုံရေးကြေး၊ကျန်းမာရေးအာမခံ၊အလုပ်အာမခံ စတဲ့ မပေးဆောင်မနေရအရာတွေ ရှိပါမယ်။
အသားတင်လက်ရောက်ကတော့ ယန်း ၁၅၀,၀၀၀ ပတ်ခြာလည် ဖြစ်ပါမယ်။(မြန်မာငွေ သိန်း ၃၀ ကျော်ပါမယ်)
.
If you got some interest to apply this job.......please write.....
To apply Job Title 0137 ........and send us your CV to below e mail address.
.
mugenji10905@gmail.com ⬅️⬅️⬅️
.
တိုင်ပင်ဆွေးနွေးအကြံရယူခြင်းဖြင့် မိမိလျောက်လှမ်းမည့်လမ်း လင်းလင်းထင်းထင်း စိတ်ချလက်ချ ရှေးရှုဦးတည်နိုင်ရန်အစဥ်ရည်ရွယ်လျက်.....................🥰🥰🥰✨✨✨
.
ဒေါ် ခင်-စန္ဒာ၀င်း
အနှိုင်းမဲ့မေတ္တာ-ဂျပန်အလုပ်အကိုင်ဝန်ဆောင်မှု (Consultant)
ဂျပန်စာ၊စကား-သီးသန့်ကိုယ်စားလှယ်၀န်ဆောင်မှု
တောင်ဥက္ကလာပ/ရန်ကင်း/ဒဂုံဆိပ်ကမ်း
ရန်ကုန်မြို့။
ဖုန်း- 09-672585041, 09-770844556, 09-250143462, 09-255332027, 09-421193580
E-mail- mugenji10905@gmail.com

 

Saturday, February 18, 2023

 

Job Title 0135 Car Maintenance Program (Training Camp>>>Interview>>>Agency Processing>>>Work at Japan)
.
ဂျပန်မှာ ကားပြုပြင်ထိမ်းသိမ်းရေး အလုပ်နဲ့ သွားရောက်လုပ်ကိုင်ရန်စိတ်ဝင်စားသူတို့အဖို့အတွက် အခွင့်အရေးကောင်း
တစ်ခုဖြစ်တည်လာပါပြီ။🥰🥰🥰
.
ရန်ကုန်အနီးမှာ ရှိတဲ့ လှိုင်သာယာ မှာ ဂျပန်အဆင့်မှီအဆင့်မြင့် ကားပြုပြင်ထိမ်းသိမ်းရေး သင်တန်းကျောင်း ကြီးတည်ရှိပါတယ်။ဘော်ဒါဆောင်အပါ နေစားငြိမ်း နေထိုင်ပြီး တက်ရောက်သင်ကြားရပါမယ်။စည်းကမ်းကြီးပြီး လိုက်နာပေးမှရပါမယ်။ပထမဦးဆုံး အဲဒီသင်တန်းကျောင်း ကို သင်တန်းကျောင်းဝင်ခွင့် ( Training Camp Entrance ) လျောက်ထားရပါမယ်။
.
"အနှိုင်းမဲ့မေတ္တာ" မှ တစ်ဆင့်လျောက်ထားရမှာဖြစ်ပါမယ်။🥰🥰🥰✨✨✨
.
လျောက်ထားကြတဲ့ သူတွေထဲမှာမှ သတ်မှတ်ချက်စည်းကမ်းများ၊ငွေကြေးကုန်ကျမှုဆိုင်ရာများ၊ကြာမြင့်မည့်အချိန်ကာလများကို သိရှိနားလည် အဆင်ပြေသူများကို ရွေးထုတ်ပြီးသင်တန်းကျောင်းနှင့် ထိတွေ့မိတ်ဆက်ပေးမည်ဖြစ်ပါသည်။သင်တန်းကျောင်းဖက်မှ အပတ်စဥ်လက်ခံသင်တန်းသားဦးရေ အကန့်အသတ်ရှိသည့်အတွက် အင်တာဗျူးစကာတင်လူရွေးသည့်အနေအထားအဆင့်ရှိပါဦးမည်။(အခက်ခဲဆုံးမှာ ဤအဆင့်ဖြစ်ပါမည်။)ဝင်ခွင့်အောင်မြင်သောအခါ ထိုသင်တန်းကျောင်းတွင် ကားပြုပြင်ထိမ်းသိမ်းရေးဆိုင်ရာ ပညာရပ်များသင်ယူပြီးသင်ယူဆဲကာလတွင် ဂျပန်ဖက်လုပ်ငန်းရှင်များနှင့် ထိတွေ့ အင်တာဗျူးများ ရှိပါမည်။ အလုပ်အင်တာဗျုးအောင်မြင်၍ ချိတ်ဆက်ထားသည့် တရားဝင်အေဂျင်စီတွင် စာရွက်စာတမ်းကိစ္စများလုပ်ဆောင်ပြီး၍သင်တန်းကာလလည်းပြီးစီး၊အေဂျင်စီစာရွက်စာတမ်းကိစ္စများလည်း ပြီးစီးလျင်ဂျပန်သို့ ကားပြုပြင်ထိမ်းသိမ်းရေး အလုပ်အမျိုးအစားဖြင့် တစ်ဆင့်ပြီးတစ်ဆင့် (အလုပ်သင်>>ကျွမ်းကျင်>>(ကျွမ်းကျင်ပညာရှင်(ဤအဆင့်မှာဘွဲ့ရထားရန်လို)) တည်ငြိမ်သည့် အသက်မွေးဝမ်း‌ကျောင်းအလုပ်အား လစာကောင်းကောင်းဖြင့်တရားဝင်သွားရောက်လုပ်ကိုင်နိုင်မည်ဖြစ်ပါသည်။
.
(ဂျပန်အဆင့်မှီအဆင့်မြင့်ကားပြုပြင်ထိမ်းသိမ်းရေးဆိုသည်မှာ မြန်မာပြည်အဆင့် ကားပြုပြင်ထိမ်းသိမ်းရေးအဆင့် မဟုတ်သည်ကို ဦးစွာနားလည်ထားပေးရပါမည်။မြန်မာပြည် ရှိ သာမာန် ကားဝပ်ရှော့တွင် အလုပ်လုပ်ရသည်မျိုးမဟုတ်မည်ကိုသတိပြုပါ။)(အေဂျင်စီမှ ပထမဦးဆုံး လုပ်ကိုင်မည့် ၃ နှစ်တာအတွက် လုပ်ကိုင်ဆောင်ရွက်ပေးမှာဖြစ်ပါတယ်။)(အေဂျင်စီဝန်ဆောင်ခ တတ်နိုင်သမျှ လျော့နည်းစေရန် ညှိနှိုင်းဆောင်ရွက်ထားပါသည်။)
.
စိတ်ဝင်စားသူတို့အဖို့ လိုအပ်ချက်အချက်များအနေဖြင့်.......
.
အမျိုးသား
အသက် ၁၈ မှ ၂၈ အတွင်း
အထက်တန်းအောင်ပြီးသူ
ဂျပန်စာ N-5 အဆင့်ပြီးစီးထားသူ
ကျန်းမာရေးကောင်းမွန်ပြည့်စုံသူ
ကုန်ကျစရိတ်အတွက်ငွေကြေးပြည့်စုံသူ
သင်တန်းကာလ အတွက် အချိန်လုံလောက်စွာပေးနိုင်သူ
အုပ်ထိမ်းသူများမှ ကြည်ဖြူခွင့်ပြုပေးထားခံရသူ
.
စတဲ့အချက်များနဲ့ပြည့်စုံသူဖြစ်ရပါမည်။
သင်တန်းကျောင်းအပိုင်းကဏ္ဌ၊အေဂျင်စီအပိုင်းကဏ္ဌ၊ဂျပန်ရှိအလုပ်ရှင်ကဏ္ဌ ဆိုသည့် အဓိက ကဏ္ဌ ၃ ခုရှိပါမည်။
သင်တန်းကျောင်းတွင် ကားပြုပြင်ထိမ်းသိမ်းမှုနှင့်ဆိုင်သည့်ပညာရပ်+ဂျပန်စာ(အကျဥ်း)
အေဂျင်စီတွင် တရားဝင်ပြည်ပ၌သွားရောက်လုပ်ကိုင်နိုင်သည့် စာရွက်စာတမ်းကိစ္စများ+ဂျပန်စာ(အကျယ်)
တို့အတွက်တာဝန်ယူလုပ်ဆောင်သွားကြမည်ဖြစ်ပြီး ကျသင့်မည့် စရိတ်စကမှာလည်း တစ်ကန့်စီ၊သီးခြားစီဖြစ်ပါမည်။
သင်တန်းကျောင်းအပိုင်းကဏ္ဌတွင် သင်တန်းကျောင်းဝင်ခွင့်ရပြီဆိုပါက (သင်တန်းကြေး+အဆောင်+စားစရိတ်အပါအဝင်) တို့ကို သင်တန်းကျောင်းတွင်ပေးသွင်းရမည်ဖြစ်ပါသည်။
ထိုမှ တစ်ဆင့် သင်တန်းကာလအတွင်း အလုပ်အင်တာဗျုးအောင်မြင်၍ အေဂျင်စီဆိုင်ရာစာရွက်စာတမ်းကိစ္စများ ဆောင်ရွက်ပြီးစီးကာ ဂျပန်သို့သွားရောက်ခါနီးတွင်(အေဂျင်စီ ကဏ္ဌအနေဖြင့်) အေဂျင်စီသို့ အေဂျင်စီဝန်ဆောင်ခ ပေးသွင်းရမည်ဖြစ်ပါသည်။
ကုန်ကျစရိတ်ပေးသွင်းရမှုတွင် ကြီးကြီးမားမားအနေဖြင့် ဤ ၂ ကြိမ်ရှိမည်ကို သိရှိထားရပါမည်။
အနှိုင်းမဲ့မေတ္တာ အနေဖြင့် အတတ်နိုင်ဆုံး ကုန်ကျစရိတ် အသက်သာဆုံးဖြင့် ရေရှည် ဂျပန်တွင်တည်ငြိမ်သော အလုပ်အကိုင်ကောင်းများရရှိနိုင်ရေးအတွက် စိတ်ဝင်စားသူအပေါင်းတို့အား ဖြစ်နိုင်သည့်လမ်းကြောင်းများ လမ်းဖောက်အလင်းပြလျက်ရှိနေပါသည်။လိုအပ်ချက်ပြည့်စုံသူတို့အဖို့ ယုံကြည်စိတ်ချစွာဖြင့် တိုင်ပင်အကြံဉာဏ်ရယူပြီးလိုရာလမ်းလျောက်လှမ်းနိုင်ပါသည်။
.
လျောက်ထားလိုပါက .......e mail ၏ subject နေရာတွင် To Apply Car Maintenance Job ဟုရေး၍ မိမိ၏ CV အား ပေးပို့ရန်လိုအပ်ပါမည်။
.
အချိန်ဇယားအနေဖြင့် အောက်ပါအတိုင်းရှိပါမည်။
.
သင်တန်းကျောင်းဝင်ခွင့် လူတွေ့အင်တာဗျူး ............... မတ်လ ၃-၄ ရက်
ဝင်ခွင့်အောင်စာရင်း ထုတ်ပြန်နေ့ .....................................မတ်လ ၇ ရက်
ဝင်ခွင့်ရသူများအား တွေ့ဆုံရှင်းလင်းပွဲ ............................မတ်လ ၁၁ ရက်
သင်တန်းကြေးပေးသွင်းရက် .............................................မတ်လ ၁၇ ရက်
သင်တန်းစတင်မည့်ရက် .....................................................ဧပြီလ ၂၁ ရက်
.
(ဖေဖေါ်ဝါရီလကုန်ရက် နောက်ဆုံးထား CV ပေးပို့ရန် လိုအပ်ပါမည်။)
.
(ကုန်ကျစရိတ်များအား mugenji10905@gmail.com အီးမေးလ်မှလည်းကောင်း၊ ( 09-255557022 Viber / 09-250143462 Viber) မှလည်းကောင်း စုံစမ်းမေးမြန်းမှုများဖြေကြားပေးပါမည်။)
.
တိုင်ပင်ဆွေးနွေးအကြံရယူခြင်းဖြင့် မိမိလျောက်လှမ်းမည့်လမ်း လင်းလင်းထင်းထင်း စိတ်ချလက်ချ ရှေးရှုဦးတည်နိုင်ရန်အစဥ်ရည်ရွယ်လျက်.....................🥰🥰🥰✨✨✨
.
ဒေါ် ခင်-စန္ဒာ၀င်း
အနှိုင်းမဲ့မေတ္တာ-ဂျပန်အလုပ်အကိုင်ဝန်ဆောင်မှု (Consultant)
ဂျပန်စာ၊စကား-သီးသန့်ကိုယ်စားလှယ်၀န်ဆောင်မှု
တောင်ဥက္ကလာပ/ရန်ကင်း/ဒဂုံဆိပ်ကမ်း
ရန်ကုန်မြို့။
ဖုန်း- 09-672585041, 09-770844556, 09-250143462, 09-255332027, 09-421193580
E-mail- mugenji10905@gmail.com

အနှိုင်းမဲ့မေတ္တာ မှ.....ခေါ်ယူပါမယ်။ . ဂျပန် ဘိုးဘွားပြုစု ခိုင်းဂေါ့ (ကျွမ်းကျင်တိုခုတေး)(အေဂျင်စီသင်တန်းဝင်ခွင့်) -မိန်းကလေးသီးသန့် ဖြစ်ရ...